နိရဉ္စရာ၊ဖေဖော်ဝါရီ ၁/၂၀၂၃
၇ခိုင်ပြည်နယ်၊ စစ်တွေမြို့ပြည်တော်ရပ်ကွက်ရှိ ခိုင်သဇင်ပန်းခြံအနီးတွင် ယနေ့ညနေ လေးနာရီခွဲခန့်ကလမ်းသွားလမ်းလာ သက်လတ်ပိုင်းအမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်သားများမှဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိ၇သည်။
ဖမ်းဆီးခံ၇သူမှာအသက် ၃၀ ဝန်းကျင် သက်လတ်ပိုင်းအမျိုးသားတစ်ဖြစ်ပြီ
"အဲဒီအောက်ကလူတစ်ယောက်ကို ဖမ်းသွားတယ်။လူတွေအုံပြီးကြည့်နေကြတာကို မြင်လိုက်တယ်။ ဘောင်းဘီနဲ့တီရှပ်ဝတ်ထားတာသူက။အတိအကျတော့ မသိလိုက်၇ဘူး။ မြင်တာကတော့ အဲဒီနားက သူတစ်ယောက်ကိုဖမ်းသွားပြီးစစ်ကားထက်ကိုတင်သွားတယ်။ စစ်ကားတွေရော၊ ရဲကားတွေပါပါတယ်"ဟုပြောသည်။
နောက်ထပ်ဒေသခံတစ်ဦးက" တံတားအောက်နားမှာရှိနေတာကို ဆင်းဖမ်းသွားတာ။ တခြားတော့အထွေအထူးမရှိဘူး။ သူကတော့လူလတ်ပိုင်း။ချောင်းမှာငါးရှာ၊ မြုံးထောင်လာတဲ့သူထင်တယ်။ မျက်နှာတွေမှာလည်းရွှံ့တွေပေနေတယ်" ဟုပြောသည်။
အဆိုပါဖမ်းဆီးခံ၇သည့် သက်လတ်ပိုင်းအမျိုးသားသည် မည်သူမည်ဝါဖြစ်ကြောင်းကိုနိရဉ္စရာအနေဖြင့်သီးခြားအတည်ပြု