နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁/ ၂၀၂၃
တိုင်းပြည်၏ အခြေအနေမှာ သာမန်မဟုတ်သည့် အခြေအနေဟုဆိုကာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ဖေဖော်ဝါရီ ၁ရက်နေ့ကစကာ နောက်ထပ်သက်တမ်း ၆ လ တိုးမြှင့်ကာ အာဏာ အပ်နှံလိုက်ကြောင်း သိရှိ၇သည်။
အခြေခံ ဥပဒေ ပုဒ်မ၄၂၅ အ၇ နိုင်ငံတော်သမ္မတသည် ကာကွယ်ရေးဦးစီးချုပ်ထံ သာမန်အားဖြင့် နိုင်ငံတော် အာဏာကို ၂ နှစ်အထိသာအပ်နှင်းခွင့်ရှိသော်လည်း ယခုအခါ “သာမန်မဟုတ်သည့်”အခြေအနေဖြစ်သည်ဟု ဆိုကာစစ်ကောင်စီဥက္ကဋ္ဌကိုနိုင်ငံတော်၏ အာဏာသုံးရပ်ကို ယခုကဲ့သို့နောက်ထပ်သက်တမ်း ၆ လ တိုးမြှင့်အပ်နှံရန် ဇန်နဝါရီ၃၁ ရက်က ပြုလုပ်သည့် ကာလုံအစည်းအဝေး ဆုံးဖြတ်ခဲ့သည်ဟု သိ၇သည်။
၂၀၀၈-အခြေခံ ဥပဒေပုဒ်မ၄၂၅ တွင် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ပြည်ထောင်စုလွှတ်တော် သက်တမ်းကုန်ဆုံးသွားချိန်တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ၎င်းအားပေးအပ်ထားသည့် တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်ခြင်းမပြုနိုင်သေးသဖြ
ယမန်နေ့က စစ်ကောင်စီဥက္ကဌရုံးအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည့် နိုင်ငံတော် ကာကွယ်ရေးနှင့်လုံခြုံ ရေး အစည်းအဝေးတွင် တက်ရောက်လာသူများက နိုင်ငံတော်မှာသာမန်အခြေအနေမဟုတ်ဟု ဆွေးနွေးခဲ့ကြ ပြီး NUG,CRPHနှင့် PDF တို့မှာ တိုင်းပြည်အလုံးစုံပျက်သုံးရေးကို လုပ်ဆောင်နေပြီး တိုင်းပြည် အာဏာကိုအကြမ်းဖက်နည်းလမ်းဖြင့် ရယူရန် ကြိုးစားနေသည်ဟု စစ်ကောင်စီ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။