Preview

၇နောင်းလ၀ကအချုပ်က လွတ်ရက်စေ့ပြီး ၄ လကျော်အထက် မြန်မာနိုင်ငံသားများကို ကော့သောင်သို့ ပြန်ပို့

ဖေဖော်ဝါရီ ၀၂/ ၂၀၂၃ | ကြည့်ရှုသူ :8122
ရခိုင် သတင်း

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂/၂၀၂၃

 

ထိုင်းနိုင်ငံ (တောင်ပိုင်း)၊ ၇နောင်းမြို့ကလ၀ကအချုပ်တွင် အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံ ပြီး လွတ်ရက်စေ့ မြန်မာနိုင်ငံသားများအားယနေ့တွင် ကော့သောင်သို့ စတင်ပြန်ပို့နေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

 

ယနေ့ဖေဖော်ဝါရီလ ၂ ရက်နေ့ မနက်ပိုင်းတွင်လွတ်ရက်စေ့ပြီး မြန်မာအမျိုးသား ၅၃၄ ဦးနှင့် အမျိုးသမီး ၁၃၆ ဦးကို ရနောင်း ရေဆိပ်မှတဆင့် မြန်မာ ကော့သောင်းဘက်ခြမ်းသို့ ပြန်လည် ပို့ဆောင်ခဲ့ကြောင်းသိရှိ၇သည်။

 

မြန်မာနိုင်ငံသားများအားပြန်လည် လက်ခံရေးကို  ကောင့်သောင်းဘက်ခြမ်းတွင်လ၀က၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ထွေအုပ်နှင့် အခြားသက်ဆိုင်ရာဌာနများမှ စီစဉ်ဆောင်ရွက်ခဲ့ကြောင်း သိရှိ၇သည်။

 

၎င်းအချုပ်ကျသူများအား လွတ်ရက်စေ့သော်လည်း မြန်မာနိုင်ငံသို့ပြန်လည် မပို့ဆောင်ပေးခဲ့သည့် အတွက် ဇန်နဝါရီ ၂၈ ရက်နေ့ အချုပ်အတွင်း ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ကြကြောင်း သိရှိ၇သည်။

 

အဆိုပါဆန္ဒထုတ်ဖော်ခဲ့မှုကြောင့် ထိုင်း - မြန်မာ သက်ဆိုင်ရာ အာဏာပိုင်များဖြင့် တွေ့ဆုံပြီးလွတ်ရက်စေ့ပြီး နေရပ်ပြန်ရန်စောင့်ဆိုင်းနေသူများကို ဖေဖော်ဝါရီလ ပထမ ပတ်အတွင်း ပြန်လည်ပို့ဆောင်ပေးမည်ဟုညှိနှိုင်းခဲ့ကြောင်း ပြစ်ဒဏ်ကျခံသူများက ပြောသည်။

 

ကျနော်တို့ဆို လွတ်ရက်က ၄ ၊ ၅ လကျော်နေပြီ တစ်ချို့ဆို ၇ လ ၈ လထဲတောင် ရောက်နေပြီ ပြီးခဲ့တဲ့ လ က ဆန္ဒပြတယ်ဆိုတာကလည်း အဲ့လို ကြာနေလို့ပြစ်ဒဏ်လည်း ပြည့်ပြီးတာကို မလွတ်ပေးလို့ပြန်မပို့ပေးလို့ဆန္ဒဖော်ထုတ်ခဲ့ကြတယ်။ အခုတော့ ပြန်ပို့တော့ ဝမ်းသာ၇ပါတယ်" ုလွတ်ရက်စေ့ မြန်မာရွှေ့ပြောင်းအလုပ်သမား တစ်ဦးက ပြောသည်။

 

ထိုင်းနိုင်ငံဘက်ခြမ်းတွင်မြန်မာလူမျိုးများ ဖမ်းဆီးခံမှုများတွင် ၈၀ ရာခိုင်နှုန်း အထက်သည် တရားမဝင် နည်းလမ်းဖြင့်ဝင်ရောက်လာသည့်အတွက် ဖြစ်ကြောင်း အချုပ်လွတ် စာရင်းဇယားတွေအရ သိရှိ၇သည်။

 

(NN –25)

ဓာတ်ပုံ- ရနောင်း ရေဆိပ်တွင် ကော့သောင်းဘက်ခြမ်း ပြန်လည်ပို့ဆောင်မည့် အချုပ်လွတ် မြန်မာနိုင်ငံသားများ

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.