Preview

ယခင်နယ်လုံဝန်ကြီး အငြိမ်းစားဗိုလ်မှူးကြီးထိန်လင်းကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် အဖြစ်ခန့်အပ်ခြင်းသည် စစ်အုပ်ချုပ်ရေးကို အပီအပြင် အကောင်အထည် ဖော်ဆောင်လို၍ဖြစ်ဟုဆို

ဖေဖော်ဝါရီ ၀၂/ ၂၀၂၃ | ကြည့်ရှုသူ :1202
ရခိုင် သတင်း

နိရဥ္စရာ၊ဖေဖော်ဝါရီ ၂/၂၀၂၃

 

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်တာဝန်ကို ရခိုင်အရပ်သားများကိုနှစ်အတန်ငယ်ကြာ ခန့်အပ်နေရာမှ စစ်ကောင်စီက လက်ရှိ စစ်တပ်အမာခံ အငြိမ်းစားဗိုလ်မှူးကြီးတစ်ဦးကိုအစားထိုးခန့်အပ်ခြင်းသည် စစ်အုပ်ချုပ်ရေးဖြင့် ရခိုင်ကို ပီပီပြင်ပြင် အုပ်ချုပ်လို၍ဖြစ်ကြောင်း ရခိုင်နိုင်ငံရေး အသိုင်းအဝိုင်းမှ သုံးသပ်ပြောဆိုသည်။

 

အရပ်သားဝန်ကြီးချုပ်နေရာတွင် ယခင်နယ်လုံဝန်ကြီး အငြိမ်းစားဗိုလ်မှူးကြီးထိန်လင်းကို ၇ခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်သဖြင့် ၇ခိုင်ပြည်တွင်  လှုပ်ရှားနေသည့် အဖွဲ့အစည်းအားလုံးနှင့်  တော်လှန်ရေး အင်အားစုများဖြင့် အထူးသတိထားပြီး လုပ်ကိုင် လှုပ်ရှား၇မည်ဟု မြင်မိကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ( ALD) အတွင်းရေးမှူး ဦးမျိုးကျော်က ပြောကြားသည်။

 

"၇ခိုင်ပြည်ကို စစ်ရေးအ၇ ပိုပြီး မဟာဗျူဟာမြောက် ဖိနှိပ်မှုတွေပြုလုပ်ဖို့ အကွက်ဆင်လာတယ်လို့ မြင်တယ်။အရပ်သားမဟုတ်ဘဲ အရင်နယ်လုံဟောင်းကို ဝန်ကြီးချုပ်နေရာကို ပေးတယ်ဆိုကတည်းကသူတို့မှာ တကယ့်အခိုင်အမာလူကို ၇ခိုင်ပြည်မှာချတာလေ။ သူတို့အုပ်ချုပ်ရေးက  စစ်ရေးအမြင်နဲ့ သွားမှာ။ ဆိုတော့ စစ်ရေးအပိုင်းမှာ  ပိုပြီးအရေးကြီးလာမယ်လို့ မြင်တယ်။ အထူးသဖြင့် ရခိုင်ပြည်သူတွေရဲ့ လုံခြုံရေးပိုင်းဆိုင်ရာကိစ္စ၊၇ခိုင်ပြည်မှာ လှုပ်ရှားနေတဲ့အဖွဲ့အစည်းအားလုံးတော်လှန်ရေးအင်အားစုတွေအနေနဲ့ အင်မတန်သတိထားပြီးလုပ်ကိုင်လှုပ်ရှား၇မယ်လို့မြင်တယ်" ဟု ပြောဆိုသည်။

 

ရခိုင်ဝါရင့်နိုင်ငံရေးသမားလည်းဖြစ် မြေပုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကလည်း နယ်လုံဝန်ကြီးဟောင်း တစ်ဦးကို ရခိုင်ကို အုပ်ချုပ်ရန် တာဝန်ပေးခြင်းသည်စစ်အုပ်ချုပ်ရေးဖြင့် တင်းတင်းကျပ်ကျပ် အုပ်ချုပ်ရန် ရည်ရွယ်ပုံ၇သည်ဟု ပြောဆိုသည်။

 

"တကယ်လို့ တိုက်ပွဲတွေ ပြန်ဖြစ်လာရင်  ဒီထက်တင်းတင်းမာမာဆက်ဆံလာမယ့်သဘော ၇ခိုင်ပြည်အုပ်ချုပ်ရေးအပိုင်းမှာ ပိုပြီးတင်းကျပ်လာမယ့် သဘောလို့ သုံးသပ်ပြောဆိုလို၇တယ်။ပြည်နယ်  ဖွံ့ြိုးရေးလုပ်ငန်းတွေမှာ  အရင်ထက် လူထုကို အကျပ်ကိုင်ပြီး ပြည်သူတွေကို ဒုက္ခပေးလာအုံးမယ်။ ဒါကြောင့်လည်း ၇ခိုင်ဝန်ကြီးချုပ်နေရာမှာ ရခိုင်လူမျိုးအရပ်သားတွေကိုဖယ်ထုတ်ပြီး ဒီဗိုလ်မှူးကြီးဟောင်း တစ်ယောက်ကို အစားထိုးတာလည်း ဖြစ်နိုင်ပါတယ်" ဟု ပြောသည်။

 

၎င်းပြင် ယခုအသစ်ဝန်ကြီးဖြစ်လာသူ ဦးထိန်လင်းသည် ရခိုင်ပြည်နယ်တွင်နှစ်အတန်ကြာ စစ်ဘက်တွင် တာဝန်ထမ်းဆောင်ခဲ့သလို နယ်လုံဝန်ကြီးအဖြစ်လည်း (ရ) နှစ်ထိ တာဝန်ယူခဲ့သူဖြစ်သဖြင့်ရခိုင်အကြောင်းကို သိသူဖြစ်၍ စစ်အုပ်ချုပ်ရေးကို ယခင်ဝန်ကြီးများထက် ပီပီပြင်ပြင် လုပ်နိုင်မည့်သူဖြစ်၍ ခန့်အပ်ခြင်းဖြစ်ကြောင်း ဦးဖေသန်းက ဆက်လက် သုံးသပ်ပြောဆိုသည်။

 

" ဦးထိန်လင်းက ဝန်ကြီးချုပ်အနေနဲ့က ၇ခိုင်ပြည်နယ်မှာလည်းတစ်ဖက်က ဗိုလ်မှူးကြီးထိန်လင်းက နယ်လုံဝန်ကြီးလည်းလုပ်ခဲ့တယ်။ရခိုင်ပြည်ရဲ့အခြေအနေကိုလည်း သိတယ်ဆိုတဲ့ သဘောမျိုး  နောက်ပြီးတော့ စစ်တပ်က ခေါင်းဆောင်တစ်ယောက်ကိုခုလို အရေးကြီးတဲ့ ရခိုင်ဝန်ကြီးချုပ်နေရာမှာ ထည့်ခြင်းအားဖြင့်ပိုပြီး စစ်အုပ်ချုပ်ရေးကိုလည်းပီပီပြင်ပြင်လုပ်လာနိုင်မယ့်သဘောထားမျိုးလို့ မြင်တွေ့၇ပါတယ်" ဟု ပြောသည်။

 

စစ်ကောင်စီက ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဟောင်း ဦးထိန်လင်းအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၄၁၉ အရ  ၇ခိုင်ပြည်နယ်ဝန်ကြီးချုပ်အနေနှင့် ခန့်အပ်ကြောင်းယမန်နေ့ ဖေဖော်ဝါရီ(၁) ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးလက်မှတ်ဖြင့်ထုတ်ပြန်သည်။ 

 

အငြိမ်းစားဗိုလ်မှူးကြီး ထိန်လင်းသည် ရခိုင်ပြည်နယ်တွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ်၂၀၁၁ ခုနှစ်မှ ၂၀၁၇ ခုနှစ် အထိ တာဝန်ယူခဲ့ဖူးသူ ဖြစ်ပြီး စစ်ရေးအချက်အချာကျသည့် ဘူးသီးတောင်နှင့် မောင်တောဘက်တွင်လည်း  တပ်မတော် အရာရှိတဦးအဖြစ် ကာလရှည်တာဝန်ထမ်းဆောင်ဖူးသူ ဖြစ်သည်ဟု သိ၇သည်။


ဦးထိန်လင်းအား မြန်မာစစ်တပ်က အနားယူပြီးနောက် ၂၀၂၀တ်၃၁ ရက်က ယခင် နိုင်ငံတော်သမ္မတဦးဝင်းမြင့်၏ အမိန့်ဖြင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အကြံပြုတင်ပြနိုင်ရန် နိုင်ငံတော် သမ္မတရုံး၏ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခဲ့သေးသည်။

၎င်းသည် ၂၀၂၀ ခုနှစ် မေ ၂၀ ရက်တွင်နိုင်ငံတော်သမ္မတရုံး၏ အကြံပေး လုပ်ငန်း တာဝန်များကိုစတင် ထမ်းဆောင်ခဲ့ည်ဟုလည်း သိရှိ၇သည်။

ပုံစာ- ၂၀၁၆ ခုနှစ် မေလ ၁၁ ရက်နေ့က နယ်လုံဝန်ကြီး ဗိုလ်မှူးကြီထိန်လင်းကို ရခိုင်ပြည်နယ် လွှတ်တော်တွင် တွေ့၇စဉ်/နိရဉ္စရာ

#စစ်ကောင်စီ#အကြမ်းဖက်#ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.