Preview

ပုဏ္ဏားကျွန်းတွင် ဦးရာဇ်မြေကဗျာရွတ်ဖတ်ပွဲပြုလုပ်

ဖေဖော်ဝါရီ ၀၃/ ၂၀၂၃ | ကြည့်ရှုသူ :1878
ရခိုင် သတင်း

နိရဉ္စရာ၊ဖေဖော်ဝါရီ /၂၀၂၃

 

ရခိုင်ပြည်နယ်၊ပုဏ္ဏားကျွန်းမြို့တွင် ဦးရာဇ်မြေကဗျာရွတ်ဖတ်ပွဲတစ်ခုကို ယမန်နေ့ညနေပိုင်းကကျင်းပခဲ့သည်ဟု သိ၇သည်။

 

အဆိုပါကဗျာရွတ်ဖတ်ပွဲကိုပုဏ္ဏားကျွန်းမြို့ရှိ  ဂူ၀ဘုရားရင်ပြင်တော်၌ညနေ ၂နာရီခွဲမှ ညနေ ၄

နာရီအချိန်ထိကျင်းပပြုလုပ်ခဲ့သည်။

 

ကဗျာရွတ်ဖတ်ပွဲကိုကျင်းပ၇ခြင်းမှာ စာပေလှုပ်ရှားမှုပုံရိပ်တစ်ချို့ကိုဦးရာဇ်မြေမဂ္ဂဇင်းအမှတ်(၄)၌ ထည့်သွင်းရန်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တွင် စာပေ၊ ကဗျာ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ကျင်းပခဲ့ခြင်း ဖြစ်သည်ဟု ဦးရာဇ်မြေကဗျာရွတ်ဖတ်ပွဲကိုစီစဥ်ဦးဆောင်ခဲ့သည့် ဆရာကစ္ဆပလူထူးက ပြောသည်။

 

"ဒီဦးရာဇ်မြေကဗျာရွတ်ဖတ်ပွဲကိုကျင်းပရတာကစာပေလှုပ်ရှားမူတစ်ခုလို့လည်းပြောလို့ရတယ်။ ပြီးတော့ နောက်ထုတ်မယ့်ဦးရာဇ်မြေမဂ္ဂဇင်းအမှတ်(၁၄)မှာလည်း ဒီကဗျာရွတ်ဖတ်ပွဲကပုံရိပ်တချို့ကိုထည့်သုံးချင်တာလည်းပါတယ်။ တစ်ခြားမြို့နယ်တွေလိုပုဏ္ဏားကျွန်းမှာလည်း ကဗျာစာပေတိုးတက်စေဖို့အတွက် ဒီကဗျာရွတ်ဖတ်ပွဲကိုလုပ်ဖြစ်ခဲ့တာပါ" ဟု ပြောသည်။

 

ကဗျာရွတ်ဖတ်ပွဲကျင်းပခြင်းနှင့်ပတ်သတ်၍စစ်တွေကဗျာဝိုင်းကိုယ်စားပြု တက်ရောက် ကဗျာရွတ်ဖတ်ခဲ့သည့်ဆရာဘုန်းမြတ်ကျော်ကလည်း သူ၏အမြင်ကို ယခုလို ပြောသည်။

 

"ဒီလိုကဗျာရွတ်ပွဲတွေကျင်းပတာကကောင်းတဲ့လက္ခဏာတစ်ရပ်လို့မြင်တယ်။၇ခိုင်မြို့နယ်အားလုံးမှာကျင်းပနိုင်ရင်တော့ပိုကောင်းတာပေါ့။ဘာလို့ဆို ရခိုင်လူငယ်တွေက ကိုယ့်၇ခိုင်စာပေကို ထိန်းသိမ်းဖို့လိုအပ်တယ်။ဒီလိုကဗျာရွတ်ပွဲတွေမှာတော့ လူငယ်တွေပါဝင်မှုအခန်းကဏ္ဍကတော့ အားနည်တယ်။ပူးပေါင်းပါဝင်ဖို့လည်းလိုအပ်တယ်။ မြို့နယ်တိုင်းလိုလို ရခိုင်စာပေလှုပ်ရှားမှု တစ်ခုအနေနဲ့ ကဗျာရွတ်ပွဲတွေကျင်းပစေချင် တယ်။ကျင်းပဖို့လည်းလိုအပ်တယ်" ဟု ပြော သည်။

 

ယင်းဦးရာဇ်မြေကဗျာရွတ်ဖတ်ပွဲကို စစ်တွေ၊ပုဏ္ဏားကျွန်းနှင့်ကျောက်တော်မြို့နယ်များမှ စာပေဝါသနာပါသူစုစုပေါင်းလူဦးရေ(၂၀) ကျော်ခန့်တက်ရောက်ခဲ့ကြကာ တက်ရောက် လာသူများက ကဗျာများ အသီးသီးရွတ်ဖတ်ခဲ့ကြသည်ဟုသိ၇သည်။(NN-12)

 

(ဓာတ်ပုံ- ဆရာကစ္ဆပလူထူး)

 

#စာပေရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.