Preview

မောင်တောမြို့နယ် ခမောင်းဆိပ်ကျေးရွာတွင် ၅တန်းကျောင်းသားတစ်ဦး စစ်ကျန်ဗုံးသီးပေါက်ကွဲ၍ သေဆုံး

ဖေဖော်ဝါရီ ၀၃/ ၂၀၂၃ | ကြည့်ရှုသူ :9856
ရခိုင် သတင်း

နိရဉ္စရာ၊ဖေဖော်ဝါရီ ၃/၂၀၂၃

 

၇ခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းခမောင်းဆိပ်ကျေးရွာတွင် လူငယ်တစ်ဦး ယမန်နေ့ ဖေဖော်ဝါရီလ ၂ ရက်၊နေ့လယ်ကငှက်ကိုင်းထောင်ရန်သွားရာမှ မြေတွင်မြုပ်နေသည့် စစ်ကျန် ဗုံးသီးဟောင်းတစ်လုံး ပေါက်ကွဲ၍သေဆုံးသွားကြောင်း သိ၇သည်။

 

သေဆုံးသွားသူမှာ ခမောင်းဆိပ်ကျေးရွာနေငါးတန်းကျောင်းသား မောင်ကျော်စိုး (၁၃နှစ်)ဖြစ်သည်။

 

မည်သို့ မည်ပုံ ဗုံးသီးပေါက်ကွဲသွားသည်ကို သေချာမသိ၇သော်လည်းမြေတွင်မြုပ်နေသည့် ဗုံးသီးဖြစ်ကြောင်း ကျေးရွာသားများကပြောသည်။

 

ဗုံးသီကို ကိုင်ပြီးဆွဲနုတ်သလား။ ပါလာတဲ့ ဓားနဲ့ ဗုံးသီးကိုခေါက်ကြည့်လို့ ဗုံးသီးကွဲတာလား။ ဘယ်သူမှ မမြင်လိုက်တော့ တပ်အပ်မပြောနိုင်ဘူး။ လာစစ်ဆေးတဲ့ရဲနဲ့ စစ်တပ်ကတော့ ဗုံးသီးကွဲတာလို့ ပြောတယ်။ ဗုံးသီးပေါက်ကွဲတဲ့ အဲဒီတွင်းက တစ်ပေ တ်လည် အကျယ်လောက်ရှိပါတယ်။ အဲဒီအနားမှာဘဲသူက ပက်လက်လန်ပြီး သေနေပါတယ်။ ဦးခေါင်၊ မျက်နာ၊ လက် အကုန်လုံးမှာ ဒဏ်ရာတွေ ပြည့်နေပါတယ်  ဟုပြောကြားသည်။

 

၎င်းလူငယ်သည်  ဖခင်ဖြစ်သူနှင့်မိသားစုများ မောင်တောသို့ သွားနေစဉ် အဘွားဖြစ်သူနှင့် အိမ်တွင်ကျန်နေခဲ့ပြီး  လေးမြို့ ကေသီ မြောင်တွင်ငှက်ကိုင်းထောင်ရန်သွားစဉ်၎င်းဖြစ်ရပ်ဆိုးနှင့် ကြုံခဲ့၇သည်ဟု ဖခင်ဖြစ်သူက ပြောသည်။

 

"ကျွန်တော့်သားက အသက် ၁၃နှစ်ပဲ ရှိပါသေးတယ်။၅ တန်းတက်နေပါတယ်။ အခုလို သားုံးသွားတော့ကျွန်တော် မခံစားနိုင်အောင် နာကျင်၇ပါတယ်။ ကျွန်တော် မ်းနည်းလို့လည်းမဆုံးတော့ပါဘူး"ဟုပြောသည်။

 

အဆိုပါလူငယ်အားယနေ့နေ့လယ်ပိုင်းတွင် ခမောင်းဆိပ်သုသာန်တွင်သဂြိုလ်သွားမည်ဖြစ်ကြောင်းသိ၇သည်။

 

(NN-8)

#စစ်ကျန်လက်နက်ခဲယမ်းမီးကျောက်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.