နိရဥ္စရာ၊ဖေဖော်ဝါရီ ၃/ ၂၀၂၃။
ဖေဖော်ဝါရီ ၂ ရက်နေ့တွင်ကျရောက်သည့် စစ်အာဏာသိမ်း ၂နှစ်ပြည့်နေ့ တွင် စစ်ကိုင်းတိုင်း၊ ရွှေဘိုနှင့်ဒီပဲယင်းတွင် စစ်ကောင်စီဆန့်ကျင်ကြောင်း လူအင်အားထောင်ချီပါဝင်ကာ ဆန္ဒထုတ်ဖော်ခဲ့သည်ဟု သတင်းရရှိသည်။
ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်ခဲ့သူ အမျိုးသမီးတစ်ဦးက"ရွာတွေမီးရှို့တာလည်း ဒင်းတို့ဘဲ၊ မဲလိမ်မဲခိုးတယ်ဆိုတယ်လို့ စွပ်စွဲတာလည်း ဒင်းတို့ ပါးစပ်ပေါက်တွေဘဲ၊ ဆန္ဒပြတဲ့သူတွေကိုပဲကြည့်လိုက်လေ။ ဒင်းတို့ထောက်ခံတဲ့သူ ဘယ်လောက်ရှိလဲဆိုတာ ဦးနှောက်ရှိတဲ့ လူတိုင်းသိတယ်"ဟုပြောသည်။
အဆိုပါဒေသများတွင် စစ်အာဏာရှင်အမြစ်ပြုတ်ကျဆုံးရေး ဆန္ဒဖော်ထုတ်ပွဲများကို နေ့စဉ် လူအင်အား ဆယ်ဂဏန်းဖြင့် ကွက်ကျားပြုလုပ်မှုများသာ ယခင်ရှိခဲ့ပြီး ယမန့်နေ့ စစ်တပ် အာဏာသိမ်းနေ့တွင် လူအင်းအားအမြောက်အမြား ပူးပေါင်းကာ စစ်ကောင်စီကို ဆန့်ကျင် ဆန္ဒပြခဲ့ကြသည်ဟု ဆိုသည်။
ယမန်နေ့ ဆန္ဒထုတ်ဖော်မှုများတွင်တော်လှန်ရေး အင်အားစုများ၊ ဒေသတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင်များကလည်း ပူးပေါင်းပါဝင် ဝန်းရံမှုများပြုလုပ်ပေးခဲ့ကြောင်းသိရှိ၇သည်။
" ဖေဖော်ဝါရီ ၁ ရက်နေ့က တစ်နိုင်ငံလုံး အသံတိတ်သပိတ်ကြတော့ မလုပ်ဖြစ်ခဲ့ဘူး။ နောက်တစ်နေ့ကျမှ လုပ်ဖြစ်တာပါ။ သူတို့ကိုမလိုလားတဲ့ကျမတို့လို လူမျိုးတွေကနေရာတိုင်းမှာပဲလေ၊ တစ်ယောက်စနှစ်ယောက်စကနေဆန္ဒဖော်ထုတ်နေတာကနေ အခုလိုလူထောင်ချီ အထိ ဖြစ်လာခဲ့တာအား၇တယ်။ မအလ ပြုတ်ချိန်တန်ပြီလေ"ဟုဆန္ဒထုတ်ဖော်မှုတွင်ပါဝင်ခဲ့သည့်
စစ်ကိုင်းတိုင်းသည် စစ်ကောင်စီအာဏာသိမ်းမှုကို အပြင်းထန်ဆုံး ကန့်ကွက် ဆန့်ကျင်နေသည့်တိုင်းဒေသကြီး တစ်ခုဖြင်ပြီး အင်းတော်၊ဗန်းမောက်၊ ကောလင်း၊ ပင်လယ်ဘူး၊ မြောင်၊ ဆားလင်းကြီး၊ ပုလဲ၊ယင်းမာပင်၊ ခင်ဦး၊ တန့်ဆည်နှင့် ရေဦးမြို့နယ်တို့ ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး နယ်မြေမျာအဖြစ် ဖေဖော်ဝါရီလ ၂ ရက်က ထုတ်ပြန် ကြေညာထားသည်။ (NN- 25)