နိရဥ္စရာ၊ဖေဖော်ဝါရီ ၃/၂၀၂၃
နှစ်ဖက် အပစ်အခတ်ရပ်စဲထားသည့် ကာလအတွင်း စစ်ကောင်စီသည် ၇ခိုင်တွင် စစ်လက်နက် ရိက္ခာအင်အား ဖြည့်တင်း
ကျောက်တော်မြို့မှအမည်မဖော်လိုသည့် ရပ်မိရပ်ဖတစ်ဦးက “ အခုလို နှစ်ဘက်သဘောတူညီချက်နဲ့ အပစ်ရပ်ထားတဲ့ကာလမှာ တစ်ဖက်နဲ့ တစ်ဖက် ယုံကြည်မှုတွေ တည်ဆောက်ရမယ့်အစား စစ်တပ်က စစ်လက်နက်ကအစ အင်အားဖြည့်နေတာကို တွေ့နေရတယ်။ ဒီမှာရှိတဲ့ အရပ်သားဦးလေးတို့လိုလူတွေအနေနဲ့ ဒီအပစ်ရပ်စဲထားတာကို ပိုပြီးခိုင်မာအောင်လုပ်စေချင်တယ်။ အခုအချိန်မျိုးမှာတစ်ဖက်နဲ့ တစ်ဖက် သံသယဝင်အောင် မလုပ်သင့်ဘူးလို့တော့မြင်တယ်”ဟု ပြောဆိုသည်။
ယခုရက်ပိုင်းအတွင်း ကျောက်တော်မြို့ပေါ်ရှိ တချို့ ဌာနဆိုင်ရာရုံးရှေ့များနှင့် ဈေးအနီးအနား၊ ဆေးရုံနားတို့တွင်မှာ လက်နက်ကြီးအပါအဝင် လက်နက်ငယ်များကိုင်ဆောင်ထားသည့် စစ်သားများကို မြင်တွေ့ရ၍တစ်ခုခုဖြစ်မည်လားဟု တွေးတောကာ စိုးရိမ်ပူပန်မိသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။
“ ဒီရက်ပိုင်းတွေမှာ သူတို့စစ်သားတွေကို မြင်လာရတယ်။နောက်ပြီး စောင့်ကြည့်မှုလို့ပြော၇မလား။ အရင်ကလိုစစ်ဆေးမေးမြန်းတာမရှိပေမယ့် သုံးလေးငါးယောက်လောက်စီ ဟိုနားဒီနားတွေမှာပြည်သူတွေရဲ့လှုပ်ရှားမှုကို စောင့်ကြည့်နေတာမျိုးတွေရှိတယ်။ဒီအတွက် ပြန်စိုးရိမ်မိတယ်"
၂၀၂၂ ခုနှစ်၊နိုဝင်ဘာ ၂၆ ရက်က ရက္ခိုင့်တပ်တော်(AA) နှင့် စစ်ကောင်စီတို့ နှစ်ဘက်အလွတ်သဘောအပစ်အခတ် ရပ်စဲခဲ့ပြီးနောက်စစ်ကောင်စီသည်ကုန်းလမ်း၊ ရေလမ်းတို့ဖြင့်စစ်လက်နက်၊ ရိက္ခာ၊ အင်အားများ ဆက်တိုက်ဖြည့်တင်းလျ
တောင်ကုတ်မြို့နယ်အတွင်းတွင်လည်း စစ်သားများ စခန်းချနေထိုင်မှုများနှင့်တစ်ရွာဝင်တစ်ရွာထွက် စစ်ကြောင်း လှည့်လည်မှုများရှိနေကြောင်း ဒေသခံများကပြောသည်။
တောင်ကုတ်မြို့နယ်၊ ကုလရောင်ကျေးရွာသို့ဇန်နဝါရီ (၃၁) ရက်နေ့ မနက်ပိုင်းကရောက်ရှိလာသည့် တပ်သား (၂၅)ယောက်ခန့်ပါသည့် စစ်ကြောင်းသည် ဘုန်းကြီးကျောင်းတွင် စခန်းချနေထိုင်မှုများ ရှိခဲ့ကြောင်း ရွာသားတစ်ဦးက ပြောသည်။
"သူတို့က လက်နက်အပြည့်အစုံနဲ့စကခ(၅)က တပ်သားတွေလို့သိ၇တယ်။ ဘာမှမေးတာစစ်တာတော့ မရှိဘူး။ဘုန်းကြီးကျောင်းမှာပဲ သီးသန့်နေနေကြတယ်။ စစ်သားတွေကတော့ တစ်ညအိပ်၊ နှစ်ညအိပ်ရောက်လာလိုက် ပြန်သွားလိုက်နဲ့။ ဟိုရက်ပိုင်းကဆို နေမကောင်းတဲ့လူတွေကိုဆေးကု ပေးတာမျိုးတွေပါရှိခဲ့ပါတယ်။"
တောင်ကုတ်မြို့နယ်၊ ခူးတိုက်နယ်၊ခရိုင်ကျေးရွာတွင်လည်း သံတွဲ (၅၅) တပ်ရင်းမှ စစ်ကားနှစ်စီးဖြင့် တပ်သား (၄၀) ခန့်သည် ဇန်နဝါရီလ ၂ရရက်ကတည်းက ရောက်ရှိပြီးယခုချိန်ထိ ဘုန်းတော်ကြီးကျောင်းတွင် တပ်စွဲလျက်ရှိကြောင်း ကျေးရွာသားများကပြောသည်။
ယင်းအပြင် ရမ်းဗြဲမြို့နယ်၊မြေပုံကျေးရွာမှာ တပ်စွဲစခန်းချခဲ့သည့် စစ်ကောင်စီတပ်သား (၃၅)ဦးခန့်သည် ပုန်းဆိုးပြင် ကျေးရွာကိုဖေဖော်ဝါ (၁) ရက်နေ့ ကရောက်ရှိလာကာ ကျေးရွာထဲ ကင်းပုန်းဝပ်မှုများရှိခဲ့သည်ဟု ဆိုသည်။
"မြေပုံရွာကလာတဲ့ စစ်သားတွေလို့ သိရတယ်။ သူတို့ ရွာကို ရောက်ပြီး သေသွားစစ်တပ်ဗိုလ်ကြီးဟောင်းဦးကျော်မြ
သံတွဲမြို့နယ်၊ နတ်မော်အုပ်စုနှင့် ဆင်ခေါင်းအုပ်စုကိုလည်း ကိုဗစ်ကာကွယ်ဆေးထိုးပေးရန် စစ်ကောင်စီတပ်သားများရောက်ရှိလျက်ရှိသည်ဟု ကျေးရွာသားများက ပြောသည်။
ရမ်းဗြဲ၊ သံတွဲ၊တောင်ကုတ်မြို့နယ်တို့တွင် တစ်ရွာဝင်တစ်ရွာထွက် ကိုဗစ်ကာကွယ်ဆေးထိုးမှုများကိုစစ်တပ်က လုပ်ဆောင်နေမှုမှာ နယ်မြေစိုးမိုးမှုပြန်လည်ရယူချ
"သူတို့အနေနဲ့ကိုဗစ်ကာကွယ်ဆေးကိုအကြောင်းပြပြီ
ယင်းအပြင် မြောက်ဦး၊စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော ၊ မင်းပြား နှင့် မြေပုံမြို့နယ်တို့တွင်လည်းစစ်ကောင်က လက်နက်ရိက္ခာဖြည့်တင်းမှုများကို
" မြေပုံ ကန်သာ ဂိတ်နားမှာဒီနေ့တစ်ရက်ဆို သုံးလေးရက်ရှိပြီ။စစ်ဆေးတာ စစ်သားတွေအပြင် တပ်ပေါင်းအဖွဲ့ပါ။ မနက်ပိုင်းစောစောကနေဘေးတွဲတွေ၊ ဆိုင်ကယ်တွေကို ဘောက်စ်တွေ အကုန်ဖွင့်စစ်ပါတယ်"
၇ခိုင်တွင်စစ်ကောင်စီနှင့် အေအေတို့ အကြား ယာယီအပစ်အခတ်ရပ်စဲထားသော်လည်းစာရွက်စာတမ်းနှင့် လက်မှတ်ရေးထိုးထားသည့်သဘောတူညီမှုမျို
"နှစ်ဖက်လုံးက ဒီအခွင့်အရေးကိုယူပြီး ကိုယ့်ရဲ့အင်အား၊ ကိုယ့်ရဲ့စစ်ရေးတည်ဆောက်မှု၊ အုပ်ချုပ်ရေး တည်ဆောက်မှုကိုတော့လုပ်ကြမှာပဲ။ ဒါကအထူးပြောစရာမလိုဘူး။ သို့သော် နောက်ထပ်တစ်ကြိမ်စစ်ရေးတင်းမာလာပြီး ပြန်လို့တိုက်ပွဲဖြစ်ဖို့ကိုတော့