Preview

စစ်တွေမြို့တွင် အသတ်ခံခဲ့ရသည့်မနွယ်သန္တာဝင်းအမှု၌ ကျူးလွန်သူကအပြစ်ရှိကြောင်းဝန်ခံ၊ ရက္ခိုင်ပြည်သူ့အစိုးရတရားရုံးက တရားခံကို ကြိုးဒဏ်အမိန့်ချ

ဖေဖော်ဝါရီ ၀၃/ ၂၀၂၃ | ကြည့်ရှုသူ :10098
ရခိုင် သတင်း

နိရဥ္စရာ၊ဖေဖော်ဝါရီ ၃/၂၀၂၃

စစ်တွေမြို့မှ လူသိများသည့် လူသတ်မှုတစ်ခုဖြစ်သော နွယ်သန္တာဝင်းအမှုတွင် ကျူးလွန်သူက ဝန်ခံခဲ့ပြီးနောက် တရားခံအားမသေမချင်းကြိုးကွင်းစွပ်သတ်ရန်  ရက္ခိုင်ပြည်သူ့အစိုး၇ တရားရုံးကအမိန့်ချမှတ်လိုက်ကြောင်းရက္ခိုင့်တပ်တော်(AA)၏ပြောရေးဆိုခွင့်၇ှိသူ  ဦးခိုင်သုခက နိရဥ္စရာကို ပြောသည်။

"အမိန့်ချမှတ်တဲ့ စာသားအပြည့်အစုံကတော့စစ်တွေမြို့ ၊ ပြည်တော်သာရပ်ကွက်နေ အဘ ဦးထွန်းကျော်၏သားဖြစ်သူတရားခံမျိုးမြင့်ဇော်အား ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁ (ဂ)အ၇ မသေမချင်းကြိုးကွင်းစွပ်သတ်စေဆိုပြီး ဖြစ်ပါတယ်" ဟု ပြောသည်။

စစ်တွေမြို့တွင်လူစိတ်ဝင်စားမှုအများဆုံးအမှုတစ်ခုဖြစ်သည့် မနွယ်သန္တာဝင်းသတ်ဖြတ်ခံရမှုတွင် လူသတ်တရားခံဖြစ်သူ Luminous ဆိုင်မန်နေဂျာမျိုးမြင့်ဇော်(ဘ/ဦးထွန်းကျော်) ကို ယနေ့ ဖေဖော်ဝါရီ ၃ ရက် နံနက် ၁၀နာရီကျော်တွင် ရက္ခိုင်ပြည်သူ့အစိုးရ၏ ဒေသအဆင့်တရားရုံးက အပြီးသတ် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်းဦးခိုင်သုခက ပြောသည်။

"ကျနော်တို့စစ်ဆေးချက်တွေအရ တရားခံက ပြစ်မှုကျူးလွန်တာလုံး၀ထင်ရှားပါတယ်။ ဒါကြောင့်သူ့ကိုရာဇသတ်ကြီးပုဒ်မ ၃၀၂/၁(ဂ)အ၇ ကျနော်တို့ စွဲချက်တင်ခဲ့တာဖြစ်ပါတယ်။ဒီနေ့တရားရုံးမှာ အမှုကို အပြီးသတ်စီရင်ချက်ချတဲ့နေ့မှာလည်း တရားလိုဘက်က၊တရားခံဘက်က နောက် လေ့လာသူတွေ စုံစုံညီညီတက်ရောက်ကြပါတယ်" ဟု ပြောဆိုသည်။

မနွယ်သန္တာဝင်းသတ်ဖြတ်ခံ၇မှုကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလ၂၂ ရက်နေ့တွင် စတင်လက်ခံရရှိကာတရားရုံးလုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျစုံစမ်းစစ်ဆေးခဲ့ပြီးမှ ယနေ့ဖေဖော်ဝါရီ ၃ ရက်နေ့တွင် အပြီးသတ်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပြီးတရားရုံး၏လုပ်ထုံး၊ လုပ်နည်းနှင့်အညီ တရားရုံးချုပ်ကို အယူခံဆက်တက်နိုင်ရန်အတွက်တရားခံကို အခွင့်အရေးပေးထားကြောင်းဦးခိုင်သုခကပြောသည်။

" အခုချမှတ်တဲ့ပြစ်ဒဏ်နဲ့ပတ်သက်ပြီးတရားခံကို တရားရုံးရဲ့လုပ်ထုံး၊ လုပ်နည်းနဲ့အညီ တရားရုံးချုပ်ကိုအယူခံဆက်တက်နိုင်ဖို့အတွက်လည်း ကျနော်တို့အခွင့်အရေးပေးထားပါတယ်"ဟုပြောသည်။ 

တရားခံအနေနှင့်လည်းယခုအမှုနှင့်ပတ်သက်ပြီး ပြစ်မှုကျူးလွန်ခဲ့သည်ဟု ကိုယ်တိုင်ဝန်ခံထားသည်ဟုလည်း ၎င်းက ပြောဆိုသည်။

အသက် ၁၈နှစ်အရွယ် မနွယ်သန္တာဝင်းသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင်စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်၊ မေယုလမ်းရှိ Luminous ပလက်စတစ်ပစ္စည်ဆိုင်မှာအလုပ်လုပ်ကိုင်ရင်း ရက်ရက်စက်စက်လုပ်ကြံ သတ်ဖြတ်ခံခဲ့၇ခြင်းဖြစ်သည်။ 

စစ်တွေရဲတပ်ဖွဲ့  ယခုအမှုနှင့် ပတ်သက်ပြီး အသက် ၁၉ နှစ်အရွယ်မောင်မျိုးချစ်စိုးကို သံသယနှင့် ဖမ်းဆီးစစ်ဆေးမှုများလုပ်ဆောင်ခဲ့သော်လည်း မောင်မျိုးချစ်စိုးမှာအပြစ်တစ်စုံတစ်ရာမရှိသည့်အတွက် ဇန်နဝါရီလ ၂၇ ရက်နေ့တွင်လွှတ်မြောက်လာခဲ့သည်။(NN-7)

#အေအေ/စစ်ရေး/ နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.