Preview

မြန်မာ့အရေးကို အဆင့်သုံးဆင့်ဖြင့် ချဉ်းကပ်အဖြေရှာသွားမည်ဟု အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးပြောကြား

ဖေဖော်ဝါရီ ၀၄/ ၂၀၂၃ | ကြည့်ရှုသူ :8765
ရခိုင် သတင်း

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၄  

 

အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်လာသောအင်ဒိုနီးရှား အနေဖြင့် မြန်မာ့အရေးကို အဆင့်သုံးဆင့်ဖြင့်ချဉ်းကပ်အဖြေရှာသွားမည်ဟုလည်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာဆူဒီက ဆိုသည်။

 

အာဆီယံညှိနှိုင်းတိုင်ပင်ရေး ကောင်စီ ( Asean Coordinating Council ) အစည်းအဝေးကိုဖေဖော်ဝါရီလ(၃)ရက်က အင်ဒိုနီးရှားနိုင်ငံတွင် စတင်ကျင်းပစဉ် မာဆူဒီကယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

 

"ပထမအဆင့်အနေနဲ့အားလုံးပါဝင်တဲ့ အမျိုးသားဆင့် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ပေါ်လာဖို့ပါဝင် ပတ်သက်နေကြတဲ့ အဖွဲ့အစည်းပေါင်းစုံနဲ့ ထိတွေ့ဆက်ဆံသွားမယ်။ ဒုတိယအဆင့်အနေနဲ့ဒီလိုတွေ့ဆုံဆွေးနွေးပွဲဖြစ်လာဖို့ လိုအပ်တဲ့ခိုင်မာတည်တံ့တဲ့ ပတ်ဝန်းကျင်အခြေအနေတစ်ခု ဖန်တီးဖို့လိုတယ်။ ဒါက နှစ်ဖက်အကြမ်းဖက်မှုတွေ လျှော့ချရေးနဲ့လူသားချင်းဆိုင်ရာအကူအညီတွေ အဆက်မပြတ်ပေးဖို့ပါ။တတိယအဆင့်အနေနဲ့ကတော့ အာဆီယံနိုင်ငံတွေ၊ ဆက်စပ်ပတ်သက်နေတဲ့ နိုင်ငံတွေ၊မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်အပါဝင် နိုင်ငံတွေက တစ်ညီတညွတ်တည်း ပူးပေါင်းတွန်းအားပေးဖို့ဖြစ်တယ်" ဟု မာဆူဒက ရှင်းပြသည်။

 

မြန်မာ့အကျပ်အတည်းဖြေရှင်းရေးမှာ" အားလုံးပါဝင်သည့် အမျိုးသားဆင့် တွေ့ဆုံဆွေးနွေးရေး"( Inclusive national dialogue ) သည် အဓိက အခရာကျကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နို မာဆူဒီက ပြောကြားသည်။

 

မြန်မာစစ်ကောင်စီကအရပ်သားအစိုးရကို ဖယ်ရှားပြီး နှစ် နှစ်ပြည့်သည့်အချိန်နှင့်ယခုအစည်းအဝေးကျင်းပချိန်မှာ တိုက်ဆိုင်နေသည်။

 

အစည်းအဝေးကို မြန်မာနိုင်ငံမှအပ ကျန်အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။

 

အင်ဒိုနီးရှားကတင်ပြသည့် " အားလုံးပါဝင်သည့် အမျိုးသား တွေ့ဆုံဆွေးနွေးရေး"Inclusive National Dialogue အစီအစဉ်အပေါ် တက်ရောက်လာသည့်နိုင်ငံခြားရေးဝန်ကြီးအားလုံးကလည်း သဘောတူ ထောက်ခံခဲ့ကြောင်း၃၂ ကြိမ်မြောက် အာဆီယံညှိနှိုင်းတိုင်ပင်ရေးကောင်စီအစည်းအဝေးအပြီးသတင်းထောက်များနှင့် တွေ့ဆုံစဉ် မာဆူဒီကပြောကြားခဲ့သည်။

 

" မြန်မာနိုင်ငံရဲ့ပြဿနာတွေကို ငြိမ်းချမ်းစွာ အဖြေရှာဖို့ မျက်နှာစုံညီ တွေ့ဆုံဆွေးနွေးရေး(inclusive dialogue) ဟာ အဓိက ကျပါတယ်။ ဒီလို တွေ့ဆုံဆွေးနွေးမှုတွေဖြစ်လာစေဖို့ ခိုင်မာတဲ့ ပတ်ဝန်းကျင် အခြေအနေတစ်ခုကို အကြမ်းဖက်တိုက်ခိုက်မှုတွေလျှော့ချပြီး အချိန်ကိုက် လူသားချင်းစာနာမှု အကူအညီတွေပေးအပ်ပြီး တည်ဆောက်ဖို့လိုပါတယ်"

 

 " ဘုံသဘောတူညီချက်ငါးရပ်နဲ့အညီ မြန်မာ့အရေးကို အဖြေရှာဖို့ အားလုံးက သဘောတူခဲ့ကြတယ်" ဟု မာဆူဒီကပြောကြားခဲ့သည်။

 

ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို က ထိပ်တန်းဗိုလ်ချုပ်တစ်ဦးကိုမြန်မာနိုင်ငံသို့ စေလွှတ်ပြီး အင်ဒိုနီးရှားနိုင်ငံ၏အောင်မြင်သော ဒီမိုကရေစီအကူးအပြောင်းကို မြန်မာစစ်ဗိုလ်ချုပ်များအားရှင်းပြရန် စီစဉ်နေသည်ဟုဆိုသည်။

 

သို့သော် အဆိုပါကိစ္စနှင့် ပတ်သက်ပြီးနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် ဆွေးနွေးခဲ့ခြင်းမရှိခဲ့ဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန အထက်တန်းအရာရှိတစ်ဦးကပြောကြားသည်။

 

NN27, Ref:cna


ပုံစာ- အာဆီယံညှိနှိုင်းတိုင်ပင်ရေး ကောင်စီအစည်းအဝေးတွင် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးရက်နို မာဆူဒီ နှင့် တီမောလက်စ်တီ နိုင်ငံခြားရေးဝန်ကြီးအဒယ်ဂျီဇာမက်ဂနိုတို့တွေ့ဆုံကြစဉ်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.