နိရဉ္စရာ၊ဖေဖော်ဝါရီ ၄/၂၀၂၃
ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်၊ သရက်အုပ်စစ်ဘေးရှောင်စခန်းတွင် သောက်သုံးရေရှားပါးပြီး
မသန့်ရှင်းသည့်ရေကို သောက်သုံးနေ၇သဖြင့် ကျန်းမာရေးထိခိုက်မည်ကိုစိုးရိမ်နေရသည်ဟု စစ်ဘေးရှောင်များက ပြောကြားသည်။
" ကန်မှာက ရေခမ်းလာတော့ ရေကတော့ ရွံ့နစ်တွေနဲ့ နောက်ကျိနေတယ်။မတတ်သာလို့သာ သောက်နေရတာ။ရေကအဆင်မပြေဘူး။ ဒီလိုရေကို နေ့စဉ် ဆက်သောက်မိရင် ဝမ်းရောဂါ ဖြစ်မှာလည်း စိုးရိမ်နေကြ၇တယ်။ တစ်ခြားရောဂါတွေလည်းဖြစ်နိုင်တယ်"ဟု ပြောသည်။
သရက်အုပ်စစ်ဘေးရှောင်စခန်းကိုယခုနှစ်ဇန်နဝါရီလအစောပိုင်းလောက်က သရက်အုပ်ကျေးရွာရှိ နွားစားကျက်ကွင်းတွင်တည်ဆောက်ထားခြင်းဖြစ်ပြီး အများစုမှာ တိုက်ပွဲဖြစ်ပွားခဲ့သည့် ကျောက်တော်နှင့် ပလက်၀မြို့နယ်တို့ကဖြစ်ကြသည်။ လက်ရှိအိမ်ထောင်စု ၃၇၀ စု၊ လူဦးရေ စုစုပေါင်း၁၉၅၄ ဦး ၎င်းစခန်းတွင် နေထိုင်နေကြောင်း သိ၇သည်။
ထိုသို့ ကန်ရေ နောက်ကျိနေသဖြင့် စခန်းအနီးအနားရှိ ပီကောက်ချောင်းမှ ချောင်းရေကိုသွားရောက်ခတ်ယူ သုံးစွဲနေရကာ သောက်ရေမှာလည်း အဆိုပါချောင်းအနီးတွင် တွင်းတူးကာ ထားသည့် ရေတွင်းမှရေကိုသောက်ရေအဖြစ်အသုံးပြုနေရခြင်းဖြစ်သည်ဟု သိ၇သည်။
သို့သော်လည်းအဆိုပါတွင်းမှရေအလုံလောက်မရရှိသည့်အပြင် ရေနည်းပါးနေ၍ရေများနောက်
ကျိနေခြင်း၊ရွံ့နံ့များရရှိခြင်းတို့ကြောင့် ဝမ်းပျက်၊ ဝမ်းလျှော့ရောဂါဖြစ်ပွားရန်ကိုလည်းစိုးရိမ်နေကြသည်ဟု စခန်းတာဝန်ခံဦးမောင်ထွန်းခိုင်က ပြောသည်။
"ရေကပီကောက်ချောင်းကရေကို သုံးကြတယ်။ အဲ့ချောင်းရေကလည်း နောက်ကျိနေတယ်။ သောက်ရေကတော့ချောင်းအနီးမှာရေတွင်းတူးထားရာကနေသောက်ကြတယ်။ ရေက နောက်ကျိနေတာပဲ။ ရွံ့နံ့တွေတောင်၇တယ်။ခမ်းလည်းခမ်းလာနေပြီ။ နွေရာသီလည်း ရောက်လာပြီဆိုတော့ ဒီရေတွေသောက်မိလို့ ဝမ်းပျက်ဝမ်းလျှော့ဖြစ်မှာလည်းစိုးတယ်။ သရက်အုပ်ရွာမှာတော့ ကန်တွေရှိတယ်။ ရွာကကန်နဲ့စစ်ရှောင်စခန်းက ၁မိုင်ကျော် ကျော်လောက်ဝေးတယ်။စခန်းမှာကန်ကမရှိသေးဘူး။ တူးနေဆဲပဲရှိသေးတယ်" ဟု ပြောသည်။
စခန်းရှိလူဦးရေများပြားမှုကြောင့်သရက်အုပ်စစ်ဘေးရှောင်စခန်းတွင် သောက်ရေကန်အဖြစ် အသုံးပြုနေကြသည့် ရေတွင်းများတွင်ရေများခမ်းခြောက်နည်းပါးလာ၍ ရေများနောက်ကျိနေကာ သောက်သုံးရန်အတွက်အဆင်မပြေဖြစ်နေသည်ဟု သရက်အုပ်စစ်ဘေးရှောင်စခန်းရှိ စစ်ဘေးရှောင် များက ပြောသည်။ ( NN-12)