Preview

စစ်ကိုင်းတိုင်းက စစ်ကောင်စီအခြေစိုက် စခန်းတစ်ခုကို ပြောက်ကျားတပ်ဖွဲ့တစ်ခုက ဝင်ရောက်တိုက်ခိုက်မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၀၄/ ၂၀၂၃ | ကြည့်ရှုသူ :3924
ရခိုင် သတင်း

နိရဥ္စရာ၊ဖေဖော်ဝါရီ ၄/ ၂၀၂၃

 

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ထီးဆောင်းကျေးရွာ က စစ်ကောင်စီ အခြေစိုက် စခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်မီးရှို့ဖျက်ဆီးခဲ့ပြီး လက်နက်ခဲယမ်းများသိမ်းဆည်း၇မိခဲ့ကြောင်းZero ပြောက်ကျားတပ်ဖွဲ့က ပြောသည်။ 

 

" သူတို့ွေက ထွက်ပြေးသွားတယ်။စခန်းထဲ သေတဲ့ကောင်ကတော့ သေကုန်တာပေါ့။ ကျနော်တို့ရဲဘော် (၂) ဦးကတော့ မစိုးရိမ်ရပါဘူး။ထိခိုက်ဒဏ်ရာတော့၇ခဲ့တယ်။ မလသား တချို့ကထွက်ပြေးတယ်။စခန်းမီးရှို့ထားခဲ့လိုက်တယ်"ဟု တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။ 

 

အဆိုပါစခန်းကို ဖေဖော်ဝါရီ(၄) ရက်နေ့ ယနေ့မနက်ပိုင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး အဖွဲ့မှ (၂) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီတပ်သား အလောင်း (၁၅) လောင်းတွေ့ရှိခဲ့ကြောင်းကိုလည်း ပြောဆိုထားသည်။ 

 

စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့်ရမ်းသမ်း ပြစ်ခတ်မှုကြောင့် ဒေသခံ ပြည်တစ်ဦး အသက်ဆုံးရှုံးခဲ့ကြောင်းကိုလည်းZero ပြောက်ကျားတပ်ဖွဲ့က ပြောသည်။ 

 

သိမ်းဆည်းရရှိမှုအနေဖြင့်MA3 (၁)လက်၊ ကျည်ဘောက်(၁)ခု၊ ၅.၅၆ ကျည် (၁၈)တောင့်၊ ကဘိုင်တ(၁)လက်၊ ကျည်ဘောက် (၃)ခု၊ကာဘိုင်ကျည် (၁၀၄)တောင့်၊ 9 ball (ကိုးလုံးကျည်)(၇၆)တောင့်နှင့်စစ်သုံးပစ္စည်းများအား သိမ်းဆည်းရခဲ့ကြောင်း သိ၇သည်။

 

၎င်းစခန်းအား တိုက်ခိုက်သိမ်းပိုက်မှုအားZero ပြောက်ကျားတပ်ဖွဲ့ တပ်ရင်း(ရ)မြင်းခြံခရိုင်၊တပ်ရင်း(၁၉)ရွှေဘိုခရိုင်၊ တပ်ရင်း(၂)စစ်ကိုင်းခရိုင်၊ တပ်ခွဲ(၂)GTR(မြင်းမူ)နှင့် တပ်ရင်း(၁) ကျောက်ဆည်ခရိုင်၊ နဂါးနီ(ကျောက်ဆည်)တို့မှ ပူးပေါင်း စစ်ဆင်ရေးပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ 

 

ဓာတ်ပုံ- သိမ်းဆည်းရမိ လက်နက်ခဲယမ်းများနှင့် စခန်း မီးရှို့ဖျက်စီးခဲ့မှု (ZERO ပြောက်ကျားတပ်ဖွဲ့တပ်ရင်း-၇)

#လက်နက်ကိုင်တော်လှန်ရေး#စစ်ကောင်စီ# မြန်မာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.