Preview

“ ပြန်ရန်လည်းအခက်၊နေရန်လည်းအခက်” ကြုံနေရဟု ပုဏ္ဏားကျွန်းမြို့နယ်ကံသစ်စစ်ဘေးရှောင်များပြောဆို

ဖေဖော်ဝါရီ ၀၄/ ၂၀၂၃ | ကြည့်ရှုသူ :2230
ရခိုင် သတင်း

နိရဉ္စရာ၊ ဖေဖော်ဝါရီ /၂၀၂၃

၇ခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် အထက်မြတ်လှဲအုပ်စု ကံသစ်ကျေးရွာရှိ ကံသစ်စစ်ဘေးရှောင်စခန်းတွင် နေထိုင်လျက်ရှိသည့် စစ်ဘေးရှောင် ၂၀၀ ခန့်မှာ ရွာသို့ ပြန်ရန် အခက်အခဲကြုံနေ၇သလို စခန်းတွင် ဆက်လက်လက် နေထိုင်မည်ဆိုပါကလည်း စားဝတ်နေရေး အဆင်မပြေမှုနှင့် ရင်ဆိုင်နေ၇သည်ဟု စစ်ဘေးရှောင်များက ပြောဆိုသည်။

 လက်ရှိ ရွာကိုပြန်ဖို့က ကျွန်တော်တို့ ဗုဒ္ဓေါကျေးရွာအနီးအနားဝန်းကျင်မှာ မြန်မာစစ်တပ်က စခန်းချ နေထိုင်မှုရှိတော့ ရွာသားတွေက ရွာကို မပြန်ရဲဘူး။ စစ်ဘေးရှောင်စခန်းမှာ ဆက်နေ၇မယ် ဆိုပြန်တော့လည်း  စားဝတ်နေရေးကအဆင်မပြေဘူး။ အလုပ်ကလည်း မရှိတော့ အခက်အခဲတွေနဲ့ နေထိုင်နေ၇တယ် ဟု စခန်းတာဝန်ခံ ဦးမောင်ထွန်းလှိုင်ကပြောသည်။

ကံသစ်စစ်ဘေးရှောင်စခန်းတွင် လူဦးရေ ၁၉၈ ဦးနှင့် အိမ်ထောင်စု ၅၁ ဆောင်ရှိသည်။ ၎င်းတို့သည် ပုဏ္ဏားကျွန်းမြို့နယ် ဗုဒ္ဓေါကျေးရွာမှ ဖြစ်ကြကာ လွန်ခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက  ရွာအနီး တိုက်ပွဲဖြစ်ပွားမှုကြောင့် အထက်မြတ်လှဲအုပ်စုရှိ ကံသစ်ကျေးရွာသို့ ထွက်ပြေးတိမ်းရှောင် လာကြသူများဖြစ်သည်။

 မိသားစု ၅၁ စုမှာ ACROမှ ထောက်ပံ့မှုနဲ့  မိသားစု ၂၀ အတွက်သာ နေအိမ်ရှိတယ်။ ကျန်တဲ့  အိမ်ထောင်စု ၃၁ စုက နေအိမ်မ၇ဘူး။ ဒီအတွက် တာပေါ်လင်စတွေနဲ့ ကိုယ်ထူကိုယ်ထဖြစ်သလို အဆောင်ဆောက်ပြီးနေထိုင်၇တယ်။ ဆောင်းရာသီဆိုတော့ ချမ်းတာနဲ့ နေထိုင်ရေးက အခက်အခဲရှိနေပါတယ်ဟု ပြောဆိုသည်။

၎င်းပြင် လစဉ်ထောက်ပံ့ရေးလည်း မရရှိ၍ အခက်အခဲပိုကြုံတွေ့နေ၇သည်ဟု စခန်းတွင်းရှိ အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

"သားတစ်ယောက် သမီးနှစ်ယောက်ရှိပါတယ်။ လစဉ်ထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းရယ်လို့တော့ မရှိပါဘူး အခက်အခဲကတော့ စားဝတ်နေရေးကပိုအခက်အခဲရှိပါတယ် လာလှူတဲ့သူတွေလည်း ရှိကြပါတယ်။ ဒါပေမယ့်ပုံမှန်မဟုတ်တော့ အလှူရှင်မရောက်လာရင် အခက်အခဲရှိပါတယ်" ဟုပြောသည်။

ကံသစ်စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်များသည် စားနပ်ရိက္ခာထောက်ပံ့မှုလည်း ပုံမှန် မ၇သဖြင့် နီးစပ်ရာများထံမှချေးငှါးကာ စားသုံးနေ၇သည်ဟု ဆိုသည်။

၎င်းပြင် မိုင်းနှင့်စစ်လက်နက်အကြွင်းအကျန်များကိုကြောက်၍ တောင်၊ တောင်များထဲသို့လည်း သွားရောက်ပြီး အလုပ်လုပ်ကိုင်ရန်အခက်အခဲရှိနေကြောင်း ကံသစ်စစ်ဘေးရှောင်စခန်းမှ ဒေါ်မဆန်းကပြောသည်။

"နေရေးထိုင်ရေး၊ စားရေးသောက်ရေး၊ ဆေးဝါးကအစ လိုအပ်နေပါတယ်။ အမိုးအကာတွေလည်း လိုချင်ပါတယ်။ အခုကတာပေါ်လင်စနဲ့နေ၇တာပါ။ ကျမတို့ဆီကို တစ်လမှာတစ်ကြိမ်တောင် အထောက်အပံ့မရောက်ပါဘူး။ ကိုယ့်ဖာသာကိုယ် ကြုံသလို ရှာစားကြ၇ပါတယ်။ ရှာစားဖို့တောင် အလုပ်မရှိတော့ မရှိသူတွေက ရှိတဲ့သူတွေဆီက ချေးငှါးပြီးစားနေကြ၇ပါတယ်။ တောင်တွေကိုလည်း မသွားရဲပါဘူး။ မိုင်းကိုကြောက်လို့ပါ။ မိုင်းနင်းမိလို့ ကျမတို့ရွာက နှစ်ယောက်၊ သုံးယောက်လည်း ဒဏ်ရာ၇သွားပါပြီ။ ရွာကိုလည်းမပြန်ရဲပါဘူး။ စားဖို့သောက်ဖို့အတွက် ဆန်၊ ဆီ၊ဆား အထောက်အပံ့တွေလိုချင်ပါတယ်" ဟုပြောသည်။

အဆိုပါ ဗုဒ္ဓေါကျေးရွာမှ ဒေသခံများသည် အခြားစစ်ဘေးရှောင်စခန်းများတွင်လည်း ခိုလှုံလျက်ရှိပြီး နေရပ်ကိုမပြန်ရဲဖြစ်နေကြကြောင်း စစ်ဘေးရှောင်များကပြောသည်။ (NN-8)

#စစ်ဘေးရှောင်#စားဝတ်နေရေး#စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.