Preview

ပုဏ္ဏားကျွန်းမြို့နယ်တွင် အရက်မူးသမားတစ်ဦးက ဈေးဆိုင်ထဲတွင်လက်ပစ်ဗုံးစနက်တံကို ဖြုတ်လိုက်ရာမှ ပေါက်ကွဲမှုဖြစ်ပြီး ကလေးငယ် ၂ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရ

ဖေဖော်ဝါရီ ၀၄/ ၂၀၂၃ | ကြည့်ရှုသူ :2755
ရခိုင် သတင်း

နိရဥ္စရာ၊ဖေဖော်ဝါရီ ၄/၂၀၂၃

 

ရခိုင်ပြည်၊ပုဏ္ဏားကျွန်းမြို့နယ်၊  ကုန်းတန်းကြိမ်ချောင်းကျေးရွာတွင် အရက်မူးသမားတစ်ဦးကဈေးဆိုင်ထဲတွင် လက်ပစ်ဗုံးတစ်လုံးကို စနက်တံဆွဲဖြုတ်လိုက်ရာက ပေါက်ကွဲမှု ဖြစ်ပွားပြီး ကလေးငယ်၂ ဦး သေဆုံးကာ  ၄ ဦး ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

 

သေဆုံးသွားသူများမှာ(၇) တန်း ကျောင်းသားများဖြစ်ကြသည့် မောင်နေလင်းဌေး(၁၂ နှစ်)၊မောင်တင်မောင်စိုး(၁၂ နှစ်) တို့ဖြစ်ကြသည်။

 

ဒဏ်ရာရရှိသူများမှာ(၇)တန်းကျောင်းသားမောင်မင်းထက်ကျော် နှင့် မောင်မျိုးလင်းနိုင်  အသက်၅၂ နှစ်အရွယ် ဆိုင်ပိုင်ရှင် ဦးအေးထွန်းလှနှင့် လက်ပစ်ဗုံး စနက်တံကို ဖြုတ်သူ အရက်သမား အမောင်ချေ (၃၁နှစ်) တို့ဖြစ်သည်ဟု သိ၇သည်။

 

  ဖေဖော်ဝါရီ ၃ ရက်၊ ည၉ နာရီကျော်ခန့် တွင် ဖြစ်ပွားခဲ့တာပါ။  အရက်မူးသမား အမောင်ချေဆိုတဲ့သူက ဘယ်က ၇လာမှန်းမသိတဲ့ လက်ပစ်ဗုံးတစ်လုံးကို ျေးဆိုင်ထဲကို ယူလာပြီး လူတွေ ဈေးဝယ်နေတုန်း  စနက်တံကို ဆွဲဖြုတ်လိုက်ရာကနေ ပေါက်ကွဲမှုဖြစ်ပြီး ဈေးဝယ်နေတဲ့ ကလေးတွေသေဆုံးသွားခဲ့၇တယ်။  ဒဏ်ရာရတဲ့ကလေးတွေလည်း ဒဏ်ရာပြင်းထန်တော့ စိုးရိမ်၇ပါတယ်ဟုပြောသည်။  

 

 ဗုံးသီးပေါက်ကွဲ၍ကလေးငယ် ၂ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိသည့်အထဲတွင် ၂ ဦးမှာဒဏ်ရာပြင်းထန်ပြီး စိုးရိမ်နေ၇ဆဲဖြစ်ကြောင်း လိုက်ပါကူညီဆောင်ရွက်ပေးခဲ့သူတစ်ဦးကပြောသည်။ 

 

သေဆုံးသွားသည့် ကလေးငယ်နှစ်ဦးမှာပုဏ္ဏားကျွန်းဆေးရုံအရောက်တွင် အသက်မမီတော့သည့် အတွက် အလောင်းများကိုရွာသို့ ပြန်လည်ယူဆောင်လာခဲ့ကြောင်း လိုက်ပါကူညီပေးခဲ့သူတစ်ဦးကပြောသည်။ 

 

"သူတို့ရွာက စက်လှေနဲ့ယူလာတာကိုကြိမ်ကျွန်း ကူတို့ဆိပ်ကနေွားယူတာ။အခု ဆေးရုံမှာက (၃)ယောက်ကျန်သေးတယ်။ (၃) ယောက်မှာ နှစ်ယောက်ကပြင်းထန်ပါသေးတယ်။ သေသွားတဲ့အလောင်း (၂)လောင်းကို ရွာပြန်သယ်သွားတယ်။ နောက် ဒဏ်ရာနည်းတဲ့ ကလေးတစ်ယောက်လည်းရွာပြန်သွားပြီ"ဟု ပြောသည်။

 

မောင်မင်းထက်ကျော်မှာ ဒဏ်ရာမပြင်းထန်သည့်အတွက်ရွာပြန်သွားပြီဖြစ်သော်လည်း ကျန် ၃ ဦးမှာ ဒဏ်ရာပြင်းထန်၍ပုဏ္ဏားကျွန်းမြို့ ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေ၇ဆဲဖြစ်ကြောင်း သူကပြောသည်။

 

သေဆုံးသွားသည့် ကလေးငယ်နှစ်ဦးထဲမှမောင်နေလင်းဌေးမှာ ရှင်ပြုရန် စီစဉ်ထားသည့် မောင်ရှင်လောင်းဖြစ်ပြီးယခုကဲ့သို့အဖြစ်ဆိုးနှင့်ကြုံတွေ့ခဲ့၇ခြင်းဖြစ်သည်။ 

 

မနက်ဖြန်တွင်သေဆုံးသွားသည့် ကလေးငယ်နှစ်ဦးလုံးကို သင်္ဂြိုလ်သွားမည်ဟု ကုန်းတန်းကြိမ်ချောင်း ကျေးရွာသားတစ်ဦးက ပြောသည်။

 

"တကယ်စိတ်မကောင်းဘူး။ငယ်ငယ်ရွယ်ရွယ်လေးတွေလေ။ ဟိုကလေးလေးဆိုရင် မောင်ရှင်လောင်းလေးလေ။အခုလိုအဖြစ်ဆိုးမျိုးဖြစ်မယ်လို့ ဘယ်ထင်မလဲ"ဟု ပြောသည်။

 

ရခိုင်ပြည်နယ်အတွင်း နေရာအများအပြားတွင် စစ်ကျန် ဗုံးသီးများကိုလက်ဝယ်သိမ်းဆည်းထားခြင်း၊  ကိုင်တွယ်ခြင်း၊ပေါ့ပေါ့ဆဆ မထီမဲ့မြင်ပြုလုပ်ခြင်းများရှိနေသဖြင့် မကြာခဏ သေဆုံးမှုများ၊ ဒဏ်ရာရရှိမှုများရှိနေသဖြင့် ရက္ခိုင့်တပ်တော် (AA) အနေဖြင့် ၎င်းစစ်ကျန် ဗုံးသီးများ၊ လက်ပစ်ဗုံးများ၊ ကျည်ဆံများကိုအမြန်သိမ်းဆည်းသင့်ပြီး ကိုင်တွယ်သူများကို ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သင့်သည်ဟု၎င်းက ပြောဆိုသည်။

 

ဖေဖော်ဝါရီ ၂ရက်နေ့ကလည်း မောင်တောမြို့နယ်၊ ခမောင်းဆိပ်ကျေးရွာမှ ၅ တန်း ကျောင်းသား မောင်ကျော်စိုးမှာ ရွာအနီးတောင်တန်းတွင်ငှက်ကိုင်းထောင်နေစဉ် စစ်ကျန်ဗုံးသီးဟောင်း ပေါက်ကွဲ၍  သေဆုံးသွားခဲ့၇သည်။

 

ပြီးခဲ့သည့် ဇန်နဝါရီလ၁၇ ရက်နေ့က မြောက်ဦးမြို့နယ်၊ နားဒင်ကျေးရွာမှ လူငယ်တစ်ဦးလည်း ထင်းခုတ်သွားစဉ် မိုင်းနင်းမိပြီး ညာဘက်ခြေတစ်ဖက်ပြတ်သွားခဲ့၇သည်။ 

 

ယင်းအပြင် ဇန်နဝါရီ၂၆ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ်၊ ဖိုးခေါင်ချောင်း ( မူဆလင် ) ကျေးရွာမှဆယ်ကျော်သက်အရွယ် ကလေးငယ် ၄ ဦး ထင်းခုတ်သွားစဉ် မိုင်းပေါက်ကွဲ၍  ကလေးငယ် ၁ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့၇သည်။ 

 

ရခိုင်တွင်အပစ်အခတ်ရပ်စဲထားသော်လည်း  မိုင်းနှင့် စစ်လက်နက်ပစ္စည်းများပေါက်ကွဲမှုများကြောင့်ထိခိုက်ဒဏ်ရာရရှိမှု၊ အသက်သေဆုံးမှုများရှိနေသည့်အတွက် မိုင်းနှင့် စစ်လက်နက် အကြွင်းအကျန်ပစ္စည်းများအားသက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ရှင်းလင်းပေးရန်နှင့်အသိပညာပေးမှုများ ကျယ်ကျယ်ပြန့်ပြန်လုပ်ဆောင်ပေးရန် ဒေသခံများကလိုလားနေကြခြင်း ဖြစ်သည်။(NN-7)

#စစ်ကျန်လက်နက်ခဲယမ်းမီးကျောက်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.