နိရဥ္စရာ၊ဖေဖော်ဝါရီ ၅/၂၀၂၃
ယနေ့(ဖေဖော်ဝါရီလ ၅ ရက်နေ့) ကျရောက်သည့် (၇၆)နှစ်မြောက် "မွန်အမျိုးသားနေ့"ကို မွန်ပြည်နယ်အတွင်းရှိ ဒေသအသီးသီးနှင့် မွန်လူမျိုးများ ရောက်ရှိရာ တိုင်းပြည်များတွင်စည်းကား သိုက်မြိုက်စွာကျင်းပပြုလျက်ရှိကြောင်းသိရှိ၇သည်။
မုဒုံမြို့နယ်ကဒေသခံ တစ်ဦးက "ကျနော်တို့ရဲ့ အမျိုးသားနေ့ပဲလေ။ခင်ဗျားတို့ မြင်တဲ့အတိုင်းပဲ လူမျိုးတိုင်းမှာ အမျိုးသားနေ့ အထိမ်းအမှတ်ဆိုတာ လူမျိုးတိုင်းမှာ ရှိကြတယ်လေ။ မွန်လူမျိုးတွေ အနေနဲ့လည်း ဒီနေ့ကျရောက်တဲ့နေ့မှာမွန်အမျိုးသားနေ့မှာ တခဲနက် ကျင်းပကြတယ်လေ။ အခမ်းအနားတွေသာမက ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲတွေလည့် ထည့်သွင်းကျင်းပကြတယ်။ ညနေပိုင်းမှာတော့ မွန်ရိုးရာအကနဲ့ တေးဂီတ ဖြေဖျော်ပွဲတွေနဲ့ ထမနဲ ထိုးပွဲလုပ်မယ်"ဟု ပြောသည်။
မွန်အမျိုးသားနေ့တွင်မွန်အမျိုးသား အလံတော်ကို အလေးပြုခြင်း၊ ဟောပြောပွဲ ကျင်းပခြင်း၊စာပေယဉ်ကျေးမှုပြိုင်ပွဲများ ကျင်းပခြင်း၊ အားကစား ပြိုင်ပွဲများကျင်းပခြင်း၊ ထမနဲထိုးပွဲများ ကျင်းပခြင်း၊ ၇ဟန်းသံဃာတော်များအားဆွမ်းကပ်လှူဒါန်းခြင်း ၊ ပျော်ပွဲရွှင်ပွဲများကျင်းပခြင်းများကို ထည့်သွင်းပြုလုပ်ခဲ့ကြသည်။
အမျိုးသားညီညွတ်ရေးအစိုး၇ NUGမှလည်း (၇၆) နှစ်မြောက်မွန်အမျိုးသားနေ့သို့ သဝဏ်လွှာရေးသားပေးပို့ခဲ့သည်။
"ယနေ့ကျရောက်သော မွန်အမျိုးသားနေ့တွင် စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး၊ စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက်နှစ်ပေါင်း(၇၀)ကျော် အသက်သွေးချွေးပေးအပ်ပြီး တိုက်ပွဲဝင်ခဲ့ကြသည့် မွန်လူမျိုးတို့အား ဦးညွှတ်ဂုဏ်ပြုပါကြောင်းနှင့်နွေဦးတော် လှန်ရေးတွင် ဖက်ဒရယ် ဒီမိုကရေစီအရေးအတွက်တိုက်ပွဲဝင်ခဲ့ကြသည့် မွန်ပြည်သူ ပြည်သားများ၊ မွန်အမျိုးသမီးများ၊မွန်လူငယ်များ၊ မွန်ကျောင်းသား ကျောင်းသူများအား အထူးပင်လေးစားဂုဏ်ပြု ပါကြောင်း" သဝဏ်လွှာထဲတွင် ရေးသားထားသည်။
မုဒုံမြို့နယ်ရှိကမာဝက်မြို့နှင့် ဘီလူးကျွန်း၊ချောင်းဆုံမြို့နယ်၊ တော်ကနာကျေးရွာတို့တွင်ကျင်းပသည့် (၇၆) နှစ်မြောက် မွန်တိုင်းရင်းသားနေ့မှာ အလွန်စည်ကားပြီးမွန်အမျိုးသား ထောင်ချီ တက်ရောက်ခဲ့သည်ဟု သိရှိ၇သည်။
ထို့အပြင်မွန်ပြည် ကာကွယ်ရေးတပ် (MSDF) မှလည်း တော်လှန်ရေး နယ်မြေတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိ၇သည်။
ယနေ့မြန်မာသက္ကရာဇ် ၊ တပို့တွဲလပြည့်ကျော် (၁) ရက်နေ့သည် မွန်လူမျိုးတိုင်းရင်းသားတို့၏"မွန်အမျိုးသားနေ့" ဖြစ်သည်။ မွန်အမျိုးသားနေ့ကို၁၉၄၇ ခုနှစ်မှ စတင်ကျင်းပခဲ့ပြီး ယခု နှစ်သည် (၇၆) ကြိမ်မြောက်ဖြစ်သည်။ (NN - 25)
ပုံစာ -မုဒုံမြို့နယ်၊ ကမာဝက်မြို့နှင့် ဘီလူးကျွန်း၊ ချောင်းဆုံမြို့နယ်၊တော်ကနာကျေးရွာတွင် ပြုလုပ်သည့် (၇၆) မြောက် မွန်အမျိုးသားနေ့အခမ်းအနား