Preview

အေအေဒုနယ်မြေမှူးဟောင်း၏ ပေါ့ဆမှုကြောင့် လက်ပစ်ဗုံး ပေါက်ကွဲ သေဆုံးသွားခဲ့၇သည့် ကလေးငယ်(၂)ဦး၏ မိသားစုများကို တပ်တော်တာဝန်ရှိသူများလာရောက်တောင်းပန်

ဖေဖော်ဝါရီ ၀၆/ ၂၀၂၃ | ကြည့်ရှုသူ :8783
ရခိုင် သတင်း

နိရဥ္စရာ၊ဖေဖော်ဝါရီ /၂၀၂၃

ပုဏ္ဏားကျွန်းမြို့နယ်တွင် ရက္ခိုင့်တပ်တော်(AA)ဒုနယ်မြေမှူးဟောင်း၏ပေါ့ဆမှုကြောင့် သေဆုံးသွား၇သည့် ကလေးငယ်(၂)ဦး၏မိသားစုဝင်များကို တပ်တော်တာဝန်ရှိသူများက အိမ်ကိုလာရောက်တောင်းပန်ခဲ့ကြသည်ဟု မိသားစုဝင်များက ပြောသည်။ 

ဖေဖော်ဝါရီ၃ ရက်နေ့ ည ၉ နာရီခန့်တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ကုန်းတန်းကြိမ်ချောင်းကျေးရွာမှာ အရက်မူးနေသည့်အေအေဒုနယ်မြေမှူးဟောင်း ဦးအမောင်ချေတွင်ပါလာသည့် လက်ပစ်ဗုံးပေါက်ကွဲရာမှ ဦးအေးထွန်းလှ၏ ဈေးဆိုင်တွင်ဆေးလာဝယ်သည့် ကလေးငယ်( )ဦး သေဆုံးပြီး ၎င်းနှင့်ဆိုင်ပိုင်ရှင်အပါအဝင် နောက်ထပ် ၄ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ 

သေဆုံးသွားခဲ့သည်(၇) တန်းကျောင်းသားများဖြစ်ကြသည့် မောင်နေလင်းဌေး(၁၂ နှစ်) နှင့် မောင်တင်မောင်စိုး(၁၂နှစ်) တို့မှာ ယမန်နေ့  (ဖေဖော်ဝါရီ ၅ ရက်) နေ့လယ်(၁) နာရီက သင်္ဂြိုလ်ခဲ့ကြောင်းသိ၇သည်။ 

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ကိုအမောင်ချေသည် ယခင်က အေအေ၏ ဒုနယ်မြေမှူးရာထူး တာဝန်ယူခဲ့သူဖြစ်၍ရက္ခိုင့်တပ်တော်(AA) ခေါင်းဆောင်များကအိမ်အထိ လာရောက် တောင်းပန်ခဲ့ကြောင်း သေဆုံးသွားသည့် မောင်နေလင်းဌေး၏ အစ်ကို ကိုအောင်တင်ဌေးက ပြောသည်။

"တပ်ထဲက ခေါင်းဆောင်တွေကမိသားစုတွေကို လာတောင်းပန်လာပါတယ်။ အထက်က ခေါင်းဆောင်တွေက ဗိုလ်ချုပ်ကရောမိသားစုတွေကို တောင်းပန်ခိုင်းလို့ မိသားစုတွေကျေနပ်အောင် တောင်းပန်ရမယ်၊တာဝန်ယူတာဝန်ခံမှုရှိကြရမယ်။ သူကတာဝန်ရပ်ဆိုင်းထားပြီဆိုပေမယ့် သူတို့နဲ့ သက်ဆိုင်နေတယ်ဆိုတဲ့သဘောမျိုးပြောပါတယ်။ နောက်ပြီးနာရေးကိစ္စ၊ ရက်လည်ဆွမ်းကျွေးဖို့တွေကိုရောသူတို့ကတာဝန်ယူပြီး လုပ်ဆောင်ပေးသွားမယ်လို့ ပြောပါတယ်" ဟု ပြောသည်။

သေဆုံးသွားသည့်မောင်နေလင်းဌေးသည်ဖေဖော်ဝါရီ (၂၈)ရက်နေ့တွင် ရှင်ပြုရန်စီစဉ်ထားသည့် မောင်ရှင်လောင်းဖြစ်၍ဖြေမဆယ်နိုင်အောင်ခံစား၇သည်ဟုမိသားစုဝင်များကပြောသည်။ 

ယခုကဲ့သို့တာဝန်ယူ၊ တာဝန်ခံရှိရှိ တလေးတစားလာရောက်တောင်းပန်သည့်အတွက်မိသားစုဝင်များအနေနှင့် ကျေနပ်သော်လည်း နောက်နောင်ယခုလိုအဖြစ်မျိုးမဖြစ်၇အောင်သတိထားသင့်ကြောင်း ပြောသည်။ 

"ဘာပဲဖြစ်ဖြစ် မိသားစုတစ်ယောက်အနေနဲ့သူတို့ဘက်က တာဝန်ယူတာဝန်ခံမှုပြတာကို ကျေနပ်ပါတယ်။ သို့သော် ကျနော်တို့ပြောချင်တာက နောက်နောင် ဒီလိုကိစ္စတွေမဖြစ်အောင် သတိကြီးကြီးနဲ့ဆောင်းရွက်ကြ၇မယ်ပေါ့လေ။ ဒီလောက်ပဲ ပြောလိုက်ပါတယ်" ဟုဆိုသည်။

ယခုကိစ္စနှင့်ပတ်သက်၍ လက်နက်ကိုင်ဆောင်သည့်ဒုနယ်မြေမှူးကိုအမောင်ချေကို အေအေက ဖမ်းဆီးထားလိုက်ပြီဖြစ်ကြောင်း ခေါင်းဆောင်များကပြောဆိုခဲ့ကြောင်း ကိုအောင်တင်ဌေးက ဆက်ပြောသည်။

 "သူ့ကိုကျတော့တပ်က ဖမ်းထားတယ်။ဆေးတော့ ကုသပေထားတယ်။ ူနဲ့ထိုက်တန်တဲ့ အပြစ်ကိုလည်း ပေးသွားမယ်ပြောပါတယ်။ သူလုပ်လိုက်တဲ့အရာကပြစ်မှုတအားကြီးသွားတယ်လို့ သူတို့က ပြောပါတယ်။ ဘာလို့ဆိုတာဝန်ရပ်ဆိုင်းထားတဲ့အတွက် သူ့ဆီမှာ လက်နက်ရှိတာဟာ တရားမဝင် လက်နက်ကိုင်ဆောင်မှု၊ပြည်သူလူထုကိုထိတ်လန့်တုန်လှုပ်စေမှု၊ တပ်တော်ကို အကြည်အညိုပျက်စေမှု၊အာဏာအလွဲသုံးစားလုပ်မှုတွေနဲ့ လူအစုအလိုက်အပြုံလိုက် သတ်ဖြတ်မှုလည်းမြောက်တယ်လို့ပြောပါတယ်။ ကျန်ကလေးတွေကထွက်ပြေးလို့လွတ်ပေမယ့် မပြေးနိုင်ရင်အကုန်သေသွားနိုင်တယ်။ ဒါကြောင့် သူ့ကိုထိုက်သင့်တဲ့အပြစ်ပေးဖို့ ဆက်လက် မေးမြန်းစစ်ဆေးနေတယ်လို့ပြောပါတယ်"ဟု ပြောသည်။ 

 လက်ရှိမှာ ပုဏ္ဏားကျွန်းဆေးရုံတွင်ဆိုင်ပိုင်ရှင် ဦးအေးထွန်းလှမှာ ဆေးကုသမှုခံယူနေ၇ဆဲဖြစ်ပြီး ကျန်ကလေးငယ်(၂)ဦးမှာ ဆေးရုံဆင်းခွင့် ရရှိသွားပြီဟု သိ၇သည်။ (NN-7)

#အေအေ/စစ်ရေး/ နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.