နိရဉ္စရာ၊ ဖေဖော်ဝါရီ ၆/၂၀၂၃
ဖေဖော်ဝါရီ ၅ ရက်တွင် ကျရောက်သည့် (၆၂) နှစ်မြောက် ကချင်တော်လှန်ရေးနေ့တွင် ရက္ခိုင့်တပ်တော် (AA) အပါအဝင် ကိုးကန့် MNDAA နှင့် တအာင်း TNLA ညီနောင်မဟာမိတ်(၃) ဖွဲ့က ပေးပို့သော သဝဏ်လွှာတွင် ကချင်တော်လှန်ရေးအတွက် ပေးဆပ်ခဲ့သူများအား ဦးညွှတ်အလေးပြု ကြောင်းဖော်ပြထားသည်။
ပေးပို့သည့် သဝဏ်လွှာထဲတွင် “ ကချင်တော်လှန်ရေးအစမှ ယနေ့အထိ တော်လှန်ရေး လမ်းကြောင်း တစ်လျှောက်တွင် အသက်၊ ဘ၀၊ ခန္ဓာ ပေးဆပ်စွန့်လွှတ် အနစ်နာခံခဲ့ကြသော ကချင့်အာဇာနည်များ၊ သူရဲကောင်းအပေါင်းတို့အားဦးညွှတ်အလေးပြုကြောင်း” ဖော်ပြထားသည်။
၎င်းပြင် ကချင့်တော်လှန်ရေးအမြန်ဆုံး အောင်မြင်ပြီးကချင်လွတ်လပ်ရေးအဖွဲ့/ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) မှ ချမှတ်ထားသော မူဝါဒများနှင့် ကချင်ပြည်သူ လူထုတစ်ရပ်လုံး မျှော်လင့်တောင့်တနေသောမျှော်လင့်ချက်များ အမြန်ဆုံးပြည့်၀ပါစေကြောင်း မိမတို့ ညီနောင်မဟာမိတ်(၃) ဖွဲ့က ဆုတောင်းပေးအပ်ပါကြောင်းဖော်ပြထားသည်။