နိရဥ္စရာ၊ဖေဖော်ဝါရီ ၆ /၂၀၂၃
၇ခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ် ပေါက်လေ၀ဈေးတွင် ဈေးကောက်ခနှင့်ဆိုင်ခန်းမြေနေရာ ငှားရမ်းခများ
ယခုနှစ်တွင်ဆိုင်ခန်းတစ်ခန်းလျှင် တစ်ရက်ဈေးကောက်ခအဖြစ်ကျပ် ၁ ထောင်နှင့် ဆိုင်ခန်းမြေနေရာတစ်နှစ်အတွက်ငှားရမ်းခကျပ် ၈ သောင်းမှ ၁ သိန်းအထိ ပေးဆောင်နေ၇သည့်အတွက် ယခုကဲ့သို့ အရောင်းအဝယ်မကောင်းသည့်ကာလအတွင်
ဆိုင်ခန်းပေါင်း၆၀ ခန့်ရောင်းချသည့် ပေါက်လေ၀ဈေးတွင်ယခင်နှစ်က ဆိုင်ခန်းတစ်ခန်းလျှင် တစ်ရက်ဈေးကောက်ခအဖြစ် ကျပ် ၅၀၀ နှင့် ဆိုင်ခန်းမြေနေရာတစ်နှစ်အတွက်ငှားရမ်းခ ၃ သောင်းမှ ၅သောင်းကျပ်အထိသာရှိခဲ့သည်ဟုဆိုင်ခန်းပိုင်ရှင်များက ပြောသည်။
ယင်းဈေးတွင်နှစ်ပေါင်း ၁၀ ကျော်ရောင်းချလာသည့်ဆိုင်ခန်းပိုင်ရှင်တစ်ဦးက “ကျနော်တို့က ရောင်းချ၇တာလည်း မကောင်းဘူးလေ။ကျနော်တို့က မော်တော်ဘုတ်တွေနဲ့ သွားရောင်းနေရတော့ဘုတ်ခစရိတ်တွေလည်း ကြီးတယ်။ ဆိုင်ခန်းမြေခတွေလည်း ကြီးတယ်။ ဈေးကောက်ခလည်း ကြီးတယ်။တခြားဈေးတွေနဲ့စာရင် ဒီဈေးက ဈေးကောက်ခနဲ့ဆိုင်ခန်းငှားခတွေ ပိုနေတယ်လေ”ဟုပြောသည်။
အဆိုပါဈေးရှိဈေးဆိုင်ခန်း ၆၀ ခန့်တွင်ရွှေဆိုင်၊ အထည်ဆိုင်၊ ဖိနပ်ဆိုင်၊ အလှကုန်ပစ္စည်းအရောင်းဆိုင်၊ စားကုန်ဆိုင်၊ဖုန်းနှင့်ဆက်စပ်ပစ္စည်းအရောင်း
ပေါက်လေ၀ကျေးရွာအနီးရှိအပေါက်၀ကျေးရွာနှင့် ဂုပ္ပီထောင့်ကျေးရွာဈေးတို့တွ
ပေါက်လေ၀ဈေးတစ်ခုတည်းသာ ဈေးကောက်ခလည်း မြင့်တက်နေသလိုဆိုင်ခန်းမြေငှားရမ်းခလည်း မြင့်တက်နေခြင်းဖြစ်သည်ဟုနောက်ထပ် ဆိုင်ခန်းပိုင်ရှင်တစ်ဦးက ပြောသည်။
“အခုက ရောင်းချ၇တာလည်း မကောင်းတော့ တခြားဈေးတွေနဲ့စာရင် အကောက်အခွန်တွေကအရမ်း များနေတယ်လေ။ တစ်ပတ်မှာမှ ကျနော်တို့အဲဒီမှာ (၂)ရက်ပဲ ရောင်း၇တာ။ ဈေးကောက်ခနဲ့ ဆိုင်ခန်းမြေငှားခတွေလည်းအဆမတန်ကြီးတယ်။ အားလုံးကျပ်တည်းနေချိန် အခုလို ဈေးမြင့်တက်နေတော့ ကျနော်တို့လည်းအခက်အခဲဖြစ်နေ၇ပါတယ်”ဟု ပြောသည်။
အဆိုပါဈေးတွင်ဈေးကောက်ခကောက်ခံရန်လေလံဆွဲထား
အလားတူဆိုင်ခန်းမြေငှားရမ်းခကိုလည်း ယင်း ၃ ဦးက တစ်နှစ်လျှင် ၁ ဦးကျစီ အလှည့်ကျ ကောက်ခံလျက်ရှိသည်ဟုဈေးဆိုင်သည်များက ပြောသည်။
လက်ရှိကောက်ခံနေ၇သည့် ဦးစိန်ဝင်းမောင်က အဆိုပါဈေးသည် ပေါက်လေ(မြောက်)ကျေးရွာ၏ အနောက်ဘက်ရှိကုလားတန်မြစ်ကမ်းနံဘေး မြေကွက်လပ်တွင်တည်ရှိပြီး နှစ်စဥ်မိုးရာသီအတွင်း မြစ်ရေမြင့်တက်၍ ရေနစ်မြုပ်မှုဖြစ်ပေါ်နေသည်ဟု ပြောသည်။
ယင်းသို့ရေနစ်မြုပ်မှုမှကာကွယ်
“သူတို့ဆိုင်သည်တွေအတွက်လုပ်ပေး
အဆိုပါဈေးကိုတစ်ပတ်လျှင် တနင်္ဂနွေနေ့နှင့်ဗုဒ္ဓဟူးနေ့တို့တွင် ဖွင့်လှစ်ပြီးပေါက်လေ၀ကျေးရွာအပါအဝင်အနီးဝန်းကျင်ရှိကျေးရွာများမှ ဈေးရောင်းချသူများနှင့်ဈေးဝယ်သူများဖြင့် စည်ကားတတ်သည့် ဈေးတစ်ခုဖြစ်သည်။