Preview

ရခိုင်က သတင်းထောက်လူငယ်တစ်ဦး ဆိုင်ကယ်မတော်တဆမှုဖြင့်ကွယ်လွန်

ဖေဖော်ဝါရီ ၀၆/ ၂၀၂၃ | ကြည့်ရှုသူ :3335
ရခိုင် သတင်း

နိရဉ္စရာ၊ဖေဖော်ဝါရီ ၆/၂၀၂၃

 

စစ်တွေမြို့အခြေစိုက် Development Media Group မီဒီယာတွင်လုပ်ကိုင်နေသော သတင်းထောက် လူငယ်တစ်ဦးဖြစ်သူ  ကိုနိုင်လင်းအောင် (၂၅ နှစ်)သည် ယမန်နေ့ဖေဖော်ဝါရီလ ၅ ရက်က ဆိုင်ကယ်မတော်တဆဖြစ်ရာမှ ကွယ်လွန်သွားကြောင်းသိ၇သည်။

 

ကိုနိုင်လင်းအောင်သည်  DMG သတင်းဌာနတွင်တာဝန်ထမ်းဆောင်နေသည်မှာ နှစ်နှစ်နီးပါး ရှိနေပြီဖြစ်ကြောင်းသိ၇ည်။

 

၎င်းသည်ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၄ ရက်၊ ညည့် ၉ နာရီကျော်ခန့်တွင် စစ်တွေမြို့ ကွန်ပျူတာ တက္ကသိုလ်ရှေ့တွင်ဆိုင်ကယ်မတော်တဆမှုဖြစ်ပွားခဲ့မှုကြောင့် ဦးနှောက်အတွင်း ဒဏ်ရာရရှိခဲ့ပြီး ယင်းနေ့ညတွင်စစ်တွေဆေးရုံတွင် ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ကြောင်းသိ၇သည်။

 

နောက်တစ်နေ့ ဖေဖော်ဝါရီ၅ ရက်၊ နေ့လယ်  ၂ နာရီကျော်ခန့်တွင် ရန်ကုန်သို့ အရေးပေါ်ကားဖြင့်ယူဆောင်သွားရာညနေ ၅ နာရီ ၂၀ မိနစ်တွင် ခရီးလမ်း၌ သေဆုံးသွားခဲ့သည်။

 

ကိုနိုင်လင်းအောင်၏သေဆုံးမှုအတွက်၎င်း၏မိခင်အဖွဲ့အစည်းဖြစ်သည့် DMGသတင်းဌာနကလည်းဝမ်းနည်းကြောင်းထုတ်ပြန်ချက်ကို ယနေ့ ထုတ်ပြန်ထားသည်။

 

"Development Media Group – DMG သတင်းဌာန၏ သတင်းထောက်တစ်ဦးဖြစ်သူကိုနိုင်လင်းအောင် အသက် (၂၅)နှစ်သည် ဆိုင်ကယ် မတော်တဆမှုဖြစ်ပွားကာ ၂၀၂၃ ခုနှစ်၊ဖေဖော်ဝါရီလ ၅ ရက်နေ့ ညနေ ၅ နာရီ ၂၀ အချိန်ခန့်တွင် ကွယ်လွန်သွားခဲ့သဖြင့်ကျန်ရစ်သူ မိသားစု၊မိတ်ဆွေ သူငယ်ချင်းများနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲ၇ပါကြောင်း၊  ကိုနိုင်လင်းအောင်သည် DMG သတင်းဌာနကို ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်ဝင်ရောက်ခဲ့ကာ သတင်းမီဒီယာ လုပ်ငန်းများကိုတာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူဖြစ်ကြောင်းဖော်ပြထားသည်။

 

၎င်းပြင်   ကိုနိုင်လင်းအောင် ကွယ်လွန်သွားခြင်းသည်မိခင်အဖွဲ့အစည်းဖြစ်သော မိမိတို့ DMG သတင်းဌာနနှင့် သတင်းမီဒီယာလောကအတွက် ကြီးမားသောဆုံးရှုံးမှုတစ်ရပ်ပင်ဖြစ်ကြောင်း၊ ကောင်းရာဘုံဘ၀ ရောက်ပါစေကြောင်း နှင့်ပြည်သူများကို သတင်းအတတ်ပညာဖြင့် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုခဲ့သည့်ကိုနိုင်လင်းအောင်၏ လုပ်ဆောင်ခဲ့မှုများကို DMG အနေဖြင့် အစဉ်အမြဲမှတ်တမ်းတင်အပ်ပါသည်။" ဟုထုတ်ပြန်ထားသည်။

 

လက်ရှိအခြေအနေအ၇ ရခိုင်သတင်းထောက်တစ်ဦးဖြစ်ရန်မလွယ်ကူသည့်အချိန်တွင် သတင်းထောက်လူငယ်တစ်ဦး ဆုံးရှုံးသွားရသည့်အတွက်၇ခိုင်သတင်းမီဒီယာလောကအတွက် ဆုံး၇ှုံးမှုတစ်ရပ်ဖြစ်ကြောင်းဝါရင့်သတင်းစာဆရာတစ်ဦးဖြစ်သည့် ဆရာသားရွှေဦးက နိရဉ္စရာသို့ပြောသည်။

 

"အခုလိုအခြေအနေတွေမှာ သတင်းသမားလုပ်မဲ့သူရှားတယ်။ ဒီလိုသတင်းသမားလုပ်မဲ့ သူရှားတဲ့အခြေအနေမှာ ဒီလိုသတ္တိရှိရှိနဲ့ မြေပြင်အခြေအနေတွေကို အမှန်ကိုအမှန်အတိုင်း ရေးနိုင်၊ပြောနိုင်တဲ့သတင်းထောက်တွေ အများကြီးလိုအပ်တယ်။ ဒီလိုလိုအပ်တဲ့အချိန်မှာအခုလို သတင်းထောက်လူငယ်တစ်ယောက် ရခိုင်သတင်းထောက်တစ်ယောက်အနေနဲ့ဖြစ်ဖို့ဆိုတာအလွန်တရာမှရှားပါးတယ်။ ဒီလိုလူငယ်တစ်ယောက်အခုလိုဆုံးသွားတဲ့အတွက် ၇ခိုင်သတင်းမီဒီယာအတွက် အလွန်တရာမှဆုံးရှုံးမှုဖြစ်တယ်။ဘာလို့လည်းဆိုတော့ သတင်းတစ်ယောက်ဖြစ်လာဖို့မလွယ်အချိန်မှာသတင်းထောက်တစ်ယောက် ဆုံးရှုံးသွားတာဟာ အလွန်တရာမှဝမ်းနည်းဖွယ်ရာကောင်းပါတယ်"ဟုပြောသည်။

 

DMG သတင်းထောက်ကိုနိုင်လင်းအောင်အား ဖေဖော်ဝါရီလ ရ ရက်၊ မွန်းလွဲ  နှစ်နာရီတွင် စစ်တွေမြို့အာကျိတ်တော်ကုန်းသုသာန်၌ သဂြိုလ်သွားမည်ဖြစ်ကြောင်းသိ၇သည်။

 

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.