Preview

စစ်တွေ လေယာဉ်ကွင်းဝင်၀လမ်းဆုံတွင် တာဝန်ကျနေသည့်စစ်သားတစ်ဦး၏ သေနတ်လွတ်ကျရာကကျည်ပေါက်ပြီး ကလေးငယ်တစ်ဦးထိမှန်ဒဏ်ရာရ

ဖေဖော်ဝါရီ ၀၇/ ၂၀၂၃ | ကြည့်ရှုသူ :1257
ရခိုင် သတင်း

နိရဉ္စရာ၊ဖေဖော်ဝါရီ ၇/၂၀၂၃

 

၇ခိုင်ပြည်နယ်၊ စစ်တွေမြို့လေယာဉ်ကွင်းဝင်၀ လမ်းဆုံအနီးမိတ္တူဆိုင်ရှေ့တွင် ကင်းတာဝန်ကျနေသည့်စစ်သားတစ်ဦး လက်ထဲမှာသေနတ်လက်လွတ်ကျရာက ကျည်ပေါက်ထွက်၍ မိတ္တူလာကူးသည့်ကလေးငယ်တစ်ဦး၏ ပေါင်တွင်ကျည်ထိမှန်ကာဒဏ်ရာရရှိသွားကြောင်းသိ၇သည်။

 

၎င်းဖြစ်စဉ်သည် ယနေ့ ည ရနာရီခွဲခန့်က ဖြစ်ပွားခဲ့ပြီး ကျည်ထိသည့် ကလေးငယ်အား ဆေးကုသရန် စစ်တပ်မှ ခေါ်ဆောင်သွားသည်ဟု မျက်မြင် ဒေသခံများက ပြောသည်။

 

မျက်မြင်တစ်ဦးက " မိတ္တူလာကူးတဲ့ကလေးပါ။ဘယ်သူမှန်းလည်းမသိလိုက်၇ပါဘူး။ ကလေးကို စစ်သားတွေကောက်ကျောမှာတင်ပြီးတော့အဲဒီနားက စစ်တပ်ကင်းရုံကိုခေါ်သွားပါတယ်" ဟုပြောသည်။

 

နောက်ထပ်ဒေသခံတစ်ဦးကလည်း"မတော်တဆကျသွားတာမို့စစ်တပ်ကဆေးကုဖို့ဆိုပြီး တင်ယူသွားပါတယ်။ သေနတ်ပြုတ်ကျသွားပြီးပေါင်မှာကျည်ထိသွားတာပါ" ဟုပြောသည်။

 

ပေါင်တွင်ကျည်ထိမှန်သွားသောကလေးမှာ မည်သူမည်ဝါဖြစ်ကြောင်းကို သိလိုသဖြင့် အနီးအနားရှိ ဒေသခံများအနေဖြင့် စုံစမ်းနေကြောင်း ပြောကြားသည်။

 

မျက်မြင်ဒေသခံများက ကလေးငယ်တစ်ဦးထိခိုက်သွားသည်ဟုပြောဆိုသဖြင့် ၎င်းကလေးငယ်မှာ မည်သူ မည်ဝါဖြစ်ကြောင်းကို သိရှိလို၍  စစ်တွေ အမှတ် (၁) ရဲစခန်းသို့ ဆက်သွယ်ရာ ဖုန်းလက်ခံဖြေဆုံခြင်း မရှိပါ။

 

ိရဉ္စရာအနေဖြင့်လည်း သီးသန့်  စုံစမ်းမေးမြန်းနေဆဲဖြစ်ပါသည်။

(NN-8)

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.