Preview

ဝေဖန်ကန့်ကွက်မှုများကြောင့် ရှေးသုကတည်ဆောက်နေသည့် မြောက်ဦးနန်းရာကုန်း ကျောက်ခင်းလျှောက်လမ်း ပြန်ဖျက်သိမ်း

ဖေဖော်ဝါရီ ၀၈/ ၂၀၂၃ | ကြည့်ရှုသူ :8198
ရခိုင် သတင်း

နိရဉ္စရာ၊ဖေဖော်ဝါရီ ၈/ ၂၀၂၃

ဝေဖန်ကန့်ကွက်မှုများပေါ်ပေါက်လာပြီးနောက် ရှေးဟောင်သုတေသနက သမိုင်းဝင်မြောက်ဦးမြို့ နန်းရာကုန်းတော်ပေါ်တွင် တည်ဆောက်နေသည့် ကွန်ကရစ်ကျောက်ခင်းလမ်းကိုပြန်လည် ဖျက်သိမ်းလိုက်ပြီ ဖြစ်သည်ဟုသတင်းရရှိသည်။

မြောက်ဦးမြို့ ဒေသခံတစ်ဦးက လမ်းခင်းနေတဲ့ကျောက်တွေကို ပြန်ဖျက်ပြီးပြန်သယ်သွားပါပြီ။ ကျောက်ခင်းလမ်း လုပ်နေတာကို ရုပ်သိမ်းလိုက်ပြီလို့ သိရတယ်။ ဒီလိုသမိုင်းဝင် နန်းရာကုန်းပေါ်မှာ ကျောက်ခင်းလမ်းလုပ်တာကို လူအများက အကြီးအကျယ် ဝေဖန်ကန့်ကွက်ကြပြီးတဲ့နောက်မှာခုလို ဖျက်သိမ်းလိုက်တာပါဟု ပြောသည်။

မြောက်ဦးနန်းတော်ရာကုန်းသည် ရခိုင်တမျိုးသားလုံး၏ အဖိုးမဖြတ်နိုင်သောသမိုင်းဝင် နေရာတစ်ခုဖြစ်ပြီး ယင်းနန်းရာကုန်းပေါ်ကို ဖြတ်ပြီးကျောက်ခင်းလမ်း ပြုလုပ်မှုအပေါ်၇ခိုင်ဒေသခံအများအပြားက ကန့်ကွက်ခဲ့ကြသည်။ ဒေသခံတစ်ဦးက မြောက်ဦးယဉ်ကျေးမှုနယ်မြေကိုကမ္ဘာ့အမွေအနှစ် ယူနက်စ်ကိုဝင်ရန် ကြိုးပမ်းနေချိန်တွင် ရှေးဟောင်းနန်းရာ ကုန်းပေါ်တွင်ရှေးသုက ကျောက်ခင်းလမ်းပြုလုပ်ခြင်းမှာ မရိုးသားသောလုပ်ရပ်တစ်ခုအဖြစ် ရှုမြင်ကြောင်း  ပြောဆိုသည်။

မြောက်ဦးမြို့မှ ဝါရင့်နိုင်ငံရေးသမားလည်းဖြစ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်းဖြစ်သူ ဦးဦးလှစောကလည်း မြောက်ဦးနန်းရာကုန်းပေါ်ကိုဖြတ်ပြီး ကျောက်ခင်းလမ်းပြုလုပ်ခြင်းသည်  ဖျက်ဆီးခြင်းဖြစ်ပြီးစုတ်ပဲ့လွန်းလှသည်ဟု သူ၏ ပို့စ်က တစ်ဆင့်ရေးသားခဲ့သည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီလ၆ ရက်နံနက်ပိုင်းကလည်း  မြောက်ဦးယဥ်ကျေးမှုအမွေအနှစ်ဒေသ ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်းမှလည်းရှေးဟောင်းယဉ်ကျေးမှုနယ်မြေ နန်းရာကုန်းပေါ်သို့သွားရောက်လေ့လာကြည့်၇ှုခဲ့ပြီး ရှေးဟောင်းနယ်မြေတစ်ခုပေါ်တွင် ကျောက်ခင်းလမ်းဖောက်လုပ်ခြင်းအပေါ်  မပြုလုပ်သင့်ကြောင်းပြောဆိုပြီး လမ်းဖောက်လုပ်မှုကိုဖျက်သိမ်းရန် ဌာနဆိုင်ရာများနှင့် ညှိနိုင်းတောင်းဆိုမှုပြုလုပ်ခဲ့သည်။  

နောက်ထပ်မြောက်ဦး မြို့ခံတစ်ဦးက  " ဒါက မသင့်တော်လို့ လူတွေက ကန့်ကွက်ကြတာပါ။ရှေးသုက ဘယ်လို ရည်ရွယ်ချက်နဲ့ လုပ်တယ်ဆိုတာ မသိပေမယ့် ခုလို န်းရာကုန်းပထမအဆင့်မှာ ပြုလုပ်နေတဲ့ ကျောက်ခင်း လျှောက်လမ်းကို  ပြန်ဖျက်သိမ်းနေတဲ့အပေါ်မှာတော့ ကောင်းတယ်လို့ ပြောချင်ပါတယ်။  အခု လမ်းခင်းထားတဲ့ ကျောက်ခဲတွေကိုယူပြီးတော့ကားပေါ်ကိုတင်နေကြတယ်။ ဖျက်သိမ်းနေပါပြီ" ဟု ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး မြောက်ဦးမြို့ ရှေးဟောင်းသုတေသန ညွှန်ကြားရေးမှူး ဦးကြည်ခင်အား ဖုန်းဆက်သွယ်၍မ၇သော်လည်နန်းတော်ကုန်းသာယာလှပရေးစီမံချက်ဖြင့် သစ်ပင်စိုက်ခြင်း၊ထိုင်ခုံတန်းများ ပြုလုပ်ခြင်းအပြင် လူသွားလမ်းအဖြစ်ကျောက်ခင်းလျှောက်လမ်းပြုလုပ်နေခြင်းဖြစ်သည်ဟု ရှေးသုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

နောက်ထပ်မြို့ခံတစ်ဦးကလည်း  "ဒီကျောက်ခင်းလျှောက်လမ်းပြုလုပ်မှုကို အွန်လိုင်းမှာကော့အပြင်မှာ ပြင်းပြင်းထန်ထန်ကန့်ကွက်နေကြတာ။အခုပြန်လည်ဖျက်သိမ်းနေပြီဆိုတော့ ဝမ်းသာပါတယ်။ မလိုအပ်တဲ့ နေရာတွေမှာမပြုပြင်ဘဲ တကယ့်ပြုပြင်ဖို့လိုအပ်တဲ့နေရာတွေမှာဘဲအကျိုးကျိုးရှိအသုံးချသင့်တယ်လို့ ထင်ပါတယ်" ဟု သူ၏အမြင်ကို ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလကလည်းမြောက်ဦး၊ ထုက္ကန်သိမ်ဘုရားဧရိယာအတွင်း ဓာတ်မီးတိုင်များ စိုက်ထူမူပြုလုပ်ခဲ့သော်လည်း ဒေသခံများက ှေးဟောင်းအမွေအနှစ်များ ထိခိုက်မည်ကိုစိုးရိမ်၍ ကန့်ကွက်ခဲ့သဖြင့် နောက်ပိုင်းတွင်  ပြန်လည်ဖျက်သိမ်းပေးခဲ့၇သည်။

မြောက်ဦးမြို့တော်ကို ရခိုင်ဘုရင်မင်းစောမွန်က ခရစ်သက္ကရာဇ်  ၁၄၃၀ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ၁၇၈၄ ခုနှစ်ထိ နှစ်ပေါင်း၃၅၄ အထိတည်တံ့ခဲ့သဖြင့် သမိုင်းဝင် သက်တမ်းအရှည်ဆုံး မြို့တော်တစ်ခုဖြစ်ခဲ့သည်။  (NN-12)

 (ဓာတ်ပုံ- Facebook)

#ရှေးဟောင်းယဉ်ကျေးမှု
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.