Preview

သံတွဲတွင် အများပြည်သူများလာရောက်လည်ပတ်နိုင်ရန် ဆင်ပြခန်းဖွင့်လှစ်

ဖေဖော်ဝါရီ ၀၈/ ၂၀၂၃ | ကြည့်ရှုသူ :4134
ရခိုင် သတင်း

နိရဉ္စရာ၊ဖေဖော်ဝါရီ/ ၂၀၂၃

၇ခိုင်ပြည်နယ်၊ သံတွဲမြို့၊ ဇာနီတောင်သစ်ထုတ်လုပ်ရေးစခန်းတွင် အများပြည်သူများ လာရောက် လည်ပတ်နိုင် ဆင်ပြခန်း တစ်ခုဖွင့်လှစ်လိုက်သည်ဟု သတင်းရရှိသည်။

၎င်းဆင်ပြခန်းကို ယခုလ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး အများပြည်သူများအားလပ်ရက်များတွင် အပမ်းဖြေ လာရောက်လည်ပတ်နိုင်ရန် စီစဉ်ခြင်းဖြစ်ကြောင်း ၎င်းသစ်ထုတ်လုပ်ရေးစခန်းနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

 အခုလက်ရှိမှာ သံတွဲခရိုင်အတွင်းက အစိုးရသစ်ထုတ်လုပ်ရေးလုပ်ငန်းတွေကို  ရပ်နားထားတယ်လေ။ အဓိက ရခိုင်ရိုးမက ထုတ်တာပေါ့။  အဲဒီလို ရပ်နားထားချိန်မှာ ဆင်တွေလည်း အလုပ်နားထားတော့ ပြည်သူတွေ လည်း ဆင်တွေကို လာကြည့်လို့၇အောင်၊ စီးလို့လည်း ၇အောင်စီစဉ်တာပါ။ အဓိက ဆင်တွေအတွက် အစားအစာဖိုးလိုတယ်။ သစ်ထုတ်လုပ်ရေးစခန်းက လူတွေလည်း စားဝတ်နေရေး အဆင်ပြေအောင် စီစဉ်၇တာ ဖြစ်ပါတယ် ဟု ပြောကြားသည်။

ဆင်ပြခန်းသို့  ဝင်ကြေးမှာ ၁၀၀၀ ကျပ်၊ ဆင်စီးလျှင် ၅ ထောင်ကျပ်နှင့် ဆင်အစာကျွေး ၃ ထောင်ကျပ် စီ သတ်မှတ်ထားကြောင်းသိ၇သည်။

၂၀၁၈ ခုနှစ်ကပင် ဇာနီတောင် ဆင်ပြခန်းဖွင့်လှစ်ရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင်မှ စတင်ဖွင့်လှစ်နိုင်ခြင်း ဖြစ်ကြောင်း သိ၇သည်။

ံတွဲခရိုင်အစိုးရသစ်ထုတ်လုပ်ရေးစခန်းတွင်ဆင်အကောင် ၂၀ ခန့်ရှိပြီး ဝန်ထမ်းအယောက် ၂၀၀ကျော် ရှိကြောင်း သိရှိ၇သည်။

၎င်းဆင်စခန်းတွင် တာဝန်ခံ၊တိုင်းဆင်ဆရာဝန်၊ ဒေသဆင်ဆရာဝန်၊ သစ်အုပ်၊ ဆင်ခေါင်း၊ ဆင်ဦးစီး၊အဆင့်ဆင့်ရှိကြောင်း အမည်မဖော်လိုသူ သစ်ထုတ်လုပ်ရေးဝန်ထမ်းဆင်ခေါင်းတာဝန်ခံက ပြောကြားသည်။

(CJ သံတွဲ ပေးပို့သည်။)

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.