Preview

စစ်တပ်ထိန်းချုပ်ထားသည့် တင်းမကျေးရွာမှ မီးမလောင်ဘဲကျန်ရှိနေခဲ့သည့်နေအိမ်ကြီးများကို ဖြိုဖျက်ကာ သစ်၊သွပ်၊ အသုံးအဆောင်ပစ္စည်းများကို ကားများဖြင့် ပြောင်းရွှေ့ယူဆောင်နေ

ဖေဖော်ဝါရီ ၀၈/ ၂၀၂၃ | ကြည့်ရှုသူ :4089
ရခိုင် သတင်း

နိရဥ္စရာ၊ဇန်နဝါရီ ၈/၂၀၂၃

 

စစ်ကောင်စီတပ်စခန်းချနေထိုင်နေသည့် ကျောက်တော်မြို့နယ် တင်းမကျေးရွာထဲမှ မီးမလောင်ဘဲ ကျန်ရှိနေသည့်နေအိမ်ကြီးများကို  စစ်သားများနှင့် မိသားစုအဖွဲ့ဝင်အချို့ကဖြိုဖျက်ကာ သစ်၊သွပ်နှင့် အသုံးအဆောင်ပစ္စည်းကို ကားများဖြင့်ပြောင်းရွှေ့ယူဆောင်နေကြောင်း မျက်မြင်ဒေသခံများက ပြောကြားည်။

ရွာကို စွန့်ခွာထွက်ပြေးခဲ့ကြ၇သောကျေးရွာသားများကို နေရပ်ကိုပြန်ခွင့်မပြုသည်သာမက ပြည်သူလူထုပိုင်အိမ်များကိုခွင့်ပြုချက်မရှိဘဲ ဖြိုဖျက်ယူဆောင်နေခြင်းမှာ နိုင်ငံတော်တပ်မတော် တစ်ရပ်၏ လုပ်ရပ်လားဟုအမည်မဖော်လိုသူ ဒေသခံပညာတတ် လူငယ်တစ်ဦးက မေးခွန်းထုတ်ပြောဆိုသည်။

သူတို့က ရွာကိုလည်း မီးရှို့တယ်။ အခုတစ်ခါ ကျန်နေခဲ့တဲ့အိမ်ကြီးအိမ်ကောင်းတွေကို ဖြိုဖျက်ပြီး သွပ်တွေကို ခွာယူတယ်။ ပျဉ်တွေ သစ်တွေကို ယူနေတယ်။မနေ့က ကျွန်တော်တို့ ခိုးပြီးရုတ်တရက်သွားကြည့်တာ စစ်သားတွေက သွပ်တွေကိုခွာယူတယ်။ကားနဲ့ကိုလာယူတာ။ မိန်းမတွေတောင်ပါတယ်။ တင်းမရွာနားကို ကားနဲ့လာလို့ရတာက ဘယ်သူတွေရှိမလဲ။ တခြားလူတွေက ဝင်လို့ မရဘူး။ဘယ်သူကရောဝင်ရဲမှာလဲ။ ပြောရင်တော့မကောင်းပါဘူး။ စစ်တပ်ကလာယူနေတာပဲ"ဟုပြောသည်။

၎င်းသွပ်၊ ပျဉ်၊ သစ်များကို အိမ်များကို ဖြိုဖျက်ယူဆောင်ကာအပြင်တွင်ရောင်းချမှုများရှိနေသဖြင့် နေအိမ်ပိုင်ရှင်များ အနေဖြင်လည်း ရင်ထုမနာဖြစ်နေ၇သည်ဟု၎င်းက ပြောကြားသည်။

တင်းမကျေးရွာသည် အိမ်ခြေ(၆၀၀)ကျော်ရှိသည့် ရွာကြီး တစ်ရွာဖြစ်ပြီး ရွာအနီး ရက္ခိုင့်တပ်တော် အေအေနှင့် တိုက်ပွဲပြီးနောက်  ၂၀၂၀ ခုနှစ် မတ်လ ၂၂ ရက်က စစ်တပ်က ရွာကို မီးရှို့ခဲ့သည်။

"မီးလောင်သွားတာက အိမ်တစ်ရာကျော်လောက်ရှိတယ်။ ကျန်တဲ့ အိမ်တွေကိုလည်း ဒီလိုဖျက်နေမယ်ဆို ဘယ်လောက်ကြာမလဲနော်။တမင်တကာ ရည်ရွယ်ချက်ရှိရှိဖျက်ဆီးနေလို့ ထင်တယ်။ ဒါတွေကို အထက်ကတာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေကိုလည်း တားမြစ်စေချင်တယ်။ အေအေတပ်တော်အနေနဲ့လည်းလူထုအသက်အိုးအိမ်တွေကိုကာကွယ် စောင့်ရှောက်နေတဲ့ အဖွဲ့ဖြစ်တဲ့အတွက်  ဒါတွေကို တားမြစ်ဖို့လိုပါမယ်။ ူထုတွေမှာ ကျန်ခဲ့တဲ့ ပစ္စည်းတွေကိုမပျက်စီး မဆုံးရှုံး၇အောင် ားမြစ်ပေးစေချင်တယ်" နောက်ထပ် ကျေးရွာလူကြီးတစ်ဦးက ပြောသည်။

စစ်သားများသည်ရွာအနီးအနားက တောင်များတွင် စခန်းချနေထိုင်နေကြသလိုတချို့စစ်သားများမှာ ရွာထဲတွင်လည်း လာရောက်နေထိုင်ကြသည်ဟု သိ၇သည်။

မီးလောင်ကျန်ရှိခဲ့သည့်နေအိမ်များနှင့် ရွာဘုန်းတော်ကြီးကျောင်းမှ သင်္ကန်းအစရှိသည့်ပရိဘောဂများနှင့် သစ်၊သွပ်များအားလည်း ယူဆောင်မှုများရှိနေသည်ဟုဆိုသည်။

"ဖျက်ထားတဲ့အိမ်တွေမနည်းများသွားပြီ။ သစ်တွေယူသွားတယ်။ဒီအတိုင်း အိမ်တိုင်တွေနဲ့ ဟင်းလင်းကျန်ခဲ့တဲ့ အိမ်တွေလည်းရှိတယ်။ပြည်သူလူထုပိုင်ပစ္စည်းတွေကို လုယူနေကြတာ။ နွားတွေလည်း ရွာသားတွေမှာ အကောင် ၃၀၀ ကျော်လောက်ကျန်ခဲ့တယ်။စစ်တပ်က သတ်စားလို့ မကျန်တော့ဘူးဟု ၎င်းက ပြောသည်။  

တင်းမရွာသည် ကျောက်တော်မြို့နှင့် ပလက်၀မြို့အကြားတွင်တည်ရှိပြီး၎င်းကျေးရွာမှ ရွာသား ၂၀ ဦးခန့်ကိုလည်း ဇနီးသားမယားရှေ့မှ  စစ်တပ်က ကြိုးတုတ်ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့အချိန်ထိဆက်သွယ်မ၇ ပျောက်ဆုံးနေသဖြင့် သူတို့အားသတ်ပစ်လိုက်ပြီဟု မိသားစုများက ယုံကြည်နေကြသည်။

 ၂၀၂၀ခုနှစ် မတ်လအတွင်းက မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့ တင်းမကျေးရွာအနီးတွင်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် မြန်မာစစ်တပ် စစ်ကြောင်းတစ်ခုသည်တင်းမသစ်ကျေးရွာထဲကို ဝင်ရောက်လာပြီး ရွာသား ၈ ဦးကို မျက်နာဖုံးစွပ်ကြိုးတုတ်ကာဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး မတ်လ ၁၆ ရက်နေ့တွင် တစ်ဖန် တင်းမကြီးကျေးရွာမှ ရွာသား၁၀ ဦးကို ထပ်မံ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

 ထိုသို့ရွာသားများကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် တင်းမကြီးနှင့် တင်းမသစ်ကျေးရွာ ၂ရွာမှ ရွာသားများ အားလုံးကြောက်လန့်၍ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့၇ပြီးနောက် မတ် ၂၂ရက် တွင်စစ်တပ်က ရွာကိုစတင်မီးရှို့သဖြင့် နေအိမ် ၁၀၀ ကျော် မီးလောင် ပျက်စီးသွားခဲ့သည်။

တင်းမရွာသစ်နှင့်တင်းမကြီးကျေးရွာသည် လက်ရှိ အချိန်တွင် ခြုံ၊ နွယ်၊ ပိတ်ပေါင်းတို့ဖြင့်လွှမ်းခြုံနေပြီး တစ်ရွာလုံးပျက်စီးလုနီးပါး အခြေအနေ ဖြစ်နေပြီဟု ရွာသားများကပြောသည်။

တင်းမကျေးရွာသားများသည် ၃နှစ်လုံးလုံး နှစ်ရှည်လများ ကျောက်တော်မြို့ပေါ်ရှိစစ်ဘေးရှောင်စခန်းများနှင့် ညောင်ချောင်း စစ်ဘေးရှောင်စခန်းတို့တွင်စစ်ဘေးရှောင်လျှက် နေထိုင်နေကြဆဲဖြစ်သည်ဟု သိ၇သည်။ (NN-7)

#စစ်ကောင်စီ#အကြမ်းဖက်#ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.