နိရဉ္စရာ၊ ဖေဖော်ဝါရီ၈/၂၀၂၃
ပုဒ်မ ၅၀၅-က၊ ပုဒ်မ၁၇(၁)တို့ဖြင့် တရားစွဲဆိုခံထား၇သည့် လူထုဇော်ဝင်းပါ ၆ ဦး၏အမှုကို ယနေတွင် ကျောက်တော်မြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့သော်လည်းအမှုများကို တစ်စုံတစ်ရာ စစ်ဆေးခြင်း မပြုလုပ်ဘဲ ရုံးချိန်းထပ်မံရွေ့ဆိုင်းလိုက်သည်ဟု မိသားစုဝင်များကပြောသည်။
ယနေ့ ဖေဖော်ဝါရီ၈ ရက် နေ့လယ် ၁၂ နာရီခွဲအချိန်ခန့်က ကျောက်တော်မြို့နယ် တရားရုံးတွင် ပုဒ်မ ၅၀၅-က ဖြင့်တရားစွဲဆိုခံထား၇သည့် ကျောက်တော်မြို့မှ လူမှုရေးလှုပ်ရှားသူဦးဇော်ဝင်းပါ ၃ ဦး၊ ပုဒ်မ ၁၇(၁)ဖြင့်တရားစွဲဆိုခံထားရသည့်ကျောက်တော်မြို့ ကဝိရတနာစစ်ရှောင်စခန်းမှ အရပ်သား ဆေးဆရာ စစ်ရှောင် ဦးကျော်ဟိန်းပါ ၂ဦးနှင့် မင်းပြားမြို့မှ အပျော်တမ်း ဓာတ်ပုံဆရာဦးစောမိုးကျော်တို့ စုစုပေါင်း ၆ ဦးကို တစ်ချိန်တည်းတွင်ရုံးထုတ်ခဲ့သည်ဟု သိ၇သည်။
သို့သော်လည်း သူတို့၆ ဦးစလုံး၏အမှုကို တစ်စုံတစ်ရာ စစ်ဆေးခဲ့ခြင်းမရှိဘဲ လာမည့် ဖေဖော်ဝါရီ ၂၂ ရက်ကိုထပ်မံရုံးချိန်းလိုက်သည်ဟု သူတို့နှင့်နီးစပ်သူတစ်ဦးကပြော
“ရုံးထုတ်လို့ပြီးပါပြီ။ ဘာမှမစစ်ပါ။ ၅၀၅-က နဲ့ သုံးယောက်တစ်ဖွဲ့။ ပြီးတော့ ၁၇(၁)နဲ့ သုံးယောက်ပါ။ ၁၇(၁)မှာလည်း နှစ်ဖွဲ့ကွဲသွားတယ်။ အခုအဖွဲ့က စိုးမိုးကျော်၊ ကျော်ဟိန်း၊ မောင်စောသာပါ။သူတို့ ၆ ယောက်ကို အတူရုံးထုတ်တယ်။ ၅၀၅-က မှာက တရားခံပြသက်သေစစ်မယ့်ဟာကိုမစစ်ဘူး။ သက်သေတွေလည်း ရောက်တယ်၊ တရားသူကြီးလည်းရှိတယ်၊ ဘာလို့မစစ်လဲ မသိဘူး။၁၇(၁)မှာတော့ တရားလိုမရောက်တာရှိတယ်”ဟု ပြောဆိုသည်။
ပုဒ်မ ၅၀၅-ကဖြင့် တရားစွဲဆိုခံထား၇သူ သုံးဦးဖြစ်သည့် ကျောက်တော်မြို့ ပြည်တော်သာရပ်ကွက်မှဦးဇော်ဝင်း(၄၃)နှစ်၊ ပန်းဖဲချောင်းကျေးရွာမှ ဆေးလိပ်ကုမ္ပဏီဝန်ထမ်းကိုဇော်မိုးထက်(၂၈) နှစ်နှင့် ခေါင်းတုတ်ကျေးရွာမှ အိန္ဒိယသုံးဘီး(ဒေသအခေါ် တုတ်တုတ်) မောင်းသူ ဦးကျော်သန်းမောင် (၅၁) နှစ်တို့၏ အမှုတွင်ကိုဇော်မိုးထက်၏ တရားခံပြသက်သေတစ်ဦးကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၄ ရက်ရုံးချိန်းက စစ်ဆေးထားပြီး ကျန်သောသူများ၏တရားခံပြသက်သေမျ
ထို့အပြင် ပုဒ်မ၁၇(၁)ဖြင့် တရားစွဲဆိုခံထား၇သည့် ကျောက်တော်မြို့ ကဝိရတနာစစ်ရှောင်စခန်းမှအရပ်သားဆေးဆရာ စစ်ရှောင် ဦးကျော်ဟိန်း(၄၀) နှစ်၊ ကျောက်တော်မြို့နယ်သရက်တပင်ကျေးရွာမှ ဦးမောင်စောသာ(၅၃) နှစ်နှင့် မင်းပြားမှအပျော်တမ်းဓာတ်ပုံဆရာ ဦးစောမိုးကျော်တို့ အမှုတွင်ဆိုလျှင်လည်း တရားလိုမရောက်ဘဲရုံးချိန်းရွေ့ဆိုင်းနေသည်မှာ ၈ ကြိမ်ထက်မနည်း ရှိနေပြီဖြစ်သည်။
၇ခိုင်တွင်တကျော့ပြန်တိုက်ပွဲကာလအတွင်း မြန်မာစစ်ကောင်စီတပ်က အပြစ်မဲ့ပြည်သူ၃၂၄ ဦးကို ဖမ်းဆီးခဲ့ပြီး ယင်းအထဲက ၈၅ ဦးကို ပြန်လွှတ်ပေးခဲ့သော်လည်းအများစုမှာ လက်ရှိအချိန်အထိ ဖမ်းဆီးချုပ်နှောင်ခံထားရဆဲဖြစ်