နိရဥ္စရာ၊ဖေဖော်ဝါရီ ၈/၂၀၂၃
၇ခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ထူးချေကျေးရွာတွင် စစ်ကောင်စီတပ်မှထွက်ပြေးလာသည့် စစ်သား (၂) ဦး၏ ပစ်ခတ်မှုကြောင့်ငါးဖမ်းသမားတစ်ဦးရေထဲကျ ပျောက်ဆုံးနေပြီး နောက်တစ်ဦးမှာ အသက်ဘေးက လွတ်မြောက်လာကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာယနေ့ ဖေဖော်ဝါရီ ၈ ရက် နံနက် ၅နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တပ်ကလက်နက်များ ယူဆောင်ထွက်ပြေးလာသူ စစ်သားနှစ်ဦးသည် မြေပုံမြို့နယ်၊ ထူးချေကျေးရွားမှ ငါးဖမ်းသမားနှစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ရာမှ တစ်ဦး၏ ပေါင်ကိုထိမှန်ပြီးရေထဲပြုတ်ကျကာ ပျောက်ဆုံးနေပြီး နောက်တစ်ဦးကို ရေထဲက ကန်ချခံခဲ့၇သော်လည်း အသက်မသေဘဲ ပြန်လည် လွတ်မြောက် လာသည်ဟု သတင်းရရှိသည်။
ပေါင်ကို သေနတ်ထိမှန် ပျောက်ဆုံးနေသူမှာ ဦးမောင်ဆန်းညွန့်(၃၆နှစ်)ဖြစ်ပြီး အသက်ဘေးကလွှတ်မြောက်လာသူမှာ ကိုဇော်မင်းသိန်း (၂၆ နှစ်)တို့ ဖြစ်သည်။
ကျေးရွာသားတစ်ဦး၏ ပြောပြချက်အရ မြေပုံမြို့နယ် ထူးချေကျေးရွာမှစက်လှေပိုင်ရှင် ဦးမောင်ဆန်းညွှန့်နှင့် ကိုဇော်မင်းသိန်းတို့သည် မြေပုံမြို့နယ် သံသမမီးပြကျောက်ဆောင်အနီးတွင် ယနေ့ နံနက် အစောကြီးက ဟွန်ဒါစက်လှေတစ်စီးဖြင့် ငါးပိုက်ဖော်နေကြစဉ် တပ်က ထွက်ပြေးလာကြသည့် စစ်သားနှစ်ဦးသည် မော်တော်ဘုတ်တစ်စီးဖြင့် ဘေးနားကိုရောက်ရှိလာပြီး မအော်ရန်နှင့် အော်က ပစ်သတ်လိုက်မည်ဟုပြောဆိုကာ သေနတ်ဖြင့် ချိန်ရွယ်ထားကြောင်း၊ ၎င်းနောက် သူတို့ အား ကမ်းသို့ လိုက်ပို့ခိုင်းခဲ့ကြောင်း၊သို့သော်လည်း ပိုက်ဖော်နေချိန်ဖြစ်သဖြင့် ကြန့်ကြာနေ၍ ပိုက်ဖော်နေသူ ဦးမောင်ဆန်းညွှန့်၏ပေါင်ကို သေနတ်ဖြင့် ပစ်ကာ စက်လှေပေါ်တွင်ရှိနေသူ ကိုဇော်မင်းသိန်းအားရေထဲကန်ချကာ ဟွန်ဒါစက်လှေကိုမောင်းယူသွားခဲ့သည်ဟု သိ၇သည်။
ပေါင်ကို သေနတ်ထိမှန်ခဲ့သူ ဦးမောင်ဆန်းညွန့်မှာ ယခုအချိန်ထိ ပျောက်ဆုံးနေပြီး ရေထဲ ကန်ချခံရသူ ကိုဇော်မင်းသိန်းကိုတစ်ရွာတည်းနေထိုင်သူ စက်လှေပိုင်ရှင်တစ်ဦးက ကယ်ဆယ်ခဲ့ရသည်ဟု သိ၇သည်။
ကျေးရွာသားတစ်ဦးက “ ဒီစစ်သားနှစ်ဦးကမြေပုံမြို့ သဲတန်းရပ်ကွက်ပညာဗောဂ ကျောင်းမှာ ယာယီတပ်စွဲနေတဲ့ စစ်ကောင်စီတပ်က ဖြစ်တယ်လို့ သိ၇ပါတယ်။အဲဒါ ဟွန်ဒါ စက်လှေကို လိုချင်လို့ ပိုင်ရှင်ကိုသေနတ်နဲ့ ပစ်ပြီး နောက်တစ်ဦးကို ရေထဲကို ကန်ချပြီး စက်လှေကို ယူပြီး ထွက်ပြေးသွားကြတာ။ဦးမောင်ဆန်းညွန့်က အခုအချိန်ထိ ရေထဲကျ ပျောက်ဆုံးနေတယ်။ သေဆုံးသွားပြီလို့ ထင်တယ်။ ကိုဇော်မင်းသိန်းကတော့ လွတ်မြောက်လာပါတယ် ” ဟု ရွာသားတစ်ဦးကပြောသည်။
စစ်သား၂ဦးသည် ဟွန်ဒါစက်လှေကိုမောင်ပိုင်စီးပြီး ထွက်ပြေးသွားကြသည်ဟု ဆိုသည်။
အမည်မဖော်လိူသူ ဦးမောင်ဆန်းညွန့်နှင့်နီးစပ်
လက်ရှိမှာ ပျောက်ဆုံးနေသူ ကိုမောင်ဆန်းညွန့်ကိုရှာဖွေနေဆဲဖြစ်ပြီး ရှာမတွေ့သေးကြောင်း သိ၇သည်။
အဆိုပါ ထွက်ပြေးသွားသည့် စစ်သားနှစ် ကျန်စစ်ကောင်စီတပ်သားများကလိုက်လံ ရှာဖွေနေကြပြီး အင်အား ၂၀ ခန့်ရှိသည့် စစ်ကောင်စီတပ်သား ၂၀ ခန့်သည် လက်ရှိထူးချေရွာကို ရောက်ရှိနေသည်ဟု အမည်မဖော်လိုသူတစ်ဦးက ပြောသည်။
နောက်ဆုံးရရှိသော သတင်းအရ၎င်းစစ်သားနှစ်ဦးမှာ မြေပုံမြို့နယ် ငရီပြင်ကမ်းသို့ အရောက်တွင် အေအေထံ လက်နက်ချခဲ့ပြီး သူတို့နှစ်ဦးကိုရက္ခိုင့်တပ်တော် အေအေက ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု သတင်းများရရှိသည်။
အသက်ဘေးမှ လွှတ်မြောက်လာသူ ကိုဇော်မင်းသိန်းလည်း မိမိနေအိမ်သို့ မွန်းလွဲ ၂ နာရီခန့်တွင် ပြန်ရောက်လာပြီးနောက်အေအေကိုခေါ်ဆောင်သွားသည်ဟု ကျေးရွာသား တစ်ဦးက ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ရက္ခိုင့်တပ်တော်သို့ ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါသည်။ ၇ခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူ၇ကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွ