Preview

ဘူးသီးတောင်တွင် ၅ရက်ကြာပျောက်ဆုံးနေသည့် ခမီအမျိုးသားတစ်ဦး ဓားခုတ်ဒဏ်ရာများဖြင့် သေဆုံးလျှက်တွေ့ရှိ

ဖေဖော်ဝါရီ ၀၉/ ၂၀၂၃ | ကြည့်ရှုသူ :7773
ရခိုင် သတင်း

နိရဉ္စရာ၊ဖေဖော်ဝါရီ ၉/ ၂၀၂၃

 

၇ခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ကျောင်းတောင်အုပ်စု၊ ဂန္ဒာရုံး(ခမီ)ကျေးရွာမှ ၅ရက်ကြာ ပျောက်ဆုံးနေသည့် ခမီအမျိုးသားတစ်ဦးကို ဓားခုတ်ဒဏ်ရာများဖြင့် သေဆုံးလျှက်တွေ့ရှိသည်ဟုသတင်းရရှိသည်။

 

အဆိုပါသေဆုံးနေသည့်ခမီအမျိုးသားမှာ အသက်(၄၀)ကျော်အရွယ် ဦးစိန်ဖြူဖြစ်သည်။

 

၎င်းကို ယမန်နေ့ဖေဖော်ဝါရီလ၈၇က မွန်းလွဲ၂နာရီအချိန်ခန့်တွင် ဂန္ဒာရုံး(ခမီ)ကျေးရွာအနောက်ဘက်ရှိ မိနစ်၂၀ခန့်သွားရသည့် ကျောင်းတောင်ကျေးရွာတောစပ်အနားတွင် ဘယ်ဘက်နားရွတ်ပြတ်လျှက်ခန္ဓာကိုယ်တွင်လည်း ဘယ်ဘက်ရင်ဘတ်တွင် ဓားခုတ်ဒဏ်ရာများဖြင့်သေဆုံးလျှက်တွေ့ရှိခြင်းဖြစ်သည်ဟုသိ၇သည်။

 

"သေနေတာတော့ခန္ဓာကိုယ်မှာဓားခုတ်ရာတွေနဲ့။ ဘယ်ဘက်နားရွက်လည်းဖြတ်ခံထား၇တယ် ဗိုက်တွေလည်းပွင့်နေတယ်။ ရွာသားတွေက ပျောက်သွားတဲ့နေ့ကနေ ရှာနေကြတာ။ ဒီနေ့ညနေပိုင်းကသေဆုံးလျှက်တွေ့တာ" ဟု ကျောင်းတောင်ကျေးရွာမှ အုပ်ချုပ်ရေးမှူးကပြောသည်။

 

သေဆုံးသွားသည့်ဦးစိန်ဖြူသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၄ရက်နေ့၊ ညနေပိုင်းက ငါးရှာရန်အ

တွက်နေအိမ်မှထွက်သွားခဲ့ခြင်းဖြစ်ပြီး အိမ်ပြန်မရောက်ပဲ ၅ရက်အကြာပျောက်ဆုံးနေခြင်းဖြစ်သည်။

 

၎င်းအားအနီးအနားရှိ ကျောင်းတောင်၊ စာကိုင်း၊ ပုံစံချောင်းစသည့်ကျေးရွာသားများကစုပေါင်းဝိုင်း

ဝန်းရှာဖွေသော်လည်ရှာမတွေ့ပဲပျောက်ဆုံးနေရာမှ အလောင်းကိုဓားဒဏ်ရာများဖြင့် ယမန်နေ့က တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု သိ၇သည်။

 

"ကျွန်တော်တို့ကသကိဆိုင်ရာကိုတော့တိုင်ထားတယ်။ ဒါပေမဲ့ ဘယ်အဖွဲ့က သတ်သွားလဲဆိုတာတော့ မသိရဘူး။အဲ့လိုမသိရတဲ့အတွက် လူသတ်မှုတစ်ခုဖြစ်တယ်ဆိုရုံလောက်ပဲ တိုင်ကြားထားတယ်" ဟုကျောင်းတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးကပြောသည်။

 

လက်ရှိတွင်ဦးစိန်ဖြူအလောင်းအား ကျေးရွာသို့ပြန်လည်သယ်ဆောင်သွားပြီး ကျေးရွာဓလေ့အ၇ ဖေဖော်ဝါရီလ ၁၀ရက်နေ့တွင်သင်္ဂြိုလ်သွားမည်ဟု သိ၇သည်။

 

သေဆုံးသွားသည့်ဦးစိန်ဖြူတွင် ဇနီးနှင့် သားသမီးငါးယောက်ကျန်နေခဲ့သည်ဟုလည်းသိ၇သည်။

 

ပြီးခဲ့သည့်၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ရက်နေ့က မောင်တောမြို့နယ်၊ ရွှေတောင်ကျေးရွာမှ ၇ခိုင်အမျိုးသား၂ဦး ဖြစ်ကြသည့် ဦးသိန်းထွန်း (၂၈) နှစ်နှင့် ဦးဘသန်း (၃၆)နှစ်တို့သည်နေအိမ်အတွက် လိုအပ်သည့် ဝါးများခုတ်ရန် တောထဲသို့သွားရာကနေ သတ်ဖြတ်ခံခဲ့၇ပြီး၎င်းနှစ်ဦး၏ ခန္ဓာကိုယ်အားဓားများဖြင့် အပိုင်းပိုင်းပြတ်ခုတ်ဖြတ်ပြီး မြေမြုပ်ထားသည်ကို  ကျေးရွာသားများက တောထဲတွင် ရှာဖွေတွေ့ရှိခဲ့သည်။(NN-12)

#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.