နိရဉ္စရာ၊ဖေဖော်ဝါရီ ၉/၂၀၂၃
The Model Tachileik organization မှ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် ကျင်းပခဲ့သောMiss TMT 2023 ပြိုင်ပွဲတွင်Winner ဆုကို ၇ခိုင်အလှမယ် မစိုးထက်နွယ်ကရရှိခဲ့ကြောင်း သိ၇သည်။
အဆိုပါMiss TMT 2023 ပြိုင်ပွဲ၏Grand final show ကိုယမန်နေ့ ဖေဖော်ဝါရီလ ၈ ရက်က၊ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင်ကျင်းပခဲ့ရာ ၇ခိုင်ပြည်နယ်၊ စစ်တွေမြို့အခြေစိုက် AkyabStars Arts and Talent centreမှ သွားရောက်ယှဉ်ပြိုင်ခဲ့သည့်၇ခိုင်အလှမယ် မစိုးထက်နွယ်က Miss TMT 2023 winner ဆုကို ရရှိခဲ့ခြင်းဖြစ်သည်။
မစိုးထက်နွယ်သည် ၎င်းပွဲမှWinnerဆုအပြင်Miss Friendship Award၊Miss Congeniality Awardနှင့်Miss Intelligence Award တို့ကိုလည်းရရှိခဲ့သည်။
အလှမယ် မစိုးထက်နွယ်သည်အသက် ၂၄ နှစ်ရှိပြီဖြစ်ကာ စစ်တွေမြို့ရှိ ကိုယ်ပိုင်မူလတန်းကျောင်းတွင်ကျောင်းဆရာမတစ်ဦးအဖြစ် လုပ်ကိုင်နေသူလည်းဖြစ်သည်။
Miss TMT 2023 winner ဆုရရှိခဲ့သည့်အတွက်မည်သည့် အလှမယ်ပြိုင်ပွဲများတွင် ဆက်လက်ယှဉ်ပြိုက်၇မည်ကို လောလောဆယ်တွင် Organizationနှင့် ဆွေးနွေးနေဆဲဖြစ်သည်ဟုAkyab Stars Founder ကိုစံသာကပြောသည်။
ယခုကဲ့သို့Miss TMT 2023 Winner ဆုကိုရရှိခဲ့ပြီးAkyab Stars အတွက်ပထမဆုံးသော Crown ကိုယူလာပေးသည့်အတွက်ကျေးဇူးလည်းတင်ပြီး ဂုဏ်လည်းယူကြောင်း Akyab Stars founder ကိုစံသာက ပြောသည်။
"အဓိကတော့ ဂုဏ်ပြုစကားပါ။Congratulations ပါ။အမှန်တကယ်လည်း ဂုဏ်ယူပါတယ်။ ပြိုင်ပွဲကတော့ Camp ၁၀ ရက်ဝင်ပြီးပြိုင်၇တာဖြစ်ပါတယ်။ ကျနော်တို့ဘက်က ဘယ်လောက်ပဲ လေ့ကျင့်ပေးပေးအလှမယ်ကိုယ်တိုင်ကိုက အမှန်တကယ်ကြိုးစားပြီး ယှဉ်ပြိုင်ရတာဖြစ်ပါတယ်။၇လဒ်ကတော့ ပြိုင်ပွဲဝင်အပေါ်မှာ အများကြီးအကျိုးသက်ရောက်မှုရှိ
အဆိုပါ ရှမ်းပြည်တယ်၊တာချီလိတ်မြို့တွင် ကျင်းပခဲ့သည့် Miss TMT 2023 ပြိုင်ပွဲတွက် အနယ်အနယ်အရပ်ရပ်မှ အလှမယ်၂၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်းသိ၇သည်။
Miss TMT 2023 winnerဆုကိုရရှိခဲ့သည့် မစိုးထက်နွယ်သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကကျင်းပခဲ့သည့် Miss Universe Myanmar 2022ပြိုင်ပွဲတွင် Top 10 အထိပါဝင်ခဲ့သူလည်းဖြစ်ပြီး Miss Burma Sittwe 2021 လည်းဖြစ်ကြောင်းသိ၇သည်။
(NN-8)