Preview

AA နှင့်ဆက်စပ်သံသယဖြင့် ဖမ်းဆီးတရားစွဲခံထားရသည့် သံတွဲမှ လူမှုရေးလှုပ်ရှားသူ ကိုစန်းကိုအပါအဝင် ၁၃ ဦးကို ဖေဖော်ဝါရီ ၁၅ ရက်တွင် အပြီးသတ်အမိန့်ချမည်

ဖေဖော်ဝါရီ ၀၉/ ၂၀၂၃ | ကြည့်ရှုသူ :7556
ရခိုင် သတင်း

နိရဥ္စရာ၊ ဖေဖော်ဝါရီ၉/၂၀၂၃
ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)ဖြင့် တရားစွဲခံထား၇သည့်သံတွဲမှ လူမှုရေးလှုပ်ရှားသူကိုစန်းကိုအပါအဝင် ၁၃ ဦးကို ဖေဖော်ဝါရီလ ၁၅ ရက်တွင် အပြီးသတ်အမိန့်ချမှတ်သွားမည်ဟုမိသားစုဝင်များက ပြောသည်။
ယမန်နေ့ရုံးထုတ်ခံရသူများတွင်သံတွဲမြို့မှ လူမှုရေးလှုပ်ရှားဆောင်ရွက်သူ ကိုစန်းကို၊ ပြည့်ဖြိုးသန္တာ ဆောက်လုပ်ရေးကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ကျော်ဝင်း၊ သံတွဲခရိုင်ထွေ/အုပ်ဝန်ထမ်း ကိုဝင်းမောင်မောင်ဖြိုး၊ကိုခင်မောင်အေး၊ ကိုသန်းရွှေမောင်နှင့် ကိုစိန်သောင်းတို့အပါအဝင်၁၃ ဦးဖြစ်သည်။
သူတို့ကို ယမန်နေ့ ဖေဖော်ဝါရီလ၈ ရက် နံနက်တွင် သံတွဲမြို့နယ်တရားရုံး၌ ရုံးထုတ်ခဲ့စဉ် ဖေဖော်ဝါရီလ ၁၅ရက်တွင်အပြီးသတ်အမိန့်ချမှတ်မည်ဟု မြို့နယ်တရားသူကြီးကတရားခွင်၌ပြောဆိုခဲ့ကြောင်း တရားစွဲခံထားရသူများတွင်ပါဝင်သည့် ငပလီမြို့၊ဂျိတ္တောရပ်ကွက်မှ ဦးခင်မောင်အေး(၃၈)နှစ်၏မိသားစုဝင်တစ်ဦးကနိရဥ္စရာကိုပြောသည်။
သူတို့ကို အဲဒီနေ့မှာအပြီးသတ်အမိန့်ချမယ်လို့ တရားသူကြီးက တရားခွင်မှာပြောခဲ့တာပါ။ ကျမတို့လည်းတရားခွင်မှာ ဝင်လို့၇တယ်လေ။ ဝင်ခွင့်ပေးခဲ့ပါတယ်ဟု ပြောသည်။
ကိုခင်မောင်အေးသည် ပြီးခဲ့သည့်၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက် ည ၁၀ နာရီခွဲခန့်တွင် တောင်ကုတ်မြို့မှသံတွဲသို့ ဆိုင်ကယ်ဖြင့်လာစဉ် လမ်းတွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးခံခဲ့၇ခြင်း ဖြစ်သည်။
ယင်းနောက် သူသည်မှောင်ရိပ်ခိုမှုဖြင့် ထောင် ၁ ချမှတ်ခံခဲ့၇သလို လိုင်စင်မဲ့ဆိုင်ကယ် စီးနင်းသည်ဟုဆိုကာထပ်မံကာ ထောင် ၁ နှစ်ချမှတ်ခံခဲ့၇သည်ဟု မိသားစုဝင်က ပြောသည်။
ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်တွင် လွတ်ရက်စေ့၍ ထောင်မှတ်လွတ်မြောက်ခဲ့သော်လည်းမတရားအသင်းနှင့်ဆက်သွယ်သည်ဟုဆိုကာ ထောင်ဗူး၀မှနေ၍ ထပ်မံဖမ်းဆီးပြီး ပုဒ်မ၁၇(၁)ဖြင့် ထပ်မံ တရားစွဲခံနေ၇ခြင်းဖြစ်သည်ဟု သူ၏ မိသားစုဝင်တစ်ဦးက ပြောသည်။
သူတို့က လာမဲ့ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာနဲ့လွတ်ဖို့ဟာကိုပဲမျှော်ကိုးကြတယ်။ တကယ်တမ်း မလွတ်ခဲ့ဘူးဆိုရင်တောင် တရားသူကြီးရဲ့အမိန့်ကိုပဲခံ၇မှာပေါ့ဟုပြောသည်။
သံတွဲခရိုင်ထွေ/အုပ်ဝန်ထမ်းကိုဝင်းမောင်မောင်ဖြိုး(၃၄)နှစ်၏မိသားစုဝင်တစ်ဦးကလည်း လာမည့်ပြည်ထောင်စုနေ့ဖြစ်သည့် ဖေဖော်ဝါရီလ ၁၂ ရက်တွင် မိသားစုထံ ပြန်လည်ရောက်လာစေလိုသည်ဟုနိရဥ္စရာကိုပြောသည်။
မိသားစုအနေနဲ့ကလည်း အရမ်းအခက်အခဲဖြစ်နေပါတယ်။သူ အဲဒီမှာနေနေ၇တာလည်း ၄ လကျော် ကြာသွားပြီ။ အိမ်မှာကလည်း ကလေးတွေနဲ့ဆိုတော့လေ။သူ့အဖေဆိုလည်း နေမကောင်းတာ၊ လေဖြန်းထားတာနဲ့ဆိုတော့အဲလိုဖြစ်နေပါတယ်။ ဒါကြောင့် ပြန်ပြီးလာစေချင်ပါတယ်။ ၁၂ ရက် နေ့ကိုတော့မျှော်မှန်းနေကြပါတယ်။ အိမ်ပြန်လာမလားဆိုပြီးတော့ပေါ့ဟု ပြောသည်။
ကိုဝင်းမောင်မောင်ဖြိုးသည်ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ရ ရက်တွင် သံတွဲခရိုင်ထွေ/အုပ်ရုံး၌တာဝန်ထမ်းဆောင်နေစဉ်အတွင်းဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)အပါအဝင်နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာဥပဒေပုဒ်မ ၅၀၅(က)တို့ဖြင့်အမှုဖွင့်တရားစွဲဆိုခံခဲ့၇ခြင်းဖြစ်သည်။
၇ခိုင်တွင်ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ဖြစ်ပွားခဲ့သည့် တကျော့ပြန်တိုက်ပွဲကာလ၌သံတွဲမြို့၊ ငပလီမြို့နှင့် သံတွဲမြို့နယ်တွင်းရှိ ကျေးရွာအများအပြားမှဒေသခံ ၄၀ ဦးခန့် ပုဒ်မ ၁၇(၁)ဖြင့် တရားစွဲခံနေ၇ကြောင်း မိသားစုဝင်များကပြောဆိုကြသည်။ (NN-2)

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.