Preview

ပုဒ်မ ၁၇(၁) ကျောက်ဖြူဒေသခံနှစ်ဦး၏အမှု စစ်ကောင်စီတရားလို ၉ ကြိမ်ပျက်၊ နိုင်ငံမှာ ဥပဒေမဲ့နေပြီဟု မိသားစုများဆို

ဖေဖော်ဝါရီ ၀၉/ ၂၀၂၃ | ကြည့်ရှုသူ :4450
ရခိုင် သတင်း

နိရဉ္စရာ၊ ဖေဖော်ဝါရီ/၂၀၂၃


ရက္ခိုင့်တပ်တော် (AA) ကို သတင်းပေးပို့သည်ဟုဆိုကာမတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁) ဖြင့် တရားစွဲဆိုခံထားရသည့်ကျောက်ဖြူမြို့နယ် မင်းတက်တောင်ကျေးရွာက ဒေသခံပြည်သူ ၂ ဦးကို ကျောက်ဖြူမြို့နယ် တရားရုံးတွင်ရုံးထုတ်ခဲ့သော်လည်း စစ်ကောင်စီတရားလို မရောက်၍ အမှုကို မစစ်ဆေးရဘဲနောက်ထပ် ရုံးချိန်း ထပ်ရွှေ့လိုက်သည်ဟု သတင်းရရှိသည်။

 

ဖေဖော်ဝါရီရ ရက် နေ့လယ် ၂ နာရီအချိန်ခန့်က ဦးသိန်းတန်(၄၇)နှစ်နှင့်ဦးတင်အောင်(၅၀)နှစ်တို့ ၂ ဦးကို ၉ ကြိမ်မြောက်ရုံးထုတ်ခဲ့သော်လည်းတရားလိုရောက်မလာ၍ ရုံးချိန်းရက်ကို ထပ်မံ ရွှေ့ဆိုင်းခံလိုက်၇သည်ဟု မိသားစုဝင်များကပြောဆိုလိုက်သည်။


မနေ့ကလည်း ဘာမှမစစ်ဘူး။ ဝင်ပြီးတာနဲ့ ထွက်လာပြီ။ တရားလိုမရောက်တာ ၉ ကြိမ်ရှိပါပြီ။ တရားလိုဘာလို့မရောက်တာလဲ သိချင်ပါတယ်။ တရားလို လာချင်တဲ့အချိန်မှ လာပြီး၊ စစ်ချင်တဲ့ အချိန်မှစစ်မယ်ဆိုရင် တရားမရှိတော့ဘူးလားလို့ မေးချင်ပါတယ် နိုင်ငံမှာ ဥပဒေမရှိတော့ဘူးလားဟု ဆိုသည်။


သူတို့ ၂ ဦးကိုလာမည့် ဖေဖော်ဝါရီ ၂၁ ရက်ကို ထပ်မံရုံးချိန်းလိုက်သည်ဟု သိ၇သည်။


ထို့အပြင် ဖမ်းဆီးခံမိသားစုဝင်များမှာလည်း ရုံးချိန်းများကို တစ်ပတ်လျှင် တစ်ကြိမ်ဆိုသကဲ့သို့ မင်းတက်တောင်ကျေးရွာမှကျောက်ဖြူမြို့ပေါ်သို့လာနေကြရသည့်အတွက် ခရီးစရိတ်များကုန်ကျနေကာသွားလာရေးအခက်အခဲများနှင့်ကြုံတွေ့နေ၇သည်ဟု ဆိုကြသည်။


မနေ့ကဆိုရင်လည်း ကျောက်ဖြူမှာလိုင်စင်စစ်တယ်လေ။ ဒါကြောင့် သုံးဘီးတို့၊ ဆိုင်ကယ်တို့ တစ်စီးမှ မရှိဘူး။ရုံးချိန်းပြီးလို့ အိမ်ပြန်ဖို့ သုံးဘီးရှာတာ မတွေ့ဘူး။ ၉ မိုင်ဝေးတဲ့ခရီးကို၅ မိုင်လောက် ခြေလျင်လျောက်ပြီးပြန်လာခဲ့ရတယ်။ လမ်းထက်ဝက်ရောက်မှသုံးဘီးတစ်စီးတွေ့လို့ ငှားလာခဲ့ရတယ်။ ပုံမှန် ထက် ခရီးစရိတ်ကိုထက်ဝက်အပိုပေးပြီးလာခဲ့၇ပါတယ်ဟုပြောသည်။


ဦးတင်အောင်ကို ပြီးခဲ့သည့်၂၀၂၂ ခုနှစ် နိုဝင်ဘာ ၆ ရက် ညနေ ၃ နာရီခန့်က သူစာဖိုးမှူးလုပ်ကိုင်နေသည့်နတလကျောင်းမှ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဦးသိန်းတန်ကိုမူ ယင်းနေ့ ည ၉နာရီအချိန်ခန့်က ကျောက်ဖြူအခြေစိုက် စစ်ကောင်စီ တပ်ရင်းမှ စစ်ကောင်စီတပ်သားအင်အား ၁၀ ကျော်ခန့်က သူ့နေအိမ်အတွင်းမှ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်ဟုဖြစ်သည်။


ထို့နောက် သူတို့နှစ်ဦးကိုပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၁၃ ရက်က ကျောက်ဖြူမြို့နယ်တရားရုံးတွင် ပုဒ်မ၁၇(၁) ဖြင့် ချုပ်ရက်၇မန်ယူခဲ့ပြီး ယင်းနောက်ပိုင်းရုံးချိန်များကို တရားလိုများက လုံး၀ရောက်လာခဲ့ခြင်း မရှိဘဲ ရုံးချိန်းရက်များကို အကြိမ်ကြိမ်ရွေ့ဆိုင်းနေသည်မှာယမန်နေ့က ရုံးချိန်းနှင့်ဆိုလျှင် ၉ ကြိမ်အထိ ရှိလာနေပြီဖြစ်သည်။


သူတို့နှစ်ဦးကိုလက်ရှိတွင် ကျောက်ဖြူအကျည်းထောင်၌ဖမ်းဆီးထိန်းသိမ်းထားပြီး ဦးသိန်းတန်မှာ ဖမ်းဆီးခံရသည့်အချိန်ကရိုက်နှက်စစ်ဆေးခံ၇သည့် ဒဏ်ကြောင့် နားထိုင်းနေသည်ဟု သိရကာ အကျည်းထောင်တွင်ကျန်းမာရေးစောင့်ရှောက်မှုများလည်း မ၇ဖြစ်နေသည်ဟုဆိုသည် သူ့၏မိသားစုဝင်တစ်ဦးကပြောသည်။


ကျောက်ဖြူတွင်စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ တကျော့ပြန်တိုက်ပွဲပြင်းထန်ခဲ့သည့် ကာလအတွင်း စစ်ကောင်စီတပ်က ဒေသခံ ၃၀ဦးထက်မနည်းကို ဖမ်းဆီးထားပြီး ဖမ်းဆီးခံရသည့်အထဲတွင် အစိုး၇ဝန်ထမ်းများလည်းပါဝင်နေသည်။(NN-3)

 

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.