နိရဉ္စရာ၊ ဖေဖော်ဝါရီ ၉/၂၀၂၂
ဘ၀တူမြန်မာပြည်သားတိုင်းရင်းသားပြည်သူလူထုများ၏ နိုင်ငံရေးဆန္ဒမျှော်မှန်းချက်များကိုအမြဲတမ်းလေးစားအသိအမှတ်ပြုပြီး ဘုံရပ်တည်ချက်ဘုံရည်မှန်းချက် တူညီသောသူများနှင့်တစ်သားတည်းရပ်တည်လျက်ရှိကြောင်း တအာင်း (PSLF/TNLA) ၊ကိုးကန့်(MNTJP/MNDAA) နှင့် ရက္ခိုင် ULA/AAတို့ပါဝင်သည့် ညီနောင်မဟာမိတ် (၃) ဖွဲ့က မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဖွဲ့စည်းလှုပ်ရှားမှု (၂)နှစ်ပြည့်နေ့အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာတွင် ဖော်ပြသည်။
ညီနောင်မဟာမိတ် (၃) ဖွဲ့က မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဖွဲ့စည်းလှုပ်ရှားမှု (၂)နှစ်ပြည့်နေ့အခမ်းအနားသို့ ယနေ့ဖေဖော်ဝါရီ ၉ ရက်နေ့တွင် သဝဏ်လွှာပေးပို့ခဲ့သည်။
နွေဦးတော်လှန်ရေးကာလအတွင်းအသက်သွေးချွေးဘ၀အိုးအိမ်၊ ပိုင်ဆိုင်မှုမြောက်မြားစွာတို့ကို ရင်းနှီးပေးဆပ်တိုက်ပွဲဝင်နေကြသောသူများအားလုံးကိုလည်းကိုယ်ချင်းစာတရားအပြည့်အ၀ဖြင့် စာနာနားလည်ပြီး မိမိတို့ ညီနောင်မဟာမိတ် (၃)ဖွဲ့အနေဖြင့် ကူညီပံ့ပိုး၍ ရသည့်အရာများကို အတတ်နိုင်ဆုံးဆက်လက်ကူညီပေးသွားမည်ဖြစ်ကြောင်းဖြင့်လည်း သဝဏ်လွှာတွင်ဖော်ပြထားသည်။
(သဝဏ်လွှာအပြည့်အစုံကို ဤသတင်းနှင့် အတူဖော်ပြထားပါသည်။)