နိရဥ္စရာ၊ဖေဖော်ဝါရီ ၉/၂၀၂၃
ချင်းနိုင်ငံရေး ဦးဆောင်ကော်မတီ(CPSC)က ရက္ခိုင့်တပ်တော် (AA) ၏အောက်ခြေ တပ်သားများအနေနှင့်ချင်းလူမျိုးများအပေါ် ပြစ်မှုကျူးလွန်မှုများရှိသည်ဟုဆိုကာ ထုတ်ပြန်ချက်နှင့်ပတ်သက်၍စုံစမ်းစစ်ဆေးနေပြီး ပြစ်မှုထင်ရှားပါက ရက္ခိုင့်တပ်တော်(AA)၏ စစ်ဘက်ဆိုင်ရာစည်းမျဉ်းစည်းကမ်းများအ၇ အရေးယူးသွားမည်ဟု ရက္ခိုင့်တပ်တော် (AA)ပြောခွင့်၇ဦးခိုင်သုခက ပြောသည်။
"ကျနော်တို့ဘက်က စနစ်တကျစုံစမ်းစစ်ဆေးမှုတွေလုပ်နေတယ်ဗျ။ သူတို့ဘက်က စွပ်စွဲ ထုတ်ပြန်ထားသလိုမျိုး မြေပြင်မှာ တကယ် ကျူးလွန်ခဲ့ခြင်းရှိမရှိကိစ္စကို ကျနော်တို့ဘက်ကဆက်လက်ပြီးစုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေတာရှိတယ်။ ဒါကြောင့်မလို့ သူတို့ဘက်ကထုတ်ပြန်ထားသလို မြေပြင်မှာ တကယ်ကျူးလွန်ခဲ့ခြင်းရှိမရှိဆိုတဲ့ကိစ္စက ပြောဖို့တော့အချိန်စောသေးတယ်ဗျ။ အခုလုပ်နေတဲ့ စုံစမ်းစစ်ဆေးမှုတွေမှာ တကယ်သူတို့စွပ်စွဲထားသလိုမျိုးကျူးလွန်ကြောင်း ထင်ရှားလို့ရှိရင်တော့ ကျူးလွန်သူတွေကိုကျနော်တို့ ရက္ခိုင့်တပ်တော်ရဲ့ စစ်ဘက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေအ၇ကျနော်တို့ လိုအပ်သလို အရေးယူ ဆောင်ရွက်သွားမှာဖြစ်တယ်ဗျ" ဟုပြောသည်။
၂၀၂၃ ခုနှစ်ဇန်နဝါရီလ(၃၀ရက်နေ့ည ၈) နာရီခန့်တွင် ရက္ခိုင့်တပ်တော် (AA) ၏ အောက်ခြေတပ်သားများသည် မြေပုံမြို့နယ်တုတ်ချောင်း (ချင်း) ကျေးရွာမှ အပြစ်မဲ့ ဒေသခံချင်းလူမျိုးနှစ်ဦးအား ဖုန်းဖြင့်ဆင့်ခေါ်ခဲ့ကြပြီး အကြောင်းပြချက်တစ်စုံတရာ ပြောဆိုခြင်း မရှိဘဲ လက်ပြန်ကြိုး တုတ်ကာ အုပ်စုလိုက်ရိုက်နှက်မှုများ ကျူးလွန်ခဲ့ကြသည်ဟု သိရှိ၇ကြောင်း ဖေဖော်ဝါရီ (၉) ရက်နေ့တွင်ချင်းနိုင်ငံရေး ဦးဆောင်ကော်မတီ (CPSC) မှထုတ်ပြန်သည်။
ထိုကဲ့သို့ ရက္ခိုင့်တပ်တော်(AA) ၏အောက်ခြေ တပ်သားများမှ အုပ်စုလိုက် ရိုက်နှက်မှု ကြောင့် တစ်ဦးမှာ၎င်းနေရာ၌ပင် သတိမေ့မျောသွားခဲ့ပြီး ပြင်းထန်သည့် ဒဏ်ရာများ ရရှိခဲ့ကာယနေ့တိုင် ဆေးရုံတစ်ခုတွင် ဆေးဝါးကုသမှု ခံယူနေ၇ကြောင်း ဖော်ပြထားသည်။
၎င်းပြင် ယင်းကျူးလွန်မှုနှင့် ပတ်သက်၍ရက္ခိုင့်တပ်တော် (AA) ဘက်မှတာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် တစ်စုံတရာ ပြန်လည် ဖြေရှင်းပေးခြင်း မရှိသေးသည့်အပြင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)ဘက်မှလည်းနစ်နာသူများအတွက် တရားမျှတမှု ရရှိစေရန် စုံစမ်းစစ်ဆေးခြင်းနှင့်ကျူးလွန်သူများအား အရေးယူဆောင်ရွက်ခြင်း မရှိသေးကြောင်း ယင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ယင်းအပြင် ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ (၂) ရက်နေ့တွင် မင်းပြားမြို့နယ်၊ တောင်ရှည်ပြင် ကျေးရွာ၌ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ကျေးရွာအုပ်ချုပ်ရေးမှူးဦးဘခင်နှင့် ဗီတာ (၂) ဒု - စစ်ဒေသမှူး ဗိုလ်မှူး ခိုင်ကျော်တို့အငြင်းပွားကြရာ ၎င်းဗိုလ်မှူးမှ အဆိုပါ အုပ်ချုပ်ရေးမှူးအား ရိုက်နှက်ခဲ့သည့်အပြင်ရွာသူ/ရွာသားများကိုလည်း လက်နက် ထုတ်ပြ ကာ "ကားလမ်းဘေးမှ နေအိမ်များဖြိုဖျက်ပစ်၇မည်” ဆိုသည့်ခြိမ်းခြောက်မှုများ ရှိခဲ့ကြောင်း ရေးသားဖော်ပြထားသည်။
ယင်းအပြင် အထက်ပါဖြစ်စဉ်များနှင့် ဆက်စပ်၍ ရခိုင်ပြည်အတွင်း ရက္ခိုင့်တပ်တော် (AA) အောက်ခြေ တပ်သားများ၏ချင်းလူမျိုးများအပေါ် ကိုင်တွယ်ပြုမူပုံများမှာ လူ့အခွင့်အရေးချိုးဖောက်ကျူး လွန်မှုဘက်သို့ ဦးတည်လျက် ရှိနေသည်တစ်ဖက်တွင်လည်းရက္ခိုင်အမျိုးသားအဖွဲ့ချုပ်မှ ပြစ်မှုကျုးလွန်သူများအားစုံစမ်းစစ်ဆေးခြင်းနှင့် အရေးယူဆောင်ရွက်ခြင်း အားနည်းမှုတို့မှာရခိုင်ပြည်အတွင်းရှိ ချင်းလူမျိုးများ၏ အနာဂတ် လူမှုဘ၀လုံခြုံရေးအပေါ်များစွာစိုးရိမ်ဖွယ်ရာ ဖြစ်နေသည်ဟု CPSC မှ ရှုမြင်မိကြောင်း ရေးသားထားသည်။
CPSC ကရက္ခိုင်အမျိုးသားအဖွဲ့ချုပ်အနေဖြင့် အဆိုပါဖြစ်စဉ်များကို ပြန်လည်စုံစမ်းစစ်ဆေးပြီး ကျူး လွန်သူများအား ထိရောက်စွာ အရေးယူ ဆောင်ရွက်ပေးရန်နှင့်ကျူးလွန်ခံ၇သူများအတွက် တရားမျှတမှု ပြန်လည်ရရှိအောင်လုပ်ဆောင်ပေးရန် တိုက်တွန်းတောင်းဆိုထားသည်။
ရခိုင်ပြည်အတွင်းရှိ ချင်းတိုင်းရင်းသားဒေသများအတွင်း တရားစီရင်ရေးစနစ် ကောင်းမွန်စွာ လည်ပတ်နိုင်စေရေးအတွက်ချင်းဓလေ့ ထုံးတမ်းများနှင့် လိုက်လျော ညီထွေဖြစ်မည့်မျှတသည့် တရားစီရင်ရေး စနစ်တစ်ခု ဖြစ်ပေါ်စေရန် ရည်ရွယ်ပြီး “ချင်းဓလေ့ထုံးတမ်းဥပဒေ”ကိုCPSC ဘက်မှလည်းအကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းလျက် ရှိသည်ဟု ဖော်ပြထားသည်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်(ULA/AA) သည် ဒေသခံပြည်သူများအပေါ် အနိုင်ကျင့်စော်ကားမှုများအပေါ် ယခင်လည်း ထိထိရောက်ရောက်စစ်ဆေးအရေးယူများရှိခဲ့သည်ဟု ဦးခိုင်သုခက ပြောဆိုသည်။(NN-7)