နိရဉ္စရာ၊ ဖေဖော်ဝါရီ၁၀/၂၀၂၃
ရက္ခိုင့်တပ်တော်(AA)နှင့်မြန်မာစစ်ကောင်စီတပ်တို့ ဖြစ်ပွားခဲ့သည့် ၂၀၂၂ ခုနှစ် ဩဂုတ်လမှ နိုဝင်ဘာလအထိ တကျော့ပြန်တိုက်ပွဲ (၄)လတာကာလအတွင်း သေဆုံးခဲ့၇သူ အရပ်သား ၄၆ ဦးအတွက် အပစ်ရပ်စဲထားပြီ ဖြစ်သော်လည်း တရားမျှမှု တစ်စုံတစ်ရာမရရှိသေးဟု မိသားစုဝင်များက ပြောသည်။
နိရဉ္စရာမှပြုစုထားသော စာရင်းအ၇ပြီးခဲ့သည့်နှစ်သြဂုတ်လဆန်းပိုင်းမှစတင်ကာ နိုဝင်ဘာအထိ ဖြစ်ပွားခဲ့သော တကျော့ပြန်တိုက်ပွဲ ၄လတာ ကာလအတွင်းတွင်သေဆုံးခဲ့၇သူ ၄၆ ဦး၊ ဒဏ်ရာ၇သူ ၈၉ ဦးရှိခဲ့ပြီးနေအိမ် (၉) လုံး မီးရှို့ခံခဲ့၇သည်။
အများဆုံးသေဆုံး၇သည့် ဖြစ်စဉ်မှာ စစ်တပ်ကလက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်၍ သော်လည်းကောင်း၊ ကျရောက်ပေါက်ကွဲ၍သော်လည်းကောင်း သေဆုံးဒဏ်ရာရရှိခဲ့ကြသူများ ဖြစ်သည်။
၂၀၂၂ ခုနှစ် သြဂုတ်လ ၂၈ ရက်က မြောက်ဦးအခြေစိုက် စစ်ကောင်စီ ခမ၇(၃ရ၇) နှင့်(၅၄၀) တပ်ရင်းတို့ကပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည်ကြောင့် ကင်းဆိပ်ကျေးရွာမှ အသက် ၅ နှစ်အရွယ်မောင်မြတ်သူလင်း အပါအဝင် ၃ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာ၇ခဲ့သည်။
ထိုသို့မြန်မာစစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်ကြောင့် အရပ်သား၊သေဆုံးဒဏ်ရာရသည်များရှိခဲ့သော်
တိုက်ပွဲကာလအတွင်းတွင် ပုဏ္ဏားကျွန်း၊ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မောင်တော၊ ဘူးသီးတောင်နှင့်ရသေ့တောင်မြို့နယ်တို့မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်
နိုဝင်ဘာလ ၁၆ ရက်နေ့လယ် ၁၂ နာရီအချိန်ခန့်ကလည်းကျောက်တော်မြို့နယ်မှ ချောင်းတူကျေးရွာထဲကို စစ်ကောင်စီကန်စောက်အခြေစိုက် ၅၃၉ တပ်ရင်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များကျရောက်ပေါက်ကွဲ၍ နေအိမ်အမိုးစွန်းအောက်တွင် ထိုင်နေကြသည့် အသက်၅၀ ကျော်အရွယ် အမျိုးသား ၃ ဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၄ဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။
လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍သေဆုံးသွားခဲ့သည့် ဦးအောင်ကြီးမောင်၏ ဇနီးဖြစ်သူက “လက်နက်ကြီးတွေ ပစ်တုန်းက ပထမဆုံးကတော့ထွက်မပြေးသေးဘူး။ သေကြပျောက်ကြတော့ ခဏလေးပဲကြည့်ခဲ့ရပါတယ်။သေသွားတဲ့ယောက်ကျားကိုလည်း သင်္ဂြိုဟ်ဖို့မ၇ခဲ့ဘူး။ လက်နက်ကြီးကလည်းတစ်လုံးပြီးတစ်လုံး ဆင့်ပြီးကျလာတော့။ အလောင်းကို ခဏလေးပဲ ကြည့်ခဲ့၇ပါတယ်။ သမီးကတော့ မသွားဘူး၊အဖေ့အလောင်းကို သယ်သွားမယ်။ သမီး ဒီလိုဆိုရင်သားမိနှစ်ယောက်လုံးသေသွားရင် ဘာမှမတတ်နိုင်ဘူး။ သတင်းမေး သတင်းလာလည်း ၇တော့မှာလည်းမဟုတ်တေ
စစ်ကောင်စီတပ်ကချောင်းတူကျေးရွာထဲကို တမင်သက်သက် လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့၍ ယခုကဲ့သို့သူမတို့သားမိအတွက် အားကိုးမှီခိုရာ အမျိုးသားဖြစ်သူ သေဆုံးသွားခဲ့သည့်အတွက်ရွာကိုလည်း မပြန်ရဲကြတော့သလို ရွာကိုလှည့်မကြည့်ချင်လောက်အော
“အရင်တုန်းက တိုက်ပွဲဖြစ်တုန်းကအဲဒီလို ရွာထဲကို မကျပါ။ အခုက ရွာထဲကို တမင်သက်သက် ပစ်တယ်ဆိုတော့။ရွာမှာလူတွေ သေတော့ တစ်ရွာလုံးကြောက်လို့ တစ်ယောက်မှမကျန်အောင်ထွက်ပြေးကြရပါတယ်။ ကျမတို့မှာက အားကိုးမှီခိုရာက ယောက်ကျားကိုမှီခိုနေရတာကိုး။ ယောက်ကျားမရှိတော့ ကျမတို့မှာက အားကိုမဲ့ဖြစ်သွားပြီလေ။ကျမတို့လည်း တိုက်ပွဲကျတာကိုလည်း မကြားချင်တော့ပါဘူး။ ကျမတို့တိုက်ပွဲလည်း မဖြစ်စေချင်တော့ပါဘူး။ ဖြစ်လာပြန်ရင်လည်း တစ်ယောက်ဆီမှာကျ၊တစ်ယောက်ဆီမှာမကျ။ ကိုယ်ဆီမှာကျလို့လည်း မဟုတ်ပါဘူး၊ ပြည်သူပြည်သားတွေလည်းကျမတို့နဲ့အတူ မခံစားရပါစေနဲ့လို့ ကျမတို့ ဆုတောင်းပါတယ်။ ရွာကိုလည်း လုံး၀လှည့်မကြည့်ချင်တော့ပါဘူး။အရမ်းကြောက်သွားပါပြီ” ဟုဆိုသည်။
ယင်းအပြင် နိုဝင်ဘာ၁၀ ရက် ညနေပိုင်းကလည်း ပုဏ္ဏားကျွန်းအခြေစိုက် စစ်ကောင်စီ ခမ၇(၅၅၀) တပ်ရင်းမှစစ်ကောင်စီတပ်သားများက ဆင်အင်းကြီးကျေးရွာထဲကို ဝင်ရောက်ကာ နေအိမ် ၉လုံးကို မီးရှို့ခဲ့ပြီး အဆိုပါကျေးရွာမှ ထွက်မပြေးနိုင်ဘဲကျန်ခဲ့သည့်အသက် ၉၂ အရွယ် သက်ကြီးပိုင်းအမျိုးသမီးတစ်ဦး
အဆိုပါဖြစ်စဉ်တွင် သေနတ်နှင့်ပစ်သတ်ခံရ၍မိဘနှစ်ပါးကို ဆုံးရှုံးခဲ့ရသည့်အတွက် ကျန်ရစ်ခဲ့သော သားသမီးများမှာလည်းစားဝတ်နေရေးအဆင်မပြေမှုများနှင့်
“မိဘ နှစ်ယောက်လုံးဆုံးရှုံးသွားတော့ပြောစရာစကားတောင် မသိတော့ဘူး။ မိဘ နှစ်ယောက်ပါသွားတော့ ဒီမှာက သားသမီးလည်းဗရမ်းဗတာဖြစ်နေကြပြီ။ ရင်ထဲမှာက ခံစားရတာပေါ့။ ဘာတွေပြော၇မလဲပစ်သတ်သွားတော့ သေသွားတော့ အကုန်လုံးက ရင်နာတယ်ပေါ့။ လာပြီးတောင်းပန်တာလည်းမရှိဘူး။ သူတို့မှာက တောင်းပန်မယ်လို့ ရှိပါ့မလား။ လူအသက်တွေကိုတောင်မှ လာပြီးသတ်ခဲ့တာကို” ဟုဆိုသည်။
ရခိုင်တွင်ဖြစ်ပွားခဲ့သည့်တကျော့ပြန်တိုက်ပွဲကာလအတွင်းတွ
“မြန်မာစစ်ကောင်စီက တမင်တကာရည်ရွယ်ပြီးတော့သတ်ဖြတ်တာတွေရှိတယ်။ တမင်တကာ ရည်ရွယ်ပြီးတော့ လာရောက်မီးရှို့တာတွေရှိတယ်။ အဲဒါတွေဟာ ဒီနေ့အချိန်အထိ အိမ်မီးရှို့ခံ၇တဲ့ သူတွေကို လျော်ကြေးပုံစံမျိုးလည်းတစ်စုံတစ်ခုမှ မကြားရဘူး။ သေဆုံးသွားတဲ့သူတွေအတွက်လည်း အဲဒီလိုသူတို့လုပ်ရပ်တွေ၊ ကျနော်တို့လုပ်ရပ်တွေဟာ မှားတယ်။ ကျနော်တို့ အမှန်တကယ် လူ့အခွင့်အရေးချိုးဖောက်တယ်လို့
တကျော့ပြန်တိုက်ပွဲ ကာလအတွင်းမှာနစ်နာခဲ့သူများ တရားမျှတမှုရရန်အတွက် မြန်မာစစ်ကောင်စီအနေဖြင့်မီးလောင်သွားသည့် နေအိမ်များကို ပြန်လည်တည်ဆောက်ပေးခြင်းနှင့်လက်နက်ကြီး၊ လက်နက်ငယ်ထိမှန်၍ သေဆုံးခဲ့သူများ၏ မိသားစုဝင်များကို တောင်းပန်ခြင်း၊ နစ်နာကြေးများ ပေးခြင်းများ ပြုလုပ်ရန်လိုအပ်နေပြီး သိုမှသာလျှင် လူ့အခွင့်အရေး ချိုးဖောက်ခြင်းမျ
“တရားမျှတမှု၇ဖို့အတွက် မီးလောင်ဆုံးရှုံးသွားတာတွေကိုပြန်ပြီးတော့ ဆောက်ပေး၇မယ်။ ဒီ ဝင်ရောက်ပြီးတော့ သတ်ဖြတ်တဲ့၊လက်နက်ကြီးကျပြီးတော့ ရမ်းသမ်းပီးတော့ ပစ်ခတ်လို့ သေတာမျိုး မဟုတ်ဘဲနဲ့တမင်တကာကို ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်သတ်ခံခဲ့ရတာ ပြည်သူတွေဆိုတော့ပြည်သူတွေရဲ့ နစ်နာကြေးကို သူတို့ပေး၇မယ်။ ပြည်သူတွေရဲ့နစ်နာကြေး၊ သေဆုံးမှုအတွက် နစ်နာကြေးကို မိသားစုအတွက် ပေးရမယ်။အဲဒီအနေအထားမျိုးရှိတယ်။ ဒါမှပဲ သူတို့ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊စစ်ရာဇဝတ်မှုကျူးလွန်တာတွေကို ဖြေလျော့ပေးရာကျတယ်လို့ ပြောချင်တယ်”ဟုဆိုသည်။
၇ခိုင်တကျော့ပြန်တိုက်ပွဲ ၄လတာ ကာလအတွင်းတွင် စစ်ကောင်စီတပ်မှ ပစ်ခတ်သော လက်နက်ကြီးကြောင့် ကျေးရွာများထဲကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ဒေသခံများ အစုလိုက်အပြုံလိုက်သေဆုံး၊ဒဏ်ရာရခြင်းဖြစ်ရပ်များလည်း အကြိမ်ပေါင်းများစွာရှိခဲ့သည်။
မောင်တောဂြိတ်ချောင်း(မြို) ကျေးရွာတွင်ဆိုလျှင်လည်း နိုဝင်ဘာလ ၁၆ ရက် နံနက်ပိုင်းက ကလေးနားထိုးပွဲကျင်းပနေစဉ်တွင်ကြိမ်ချောင်း နခခ(၇) က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ
၇ခိုင်တွင် ပြီးခဲ့သည့်၂၀၂၂ ခုနှစ် သြဂုတ်လဆန်းမှ စတင်ကာဖြစ်ပွားခဲ့သည့် ရက္ခိုင့်တပ်တော်(AA)နှင့်မြန်မာစစ်ကောင်စီတပ်တို့ တိုက်ပွဲမှာ နိုဝင်ဘာလကုန်မှစ၍ ဂျပန်နိုင်ငံနီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါ၏ကြားဝင်ညှိနှိုင်းပေးမှုကြောင့် ရခိုင်ပြည်သူများ ကြုံတွေ့နေ၇သော အခက်အခဲများကိုထောက်ရှု့သောအားဖြင့် လူသာချင်းစာနာမှုအ၇ အလွတ်သဘောအပစ် ယာယီရပ်စဲခဲ့သော်လည်းတိုက်ပွဲအတွင်း နစ်နာခဲ့၇သူများမှာ ယခုအချိန်ထိ တရားမျှတမှုမ၇နိုင်သေးဟုနစ်နာသူများကပြောသည်။
နိရဉ္စရာမှ ပြုစုထားသော စာရင်းအ၇ တကျော့ပြန်တိုက်ပွဲ ၄ လတာ ကာလအတွင်းတွင်လက်နက်ကြီး၊ လက်နက်ငယ်ထိမှန်၍ မောင်တောမြို့နယ်မင်းကြီးကျေးရွာတွင် ၁ ဦးသေဆုံး(၂၇.၀၈.၂၀၂၂) ၊မြောက်ဦးမြို့နယ် ကင်းဆိပ်ကျေးရွာတွင် ၃ ဦးသေဆုံး ၉ ဦးဒဏ်ရာ၇(၂၈.၀၈.၂၀၂၂) ၊ ကျောက်တော်မြို့နယ် နဂရာကျေးရွာ ၄ ဦး ဒဏ်ရာ၇ (၂၁.၀၉.၂၀၂၂)၊ ဘူးသီးတောင်မြို့နယ်သိမ်တောင်ကျေးရွာတွင် ၁ ဦးသေဆုံး(၂၃.၀၉.၂၀၂၂) ၊ ဘူးသီးတောင်မြို့နယ် သပိတ်တောင်မြောက်ကျေးရွာတွင် ၂ ဦး ဒဏ်ရာ၇(၂၃.၀၉.၂၀၂၂) ၊ ကျောက်တော်ရွာမရပ်ကွက်ရှိ သိန်းဆန်းတည်းခိုခန်းတွင် ၁ ဦးဒဏ်ရာ၇(၂၄.၀၉.၂၀၂၂) ၊ ကျောက်တော်မြို့နယ်နဂရာကျေးရွာကျေးရွာတွင် ၁ ဦးသေဆုံး၁ ဦး ဒဏ်ရာ၇(၂၅.၀၉.၂၀၂၂) ၊ မင်းပြားမြို့နယ် ခေါင်းလောင်းချောင်းကျေးရွာတွင်၃ ဦး ဒဏ်ရာ၇ (၂၆.၀၉.၂၀၂၂)၊ မင်းပြားမြို့နယ်ဖလောင်းပြင်၊ ထောင့်ချောင်းကြီးနှင့် ဘူးပင်ကျေးရွာတို့တွင်၃ ဦးသေဆုံး ၁၄ ဦး ဒဏ်ရာ၇(၁၇.၁၀.၂၀၂၂) ၊ကျောက်တော် ပိုက်သည်ရပ်တွင် ၁ဦးသေဆုံး(၁၇.၁၀.၂၀၂၂) ၊ ဘူးသီးတောင်မြို့နယ် ဒိုင်းနက်ပြင်ကျေးရွာတွင် ၁ ဦးသေဆုံး(၁၈.၁၀.၂၀၂၂) ၊ ၇သေ့တောင်မြို့နယ် ပြိန်းတောကျေးရွာတွင် ၁ ဦးသေဆုံး(၁၉.၁၀.၂၀၂၂) ၊ဘူးသီးတောင်မြို့နယ် ဖိုးခေါင်ချောင်းကျေးရွာတွင် ၁ ဦး ဒဏ်ရာ၇ (၂၇.၁၀.၂၀၂၂) ၊ ကျောက်တော်မြိုနယ် ပီစိကျေးရွာတွင် ၃ ဦး သေဆုံး(၃၁.၁၀.၂၀၂၂) ၊ ကျောက်တော်မြို့နယ် ကုလားတန်မြစ်တလျောက်မှ ကျေးရွာများတွင် ၃ ဦး သေဆုံး ၂၃ ဦးဒဏ်ရာ၇ (၀၄.၁၁.၂၀၂၂) ၊ ဘူးသီးတောင်မြို့နယ်သရက်ကင်းမနူးကျေးရွာတွင် ၁ ဦးသေဆုံး ၂ ဦးဒဏ်ရာ၇ (၀၅.၁၁.၂၀၂၂) ၊ ပုဏ္ဏားကျွန်းမြို့နယ်အိုင်ဒင်ကျေးရွာတွင် ၂ ဦး ဒဏ်ရာ၇(၁၀.၁၁.၂၀၂၂) ၊ပုဏ္ဏားကျွန်းမြို့နယ် ယာချောင်းကျေးရွာတွင် ၁ ဦး ဒဏ်ရာ၇(၁၀.၁၁.၂၀၂၂) ၊ ပုဏ္ဏားကျွန်းမြို့နယ်ဆင်အင်းကြီးကျေးရွာတွင် ၉ ဦး သေဆုံး(၁၀.၁၁.၂၀၂၂) ၊ပုဏ္ဏားကျွန်းမြို့နယ် ဒီပါရုံကျေးရွာတွင် ၂ ဦးသေဆုံး(၁၁.၁၁.၂၀၂၂) ၊ကျောက်တော်မြို့နယ် ချောင်းတူကျေးရွာတွင် ၃ ဦးသေဆုံး၄ ဦး ဒဏ်ရာ၇(၁၆.၁၁.၂၀၂၂) ၊ မောင်တောမြို့နယ် ဂြိတ်ချောင်း(မြို)ကျေးရွာတွင် ၁၃ ဦးသေဆုံး ၂၂ ဦး ဒဏ်ရာ၇(၁၆.၁၁.၂၀၂၂)ရှိခဲ့ပြီး စုစုပေါင်းသေဆုံးသူ၄၆ ဦးနှင့် ဒဏ်ရာ၇သူ ၈၉ ဦးရှိသည်။
(ဖော်ပြပါ စာရင်းမှာ နိရဉ္စရာက ရရှိသမျှ စုဆောင်းထားခြင်း ဖြစ်ပါသည်။ဤစာရင်းတွင် မပါရှိသူများက ရှိပါက [email protected]ကိုဆက်သွယ် အကြောင်းကြားပေးစေလိုပါသည်။