Preview

စစ်တွေရှိ မူဆလင်ဒုက္ခသည်များသို့လာရောက်ခဲ့သည့် စစ်ကောင်စီဝန်ကြီးများအား စခန်းတာဝန်ရှိသူများက တစ်စုံတစ်ရာတင်ပြခွင့်မရခဲ့ဟုဆို

ဖေဖော်ဝါရီ ၁၀/ ၂၀၂၃ | ကြည့်ရှုသူ :6554
ရခိုင် သတင်း

နိရဥ္စရာ၊ ဖေဖော်ဝါရီ၁၀ /၂၀၂၃

ပြီးခဲ့သည့်ရက်ပိုင်းကစစ်ကောင်စီ ပြည်ထောင်စုအဆင့် ဝန်ကြီးများသည် စစ်တွေမြို့နယ် အတွင်းရှိမူဆလင်ဒုက္ခသည် စခန်းများသို့ လာရောက်ကြည့်ရှုခဲ့သော်လည်း စခန်းတာဝန်ရှိသူများအနေဖြင့် တစ်စုံတစ်ရာ တင်ပြဆွေးနွေးခွင့်မ၇ခဲ့ဟု သိရှိ၇သည်။

၎င်းတို့သည် စခန်းတွင်းသို့နာရီဝက်ခန့်အကြာ လှည့်လည်ကြည့်ရှုခဲ့ကြပြီးနောက် စခန်း တာဝန်ရှိသူများနှင့်တစ်စုံတစ်ရာတွေ့ဆုံဆွေးနွေးခြင်းမရှိခဲ့ဘဲ ပြန်လည်ထွက်ခွာသွားခဲ့သည်ဟုစခန်းတာဝန်ခံ ဦးညီပုက နိရဥ္စရာကို ပြောသည်။

သူတို့ တစ်ခုမှမပြောခဲ့ဘူး။ ကျနော်တို့ကြိုတင်ပြင်ဆင်ထားတဲ့တင်ပြချက်တွေကိုလည်း တင်ပြခွင့်မရလိုက်လို့စိတ်ညစ်နေပါတယ်။ တင်ပြဖြစ်မယ်ဆိုရင်တော့ နိုင်ငံသားဖြစ်ခွင့်ရရှိရေး၊လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍတွေမှာ လိုအပ်ချက်တွေကိုတင်ပြဖို့စီစဉ်ထားခဲ့တာပါဟုပြောသည်။

ဖေဖော်ဝါရီလ ၈ ရက် နံနက် ၁၀ နာရီခွဲက ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဒေါက်တာသက်သက်ခိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြဦးမြင့်ကြိုင်နှင့် ၇ခိုင်ပြည်နယ်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းတို့ခေါင်းဆောင်သောအဖွဲ့သည် ပြီးခဲ့သည့် စစ်တွေမြို့နယ်ရှိ ဘောဒူဖမူဆလင်ဒုက္ခသည်စခန်းသို့ရောက်ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပ ဒုက္ခသည် ခန်းတွင် ၈ ခန်းတွဲအဆောင် ၁၅၆ဆောင်၊ ၁၀ ခန်းတွဲအဆောင် ၈ ဆောင်ရှိပြီး အခန်းပေါင်း ၁၃၂၈ ခန်းရှိကာလူဦးရေ ၇၀၃၈ ဦးနေထိုင်လျက်ရှိသည်ဟု ဆိုသည်။

ယင်းနေ့ကပြည်ထောင်စုဝန်ကြီးများလာရောက်မည်ဖြစ်၍ အဆိုပါဘောဒူဖစခန်းသို့အခြား မူဆလင် ဒုက္ခသည်စခန်းများမှ စခန်းတာဝန်ခံများကိုလည်း သက်ဆိုင်ရာကခေါ်ယူထားခဲ့သော်လည်း သူတို့၏ စခန်းများအတွက်လိုအပ်ချက်များကိုတင်ပြခွင့်မရခဲ့ဟု ကိုယ်တိုင်သွားရောက်ခဲ့သည့် ဒါးပိုင်ဒုက္ခသည်စခန်းတာဝန်ခံဦးသိန်းမောင်က နိရဥ္စရာကို ပြောသည်။

သူတို့နဲ့ပြောခွင့်ရခဲ့မယ်ဆိုရင်ကျနော်တို့ကို ရသင့်ရထိုက်တဲ့ နိုင်ငံသားအခွင့်အရေးကို ပေးဖို့အတွက် တောင်းဆိုမှာပါ။ ဒုတိယအချက်ကကျနော်တို့ အခု ၉ ပေ ၁၁ ပေပတ်လည် ဒုက္ခသည်အဆောင်မှာ ခေတ္တခဏယာယီဆိုပြီးတော့ဝန်ကြီးချုပ်ဦးလှမောင်တင်က ကျနော်တို့ကို ဒီမှာ နေရာချပေးထားခဲ့တယ်။ကျနော်တို့ ဒီဘ၀မှာ အခု ၁၁ နှစ်ရှိပြီ။ ဒုက္ခသည်ဘ၀က လွတ်မြောက်ဖို့ အတွက် ကျနော်တောင်းဆိုဖို့စဉ်းစားခဲ့တာပါ။အခုတော့ တစ်ခုမှ ကျနော်တို့ ပြောခွင့်မ၇လိုက်ဘူးဟု ပြောသည်။

ဒါးပိုင်ဒုက္ခသည်စခန်းတွင်၈ ခန်းတွဲအဆောင် ၁၈၁ ဆောင်၊ ယာယီတဲ ၅၀၄ တဲရှိပြီး လူဦးရေ ၁ သောင်းကျော် နေထိုင်လျက်ရှိသည်ဟုဆိုသည်။

သူတို့အပါအဝင်စစ်တွေမြို့နယ်အတွင်းမှ မူဆလင် ၁ သိန်းကျော်သည် ပြီးခဲ့သည့် ၁၁ နှစ်အကြာ ၂၀၁၂ခုနှစ်က ဦးသိန်းစိန်အစိုး၇လက်ထက်ဖြစ်ပွားခဲ့ ည့် ပဋိပက္ခအတွင်း စစ်တွေမြို့ထဲက နေအိမ်များကို စွန့်ခွာခဲ့၇ပြီးမြို့ပြင်ရှိ ဒုက္ခသည်စခန်းများတွင်ခိုလှုံနေကြ၇ခြင်းဖြစ်သည်။

သူတို့သည်လက်ရှိအချိန်အထိ လွတ်လပ်စွာသွားလာခွင့်ကန့်သတ်ခံထား၇ဆဲဖြစ်သည်ဟု ဆိုကြသည်။

ပြည်ထောင်စုဝန်ကြီးများအဖွဲ့သည် ရခိုင်ပြည်နယ်မှနေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံ နေရာချထားရေး အတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ပြည်တွင်းနေရပ်စွန့်ခွာသူများ မူလနေရပ်သို့ ပြန်လည်နေရာချထားရေးနှင့်ယာယီစခန်းများပိတ်သိမ်းရေးဆိုင်ရာကိစ္စရပ်များ၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်းသည့်ကိစ္စရပ်များအားကွင်းဆင်းစစ်ဆေးရန်ဟုဆိုကာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅ ရက်မှစတင်ကာ စစ်တွေသို့ ရောက်ရှိခြင်းဖြစ်သည်။

 

ဓာတ်ပုံ- စစ်တွေရှိ ဒါးပိုင်ဒုက္ခသည်စခန်းအား၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်က တွေ့၇စဉ်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.