Preview

အပစ်ရပ်ထားသော်လည်းစစ်ကောင်စီတပ်သည် တောင်ကုတ်မြို့နယ်မှကျေးရွာတစ်ချို့သို့ဝင်ရောက်ပြီး ULAနှင့်ဆက်စပ်သူများကို စုံစမ်းမှုပြုလုပ်နေ

ဖေဖော်ဝါရီ ၁၀/ ၂၀၂၃ | ကြည့်ရှုသူ :7893
ရခိုင် သတင်း

နိရဉ္စရာ၊ဖေဖော်ဝါရီ ၁၀/၂၀၂၃

 

ရက္ခိုင်တပ်တော် ( AA ) အပစ်ရပ်ပြီးယာယီငြိမ်းချမ်းရေးယူထားသော်လည်း စစ်ကောင်စီတပ်သည် တောင်ကုတ်မြို့နယ်မှကျေးရွာတစ်ချို့တွင် ဝင်ရောက်နေရာယူပြီး ULAနှင့်ဆက်စပ်သူများကို စုံစမ်းမှုများ ပြုလုပ်နေကြောင်းဒေသခံများက ပြောကြားသည်။

 

စစ်ကောင်စီတပ် ဝင်ရောက်စခန်းချပြီး စုံစမ်းမှုများပြုလုပ်နေသည့်တောင်ကုတ်မြို့နယ်ကကျေးရွာများမှာ ကုလားရောင်ကျေးရွာ၊ခရိုင်ကျေးရွာ၊ပန်းထော်ကျေးရွာတို့ဖြစ်ကြပြီး အဆိုပါကျေးရွာများရှိ ဘုန်းကြီးကျောင်းအသီးသီးတွင်စစ်ကောင်စီတပ်သား ၂၀ ကျော်ဝန်းကျင်စီ စခန်းချနေရာ ယူထားကြောင်းခိုင်လုံသည့်သတင်းရင်းမြစ်များကပြောသည်။

 

အဆိုပါစစ်ကောင်စီတပ်သားများသည်ခရိုင်ရွာသို့ ပြီးခဲ့သည့်ဆယ်ရက်ခန့်ကရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ရွာထဲရှိဒေသခံများကို ULAတရားစီရင်ရေးနှင့်ပတ်သက်သည့်အကြောင်းအရာများ၊ULA တရားရုံးတွင်အမှုရင်ဆိုင်နေသူများကို စုံစမ်းမှုများပြုလုပ်နေသည်ဟု အမည်မဖော်လိုသည့်သတင်းရင်းမြစ်တစ်ဦးကပြောသည်။

 

"ဝင်လာပြီး တရားစီရင်ရေးနဲ့ပတ်သက်လို့ဆိုင်တွေကိုဝင်ပြီးမေးတာရှိတယ်။ အမှုရင်ဆိုင်နေတဲ့ သူတွေကိုလည်း မေးမြန်းတာတွေရှိပါတယ်။ ULAက လူတွေကိုလည်း နည်းနည်းပါးပါး မေးမြန်းတာတွေရှိပါတယ်။နာမည်တွေကိုလိုက်ပြီးမေးတယ်။ ဖိအားပေးပြီး ပြောခိုင်းတာတော့မရှိဘူး။သူတို့လှုပ်ရှားနေတဲ့ပုံစံက ဒီအပစ်အခတ်ရပ်စဲနေတဲ့ကာလမှာ လူထုကို စည်းရုံးရေးကိုအဓိကထားလာတယ်။ တစ်ဖက်ကULAအဖွဲ့ဝင်တွေကိုအန္တရာယ်မလုပ်တောင်မှ သိထားဖို့ စုံစမ်းလုပ်နေတာ တွေမြင် ၇ပါတယ်။ ဒီတစ်ခေါက်တော့ စစ်တပ် ရွာထဲမှာ ာရှည်နေနေပါတယ်။ အရင်တုန်းကဆိုရင် ရက်ပိုင်းလောက်ပဲနေတာပါ"ဟုပြောသည်။

 

ဒေသခံတစ်ဦးက"ကုလားရောင်ရွာမှာဆိုရင် ဘုန်းကြီးကျောင်းငယ်မှာနေတာပါ။ခရိုင်ရွာမှာတော့ခရိုင် တပ်တောင်ကျောင်းနဲ့ ပန်းထော်မှာဆိုရင်တောင်ရင်းဘုန်းကြီးကျောင်းမှာ စစ်သားတွေ စခန်းချထားပြီးနေကြပါတယ်" ဟုပြောသည်။

 

ထို့အပြင်စစ်ကောင်စီတပ်သားများသည် ကုလားရောင်ကျေးရွာရှိ ULAတရားရုံးနှင့် ကပ်လျက်ဘုန်းကြီးကျောင်း အနီးတွင်စခန်းချကာ ULAတရားရုံးသို့ဝင်ရောက်ပြီး မှတ်တမ်း ဓာတ်ပုံရိုက်ယူမှုများလည်းပြုလုပ်ခဲ့ကြောင်းသိ၇သည်။

 

ယခုကဲ့သို့လုပ်ဆောင်နေမှုများသည်ULA၏တရားစီရင်ရေးကိုနှောင့်နှေးမှုဖြစ်အောင်လုပ်ဆောင်နေသည်နှင့် တူကြောင်းဒေသခံများကပြောသည်။

 

စစ်ကောင်စီသည်လက်ရှိ အေအေနှင့်အလွတ်သဘောအပစ်ရပ်ထားချိန်တွင် ရခိုင်ပြည်နယ်အတွင်းရှိတပ်စခန်းနှင့် တပ်ရင်းအသီးသီးတို့တွင် လက်နက်ခဲယမ်းများနှင့်စားနပ်ရိက္ခာဖြည့်တင်းမှုများကို လုပ်ဆောင်နေသဖြင့် စစ်ကောင်စီ၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အပေါ်ဒေသခံပြည်သူများက သံသယရှိနေကြသည်ဟု၎င်းက ြောသည်။

#လက်နက်ကိုင်တော်လှန်ရေး#စစ်ကောင်စီ# မြန်မာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.