Preview

ပုဏ္ဏားကျွန်းတွင် ဘုန်းကြီးကျောင်းဆောင်မီးလောင်၍ သက်တော် ၇၂ နှစ်အရွယ် ဆရာတော်တစ်ပါး မီးထဲပါသွားပြီး ပျံလွန်တော်မူ

ဖေဖော်ဝါရီ ၁၁/ ၂၀၂၃ | ကြည့်ရှုသူ :9472
ရခိုင် သတင်း

နိရဥ္စရာ၊ဖေဖော်ဝါရီ ၁၁ /၂၀၂၃

 

ရခိုင်ပြည်နယ်၊ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်ရှိ ဓမ္မမဏ္ဍိုင်ဘုန်းကြီးကျောင်းဝင်းတွင်ယနေ့နံနက်က မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့ပြီး အသက် ၇၂ နှစ်အရွယ် ဆရာတော်တစ်ပါးမီးထဲပါသွားပြီး ပျံလွန်တော်မူသွားကြောင်း သိ၇သည်။

 

မီးထဲပါသွား၍ပျံလွန်တော်မူသွားသည့်ဆရာတော်မှာကျောက်တော်မြို့နယ်၊ သာဒါဆိပ်ကျေးရွာမှဦးပဏ္ဍ၀ဖြစ်သည်။

 

ဆရာတော်ဦးပဏ္ဍ၀သည် ခန္ဓာကိုယ်ညာဘက်တစ်ခြမ်းလေဖြန်းထား၍ ဓမ္မမဏ္ဍိုင်ဘုန်းကြီးကျောင်းဝင်းရှိသွပ်မိုး၊ ဝါးထရံကာ၊ ပျဉ်ခင်းထားသည့် သံဃာဆောင်တစ်ခုတွင် နောက်ထပ်ရဟန်းတစ်ပါးနှင့်အတူနေထိုင်ကာ ဆေးကုသမှုခံယူနေ၇သူဖြစ်သည်။

 

ယနေ့ဖေဖော်ဝါရီလ ၁၁ ရက်၊ နံနက် ၉ နာရီခန့်တွင် အဆိုပါသံဃာဆောင်၌ ဆရာတော် တစ်ပါးတည်း ရှိနေချိန်မီးလောင်မှုဖြစ်ပွားခဲ့မှုကြောင့် နေရာမှမထနိုင်ဘဲ မီးထဲပါသွားကာပျံလွန်တော်မူသွားခဲ့ခြင်းဖြစ်သည်ဟု အဆိုပါကျောင်းမှ ကျောင်းတကာတစ်ဦးက ပြောသည်။

 

မီးလောင်မှုဖြစ်တာက မနက်ကတည်းကနေဖြစ်တာပါ။အစတော့ အဲဒီဆရာတော် မီးထဲပါသွားတာ မသိကြဘူး။ မီးငြိမ်းသွားလို့သွပ်တွေကို ခွာပြီး ရှင်းလင်းရေးလုပ်မှ ဆရာတော့်ရုပ်အလောင်းကိုတွေ့တာဟုပြောသည်။

 

လက်ရှိတွင်ဆရာတော်၏ရုပ်ကလပ်ကို ပုဏ္ဏားကျွန်းမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားသည်ဟုဆိုသည်။

 

ပျံလွန်တော်မူသွားသည့်ဆရာတော်သည်အဆိုပါကျောင်းတွင်နေထိုင်လာသည်မှာ ၆ နှစ်ခန့်ရှိပြီဟုလည်း သိ၇သည်။

 

အဆိုပါဆရာတော်နေထိုင်ခဲ့သည့်သံဃာဆောင်တွင်လျှပ်စစ်မီးသွယ်တန်းထားခြင်းလည် မရှိသည့်အတွက် ယနေ့နံနက်ကလောင်ကျွမ်းခဲ့သည့်မီးမှာ ယင်းအဆောင်အနီး မီးလှုံခဲ့ရာမှ ကျန်ရှိခဲ့သည့်မီးကြွင်းမီးကျန်များမှတဆင့် လောင်ကျွမ်းခဲ့ခြင်းဖြစ်နိုင်သည်ဟုလည်းသုံးသပ်ခန့်မှန်းနေကြသည်။

 

မီးလောင်မှုကြောင့်ကျောင်းဝင်းအတွင်းရှိ ယင်းသံဃာဆောင်တစ်ခုတည်းသာ မီးလောင်ပြာကျသွားခဲ့သည်ဟုဒေသခံများက ပြောသည်။

 

ယခုကိစ္စနှင့်ပတ်သက်ပြီးပုဏ္ဏားကျွန်းမြို့နယ်မီးသတ်တပ်ဖွဲ့ကို ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေဆိုခြင်း မရှိသေးပါ။   

 

#မီးဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.