"နေရပ်ပြန်လိုသူများကို ရိက္ခာ ၃ လစာအပြင်ငွေကျပ် ၅ သိန်းနှင့် မီးလောင်သွားသည့် အိမ်များကို ပြန်ဆောက်ပေးမည်ဟု မက်လုံးပေး"
နိရဥ္စရာ၊ ဖေဖော်ဝါရီ၁၁ /၂၀၂၃
ရခိုင်ပြည်နယ်အတွင်းရှိစစ်ဘေးရှောင်များအား မိုးမကျမီနေရပ်သို့ပြန်ကြရန် စစ်ကောင်စီနေပြည်တော်ဝန်ကြီးများက ဖိအားပေးပြောဆိုမှုများရှိခဲ့သလိုနေရပ်ပြန်လိုသူများကိုလည်း မိသားစုတစ်စုကို ရိက္ခာ ၃ လစာ၊ ငွေကျပ် ၅ သိန်းနှင့် တိုက်ပွဲအတွင်း မီးလောင်သွားသည့် နေအိမ်များကိုလည်း ပြန်ဆောက်ပေးမည်ဟု မက်လုံးပေးခဲ့သည်ဟု သတင်းရရှိသည်။
မြောက်ဦးမြို့သျှစ်သောင်းဘုန်းတော်ကြီးကျောင်
“ကျနော်တို့မှာ နေရပ်ကိုပြန်မယ်ဆိုရင်လည်းလုံခြုံရေးအခြေအနေက မကောင်းဘူး။သူတို့လည်း လုံခြုံရေးကို အာမခံချက်မပေးနိုင်ဘူး။ သူ့ရှေ့မှာလည်း ပြောလိုက်တယ်။ အားလုံး ပြန်ချင်တယ်။ဒါပေမယ့် စစ်သားတွေရွာအနီးဝန်းကျင်မှာ တပ်စွဲထားသလိုသွားလာမှုတွေရှိနေလို့ မပြန်ရဲကြဘူး။ ကြောက်လန့် နေ၇တယ်လို့ ပြောလိုက်တယ်။သူတို့ကတော့ တည်ငြိမ်အေးချမ်းစွာနဲ့ ဆောင်ရွ
ယမန်နေ့ ဖေဖော်ဝါရီလ၁၀ ရက်က စစ်ကောင်စီပြည်ထောင်စုဝန်ကြီးမျ
နယ်စပ်ရေးရာဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က စစ်ဘေးရှောင်များအား နေရပ်ပြန်ရန် တိုက်တွန်း ပြောဆိုခဲ့သော်လည်း စစ်ဘေးရှောင်များကမူသူတို့၏ဘ၀အာမခံချက်ကို စစ်ကောင်စီက ပေးနိုင်မှသာ နေရပ်သို့ပြန်ကြမည်ဟုတစ်ညီတစ်ညွတ်တည်းပြောဆိုခဲ့ကြသည်ဟုဆိုသည်။
မြောက်ဦး သျှစ်သောင်းစစ်ဘေးရှောင်စခန်းတွ
စစ်ကောင်စီပြည်ထောင်စုဝန်ကြီးမျ
ယင်းသို့တွေ့ဆုံရာတွင် နယ်စပ်ရေးရာဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က မိုးမကျမီ နေရပ်သို့ ပြန်သွားကြရန်နှင့်ရိက္ခာများထောက်ပံ့မည့်အကြောင်း မိနစ် ၂၀ ခန့်အကြာပြောဆိုခဲ့ပြီးစစ်ဘေးရှောင်များဘက်မှ တစ်စုံတစ်ရာ တင်ပြတောင်းဆိုခွင့်မရခဲ့ဟုတွေ့ဆုံရာတွင်ပါဝင်ခဲ့သည့် မဟာမုနိစစ်ဘေးရှောင်စခန်းမှစစ်ဘေးရှောင်တစ်ဦးက ပြောသည်။
“ကျနော်တို့အိမ်တွေကလည်းမီးရှို့ခံထား၇တဲ့အိမ်တွေဆိုတော့
မဟာမုနိစစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင်၁၈၀၀ ကျော်ရှိပြီး ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ မတ်လအတွင်း AA နှင့် စစ်ကောင်စီတပ်တို့တိုက်ပွဲပြင်းထန်မှုကြောင့် ထွက်ပြေးလာခဲ့သူများ ဖြစ်ကြသည်။
သူတို့ထဲတွင်ကျောက်တော်မြို့နယ်ရှိ နဂရာ၊ ရွှေပြည်သစ်/ဟောင်း၊ ကျောက်ဂူစု၊မျောက်တောင်၊ သာစည်၊ အလယ်ကျွန်း၊ ပြိုင်းတိုင်း၊ မာလာ၊ ကွမ်းစည်း၊လောင်းရှည်၊ တင်းမနှင့် ချင်းပြည်နယ် ပလက်မြို့နယ်မှ သဌေးကုန်း၊ စိမ့်စင်း၊ရေချမ်း၀၊ လိပ်ဂေါင်းနှင့် ပလက်၀မြို့ပေါ်မှထွက်ပြေးလာသူများဖြစ်ကြသည်။
စစ်ကောင်စီပြည်ထောင်စုဝန်ကြီးမျ
ရခိုင်ပြည်နယ်အတွင်းရှိစစ်ဘေးရှောင်စခန်းများတွင် စစ်ဘေးရှောင်ဦးရေ ၆၆၀၀၀ ကျော်ရှိနေသေးသည်ဟုပြည်နယ်အစိုးရအဖွဲ့၏စာရင်းများ
သူတို့သည် ပြီးခဲ့သည့်၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ AA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများပြင်းထန်ခဲ့မှုကြော
ကနဦးတွင်စစ်ဘေးရှောင်ဦးရေ သိန်းနှင့်ချီရှိခဲ့သော်လည်း အချို့မှာတိုက်ပွဲများရပ်စဲထားမှုကြောင့် နေရပ်ပြန်သွားကြပြီဖြစ်သည်။
သို့သော် လက်ရှိရှိနေသေးသည့်စစ်ဘေးရှောင်များမှ
ဓာတ်ပုံ - ရခိုင်ရှိစစ်ဘေးရှောင်စခန်းများတွင် ဖြစ်သလိုနေနေကြရသည့် စစ်ဘေးရှောင်အချို့အား တွေ့၇စဉ်။