နိရဉ္စရာ၊ဖေဖော်ဝါရီ၁၁/၂၀၂၃
ချင်းပြည်နယ်၊ ပလက်၀မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းများကို စစ်ကောင်စီက ဖျက်သိမ်းရန်စီစဉ်နေပြီး ထိုအစီအစဉ်နှင့် ပတ်သက်ပြီး ဖေဖော်ဝါရီလ ၁၀ ရက်က အချက်(၄) ချက်ပါ စာတစ်စောင်ကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဌာ
စာပါ အကြောင်းအရာတွင် ပလက်၀မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းမှ မိမိနေရပ်သို့ပြန်လိုသည့် အိမ်ထောင်စု စာရင်းနှင့် မိမိစခန်းအတွင်းနေထိုင်လိုသော အိမ်ထောင်စုစာရင်းများကို သိရှိလိုခြင်းဟု ပါရှိကြောင်းသိ၇သည်။
စာထဲတွင်....
(၁) မူလနေထိုင်သည့်နေရာသို့ ပြန်လိုသည့်အိမ်ထောင်စု၊
(၂) မိမိစရိတ်ဖြင့်ဝယ်ယူထားသော မြေနေ
(၃) အစိုးရစရိတ်ဖြင့်နေထိုင်လိုသော
(၄) စခန်းအတွင်းနေထိုင်လိုသောအိမ်ထောင်စု ဟူ၍ အချက်လေးချက်ကို တောင်းခံထားကြောင်း သိ၇သည်။
ယင်းစာအကြောင်းကြားလာသည့်ကိစ္စနှင့်ပတ်သက်၍ ပလက်၀မြို့ရှိစစ်ဘေးရှောင်စခန်း
လောလောဆယ်တွင် နေရပ်ပြန်လျှင် ကြုံတွေ့၇မည့် အခက်အခဲများစွာရှိသဖြင့် မပြန်လိုသည့် စစ်ဘေးရှောင်ဦးရေက ပိုများနေကြောင်း စစ်ဘေးရှောင်များကပြောသည်။
" အကုန်လုံးက ကိုယ့်ရွာကို ပြန်ချင်ကြပါတယ်။ ဒါပေမယ့် မိုင်းအန္တရာယ်စိုးရိမ်၇သလို တိုက်ပွဲပြန်ဖြစ်မှာလည်း စိုးရိမ် ၇ပါတယ်။ တချို့မှာဆိုရင် အိမ်တွေ မီးရှို့ခံထား၇ပြီး လှောင်ထားတဲ့ ဆန်စပါးတွေလည်း အကုန် ကုန်ပြီ။ အလုပ်လည်း မရှိ၊ တောတောင်လည်း တက်လို့မ၇။ ကိုယ့်ရွာကို ပြန်မယ်လို့ စာရင်းပေးလိုက်တာနဲ့ သူတို့က အတင်းပြန်ခိုင်းရင် ဘယ်လိုလုပ်မလဲ။ အကုန်ဒုက္ခဖြစ်မှာ။ ဒါကြောင့် မပြန်လိုတဲ့ စစ်ဘေးရှောင်က ပိုများပါတယ်” ဟု ပြောကြားသည်။
လက်ရှိတွင် အများစု စစ်ဘေးရှောင်များမှာ စခန်းအတွင်း နေထိုင်လိုသည့် အချက်ကိုသာရွေးချယ်ကြသည်ဟုဆိုသည်။
မီးလက်၀ကျေးရွာက ပလက်၀မြို့ပေါ်တွင် စစ်ရှောင်နေသူ အမျိုးသီးတစ်ဦးက “ အခု မြို့ပေါ်မှာ ရှိတဲ့စခန်းတွေကို ဖျက်သိမ်းမယ်လို့လည်းကြားနေ၇တယ်။ဒါက မသေချာသေးဘူးလို့လည်းပြောတယ်။ စခန်းနေရာတွေ ပြန်ပြောင်းရွှေ့နိုင်တယ်လို့လည်း ဆိုကြတယ်။ အမျိုးမျိုးကြားနေ၇တော့ စိတ်မကောင်းဖြစ်၇ပါတယ်" ဟုပြောသည်။
ပလက်၀မြို့ပေါ်ရှိ ဘောလုံးကွင်း၊ စိုက်ပျိုးရေးကွင်း၊ အထက (၁)ကျောင်း စစ်ဘေးရှောင်စခန်းတို့တွင် ကျောင်းဆောင်များ ဆောက်လုပ်ရန်နှ
နောက်ထပ် အမျိုးသားတစ်ဦးက "သူတို့မိုင်းရှင်းလင်းပေးတာလည်းမရှိဘူး။ သူတို့သွားလို့တောင် မကြည့်ကြဘူး
ပလက်၀မြို့ပေါ်တွင် စစ်ဘေးရှောင်စခန်းငါးခုရှိပြီး ကုလားတန်မြစ်ကြောင်း အထက်ပိုင်း
၎င်းစစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က ပလက်၀မြို့နယ်အတွင်း ရက္ခိုင့်တပ်တော်(အေအေ)နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲတို့ပြင်းထန်ခဲ့စဉ်က ပလက်၀မြို့ပေါ်သို့ စစ်ဘေးရှောင်လာကြသူများဖြစ်ကြ
၇ခိုင်ပြည်နယ်နှင့် ပလက်၀မြို့နယ်တွင် အေအေနှင့်စစ်တပ်တို့ ယာယီအပစ်ရပ်ထားသော်လည်း နှစ်ဖက်အင်အားများ တိုးချထား၍ တိုက်ပွဲများ ပြန်ဖြစ်လာမည်ကို စိုးရိမ်မှုများလည်း ရှိနေကြဆဲဖြစ် ကြောင်း သိ၇သည်။
စစ်ကောင်စီသည် ယခုရက်ပိုင်းအတွင်း ပလက်၀မြို့နယ်ရှိ စစ်ဘေးရှောင်များကို သာမက ရခိုင်က စစ်ဘေးရှောင် စခန်းများကို
(NN-8)