Preview

ရခိုင်တော်လှန်ရေးခေါင်းဆောင်ဆရာတော် ဦးစိန္တာအမှတ်တရ ပန်းခြံ၊ ခန်းမနှင့် ရုပ်တုတည်ဆောက်မည်

ဖေဖော်ဝါရီ ၁၃/ ၂၀၂၃ | ကြည့်ရှုသူ :1910
ရခိုင် သတင်း

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၃/ ၂၀၂၃

နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေးနှင့်မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းတွင် ဦးဆောင်မှု အခန်းကဏ္ဍမှပါဝင်ခဲ့သည့် ရခိုင်ခေါင်းဆောင် ၇ဟန်းတော်တစ်ပါးဖြစ်သည့် အသျှင် ဦးစိန္တာအမှတ်တရပန်းခြံ၊ ခမ်းမနှင့် ရုပ်တုတည်ဆောက်ရန်၇ဟန်းတော်တချို့က ဦးဆောင် ကြိုးပမ်းနေကြောင်း သိရှိ၇သည်။ထိုကြိုးပမ်းနေကြရာတွင် ပထမဆုံးအနေဖြင့်မြေနေရာရွေးချယ်ပြီးမြေသန့်မှု မင်္ဂလာကို ယမန်နေ့ဖေဖော်ဝါရီလ (၁၂) ရက်နေ့ နံနက် (၈) နာရီခန့်တွင် မြေပုံမြို့ နယ်ကြာအင်းတောင်ကျေးရွာအနီး ကိုင်းကြီးကွင်းခေါ် တပ်ရာကွင်းတွင်ပြုလုပ်ခဲ့ကြသည်ဟု သတင်းရရှိသည်။

ဆရာတော် အသျှင်ဦးစိန္တာ၏ ကျေးဇူးတရားကို ဂုဏ်ပြုလိုသည့် အနေဖြင့်  တောင်စဉ်ကမ်းတွင်ယခုကဲ့သို့  ရုပ်တုတည်ဆောက်ရန် စီစဉ်၇ခြင်းဖြစ်ကြောင်း ဦးဆောင်ဆရာတော် တစ်ပါးဖြစ်သည့် ကံ့ကော်ကျောင်း ဆရာတော်ကယခုကဲ့သို့ မိန့်ကြားသည်။

ဆရာတော်က ရခိုင်အမျိုးသားရေးမှာအရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့တယ်။ နယ်ချဲ့ အင်္ဂလိပ်၊ ဖက်ဆစ် ဂျပန်အပါအဝင် ကျူးကျော်သူနယ်ချဲ့တွေကို တိုက်ထုတ်ရာမှာ  ဦးဆောင်တဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်။  ဒါ့ပြင် ဦးဇင်းတို့ တောင်စဉ်ကမ်းက လူတွေအတွက် အများကြီး အကျိုးပြုခဲ့တာတွေရှိတယ်။တစ်ဘက်မှာလည်း ဆ၇တော်ကတော်လှန်ရေးနယ်ပယ်မှာ ၇ဟန်းဝတ်နဲ့ ဇောက်ချပြီးလုပ်ခဲ့တယ်။ဂုဏ်ပြုထိုက်တဲ့ အာဇာနည် ပုဂ္ဂိုလ်လည်းဖြစ်တယ်။ သဘောကတော့ဆရာတော်ဦး ဥတ္တမလို၊ ဗမာပြည်က ဆရာတော် ဦးဝီဇာရတို့လို ဦးဇင်းတို့မှာလည်းဆရာတော်က ဂုဏ်ပြုထိုက်တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်ဆိုတဲ့ အသိနဲ့လုပ်ကြတာဖြစ်တယ်

အဆိုပါ နေရာရွေး မြေသန့်မှုကိုမြေပုံမြို့နယ် တောင်စဉ်ကမ်းရှိ သံဃာတော်များနှင့် ဖိတ်ကြားထားသည့် ရပ်မိရပ်ဖများ အားလုံး တက်ရောက်ခဲ့သည်။

လက်ရှိအချိန် ငွေကြေးလိုအပ်ချက်အ၇အားလုံးအပြီး မလုပ်နိုင်သေးသော်လည်း စတင် အကောင်အထည် ဖော်ဆောင်ရွက်နေပြီဖြစ်ကြောင်း ကံ့ကော်ကျောင်းဆ၇တော်က ဆက်မိန့်ကြားသည်။“  ဆရာတော် ရုပ်တုကိုတော့ဘယ်လောက်အမြင့် ထုလုပ်မယ်ဆိုတာကို မဆုံးဖြတ်ရသေးဘူး။ ဦးဇင်းတို့မှာ လက်ရှိမတည်ငွေကနည်းနေသေးတော့ အခု မုခ်၀လုပ်မယ်။ နောက်ပြီး ဆရာတော်ရုပ်တု ထုလုပ်ဖို့အတွက်အောက်ခြေ အချင်းပေ ၃၀ လုပ်ထားတယ်။ ပန်းခြံ လမ်းတွေတော့ ဒီနှစ်အပြီးမှ ရုပ်တုကို တည်ဆောက်မယ်လို့ စဉ်းစားထားတယ်။

ဆရာတော် ဦးစိန္တာကိုမင်းပြားမြို့နယ် ရင်းဘွယ်ကျေးရွာတွင် အဖ ဦးချစ်ဖြူနှင့် မိခင် ဒေါ်ရွှေရင်တို့မှာ ၁၂၆၄ ခုနှစ် ဝါဆိုလဆုတ် ၁၀ ရက်နေ့ မွေးဖွားခဲ့ပြီးတစ်ဦးတည်းသားဖြစ်ကာ ငယ်နာမည်မှာ မောင် ချစ်ထွန်းဦး ဖြစ် ကြောင်းသိရှိ၇သည်။

ဆရာတော် အသက် ၁၀ နှစ်အရွယ်တွင်မိဘများနှင့်အတူ မင်းပြားမြို့နယ် ကမ်းနီရွာကို ပြောင်းရွှေ့ နေထိုင်ခိုင်ပြီး ၁၂၉၁ ခုနှစ်တွင်ကျောက်နွားရွာတွင် ကျောင်းထိုင်ဆရတော်အဖြစ် သီတင်းသုံးစဉ် နယ်ချဲ့အရင်းရှင်နှင့် မြေပိုင်ရှင်များ၏အနိုင်ကျင့်မှုကြောင်း ဆင်းရဲဒုက္ခရောက်ကြ၇သည့် တကာ တကာမများဘ၀ကိုမြှင့်တင်ရန် စစ်တွေမြို့မှ ရှေ့နေ ဦမြထွန်း၊ ဦးကျော်ခိုင်၊ ဦးဘိုးခိုင်ဦးအောင်သာဦး တို့နှင့်ပူးပေါင်းကာ ရခိုင်တိုင်းလုံးဆိုင်ရာ ကြီးပွားရေး အဖွဲ့ချုပ်ကိုစတင်ဖွဲ့စည်းပြီး ဆရာတော် ဦးပညာသီနှင့်အတူ အဖွဲ့ချုပ် နာယကအဖြစ်ဆောင်ရွက်ကာ နယ်ချဲ့စနစ်ကို စတင်တော်လှန်ခဲ့သည်။

ဆရာတော်၏ စည်းရုံးအားထုတ်မှုကြောင့်မြေပုံမြို့နယ် ကျောက်နွား၊ မင်းပြားမြို့နယ် ကမ်းနီနှင့်မြေပုံမြို့နယ် ကြာအင်းတောင်ကျေးရွာများတွင် လူပေါင်း ၅၀၀၀ ကျော်တက်ရောက်သည့် အဖွဲ့ချုပ်ညီလာခံများကို ကျင်းပ နိုင်ခဲ့သည်။

၁၂၉၉-ခုနှစ်တွင် ဆရာတော်ဦးပညာသီဟနှင့် စစ်တွေမြို့ တန်းခိုးကျောင်းတွင် တွေ့ဆုံဆွေးနွေးကာ နယ်ချဲ့စနစ်ကိုတော်လှန်ရန် အမျိုးသားအင်အားစုတစ်ခုအနေဖြင့် ရခိုင်တိုင်းလုံးဆိုင်ရာတိုင်းရင်းသား အစည်းအရုံးကို ဖွဲ့စည်တည်ထောင်ခဲ့သည်။

ယင်းနောက်ပိုင်းဆရာတော်မှာ နယ်ချဲ့တော်လှန်ရေး မျိုးချစ်လက်နက်ကိုင်အဖွဲ့များကို ဖွဲ့စည်းကာမြေပုံနှင့် ကျောက်ဖြူမြို့တို့ကို အင်္ဂလိပ်လက်အောက်မှ သိမ်းယူနိုင်ခဲ့ပြီး၁၃၀၄ ခုနှစ်တွင် သစ္စာဖောက် တချို့ကြောင်း ဗိုလ်ရန်အောင်ဦးဆောင်သည့် စစ်ကြောင်းက ဆရာတော်ကို ဖမ်းဆီးခဲ့သော်လည်း အသက်ဘေးမှ လွတ်မြောက်ခဲ့၇သည့်။

ထို့အပြင် ဆရာတော်မှာ ဗိုလ်ချုပ်အောင်ဆန်းနှင့်ရန်ကုန်တွင်သွားရောက်တွေ့ဆုံကာ ဖက်ဆစ်တော်လှန် ရေးအတွက်ကြိုးမပ်းရင် ၁၃၀၅ ခုနှစ်တွင် ဖက်ဆစ်ဂျပန်များ၏ ဖမ်းဆီးမှုကိုခံရကာနည်းမျိုးစုံဖြင့် နှိပ်စက်ခံခဲ့ ၇သည်။

၁၃၀၈ ခုနှစ် မြေပုံမြို့နယ်ကြာအင်းတောင်ကျေးရွာတွင် ဆရာတော် ဦးဆောင်ကျင်းပသည့် ပြည်လုံးကျွတ်တပ်ပေါင်းစုညီလာခံကို ဗိုလ်ချုပ်အောင်ဆန်းနှင့် ဦးဗဆွေအပါအဝင်ဖဆပလနှင့် ကွန်မြူနစ်ခေါင်းဆောင်များ တက်ရောက်ခဲ့သော်လည်း ညီလာခံတွင်ခေါင်းဆောင်များအကြား စိတ်ဝမ်းကွဲမှုများဖြစ်ပွားပြီးနောက် မြေပုံမှစစ်တွေသို့အသွား သင်္ဘောထက်တွင် ဖမ်းဆီးခံ၇ပြီး သာယာ၀တီထောင်ကိုပို့ဆောင်ခံခဲ့၇သည်။

သာယာ၀တီထောင်မှ လွတ်လာပြီးနောက်ဆရာတော်မှာ ဖက်ဆစ်တော်လှန်ရေး နယ်ချဲ့တော်လှန်ရေးနဲ့ အမျိုးသား ညီညွတ်ရေးကိုကြိုးပမ်းလုပ်ဆောင်ခဲ့သော်လည်း အချင်းချင်း ညီညွတ်ရေးပြိုကွဲလပြီးထိန်းမရ သည့် အဆင့်ကို ရောက်လာသည့်အတွက် ၁၉၅၈ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့မင်းပြားမြို့တွင် နောက်လိုက် တချို့နှင့် ဥပဒေဘောင်အတွင်းဝင်ရောက်ခဲသည်။

ဆရာတော်မှာ ဘ၀တလျောက် ကြမ်းတမ်းသည့်တော်လှန်ရေးခရီးများကို ဖြတ်သန်းခဲ့၇သည့်အပြင် အကြိမ်ကြိမ် ဖမ်းဆီးနှိပ်စက်ခံခဲ့ရသည့်ဒဏ်ရာများကြောင်း ဖြစ်ပေါ်လာသည့် ရောဂါများကို ရန်ကုန်မြို့ငါးထပ်ကြီးလမ်း သိမ်ကုန်းကျောင်းတိုက်တွင်သီတင်းသုံး ဆေကုသမှုခံယူရင်းသက်တော် ၆၂ နှစ် ၊ ဝါတော် ၄၂ ဝါမြောက် ၁၃၂၆ ခုနတ်တော်လဆန်း ၁၀ရက်နေ့တွင် ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့ကြောင်း သိရှိ၇သည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.