နိရဥ္စရာ၊ဖေဖော်ဝါရီ ၁၃/၂၀၂၃
ရခိုင်ရိုးရာမြေထည်လုပ်ငန်းမှ ထုတ်လုပ်သည့် မြေအိုးမြေခွက်များမှာ ယခင်နှစ်ကထက် ဝယ်လိုအား ကောင်းသော်လည်း လုပ်သားရှားပါးမှုကြောင့်လိုအပ်ချက်ကို ပြည့်မီအောင် ထုတ်လုပ်နိုင်ရန် အခက်အခဲ ကြုံနေ၇သည်ဟု ကျောက်တော်မြို့နယ်တူးမြောင်းကျေးရွာမှ အိုးလုပ်ငန်းလုပ်ကိုင်သူ ဒေါ်မြသန်းက ပြောသည်။
“ အဓိကပြဿနာက အလုပ်သမားမရှိဘူး။ကိုယ့်နေရာ ကိုယ့်ဒေသမှာ အလုပ် လုပ်လို့ကထမင်းနပ်မှန်အောင် မစား၇တော့ အကုန် နိုင်ငံခြားကို ထွက်သွားကြတယ်။ တရုတ်၊ ထိုင်း၊မလေးရှားထွက်ကြတာ။ ရွာမှာလူမကျန်တော့ဘူး။ မှာတဲ့သူ၊ ဝယ်တဲ့သူများပေမယ့်လုပ်သားမရှိတော့ အရင်လို မထုတ်လုပ်နိုင်ဘူး။ ဒီအလုပ်က လူအင်အားလိုတဲ့ အလုပ်မျိုးဆိုတော့
၎င်းပြင် အရင်းအနှီးကလည်း အခက်အခဲရှိနေသည်ဟု သူမက ဆက်လက်ပြောဆိုသည်။
"အရင်လိုအိမ်တိုင်းကလည်းမလုပ်တော့ဘူး။ လူအင်အားလည်းလိုတယ်။အရင်းအနှီးလည်း လိုက်မမီတော့ မလုပ်ဖြစ်ကြတော့ဘူး။ တခြားရွာကလာဝယ်တာတော့ရှိတယ်။ အရင်က တစ်ရက်ကို တစ်ဖို၊ နှစ်ဖိုဖုတ်နေတာ။ အခုကတစ်လမှာ တစ်ဖိုမကျဘူး။ အလုံး(၅၀၀) တောင်မဖုတ်နိုင်ဘူး။ လုပ်သားမရှိတော့ ယခင်နှစ်တွေကထက်လုပ်ကိုင်သူ နည်းပါးလာတယ်”ဟု သူမက ဆက်လက် ပြောဆိုသည်။
နိုင်ငံရေး၊စစ်ရေးအကျပ်အတည်းနှင့် ကုန်ဈေးနှုန်းမြင့်တက်မှုတို့
အလုပ်သမားရှားပါးမှု၊ကုန်ကြမ်းရှားပါးလာမှုတို့ကြော
“ ကျွန်မတို့ရွာမှာ အရင် က မြေထည်လုပ်ငန်းကို တစ်ရွာလုံးနီး
ယခုနှစ်တွင် ပြီးခဲ့သည့် ၂၀၂၂ နှစ်ကထက်ဈေးကောင်း၇ပြီး သောက်ရေအိုး၊ မြေဟင်းအိုး၊ ပန်းအိုး၊ပေါင်းအိုး၊ မီးသွေးဖို စသည်တို့မှာ ၀ယ်လိုအားရှိနေသော်လည်း ထုတ်လုပ်မှုမှာ အားနည်းနေသည်ဟု ဆိုသည်။
မြေထည်ပစ္စည်းများနေရာတွင် ပလပ်စတစ်အစားထိုးပစ္စည်းဝင်ရော
"လာဝယ်တာတော့ရှိပါတယ်။သူတို့ရောက်လာတဲ့အခါ အိုးလုပ်ပြီးသားမရှိတာမျိုးတွေ
အဆိုပါ မြေထည်ပစ္စည်းများကိုကျောက်တော်၊ မြောက်ဦး၊ မင်းပြား ၊ စစ်တွေ၊ မြေပုံ စသည့်မြို့များရှိပွဲရုံများကို တဆင့်တင်သွင်းရောင်းချမှုများ
မြေပုံမြို့မှအိုးလုပ်ငန်းရပ်နားထား၇သူတစ်ဦးက "ဒီအလုပ်ကို လုပ်တော့ဆက်လုပ်ချင်ကြတယ်။ကိုယ်တစ်ယောက်တည်းလည်း လိုက်မမီဘူး။ အလုပ်တစ်ခုရှိတာနဲ့ မရှိတာနဲ့ကလည်းမတူ။အလုပ်မရှိတော့ ကျပ်တည်းကြတယ်။ လုပ်ချင်ပေမယ့်လုပ်ဖို့ကိုင်ဖို့လူကမရှိဖြစ်နေ
၎င်းပြင် အိုးလုပ်သည့် မြေစေးနှင့် သဲရှားပါးမှု၊အိုးလုပ်သည့် အလုပ်သမားရှားပါးမှု
ရခိုင်လူမျိုးတို့၏ ရှေးရိုးရာလက်မှုပညာများမှာ တဖြည်းဖြည်းပျောက်ကွယ်လာသဖြင့်တချို့ လက်မှုပညာရပ်များကို မတိမ်ကော မပျောက်ပျက်စေရန် အမျိုးသားရေးအမြင်ဖြင့် ထိန်းသိမ်းရန်လိုအပ်နေကြောင်းလည်း ထောက်ပြပြောဆိုမှုများရှိနေသည်ဟု သိရှိ၇သည်။
(NN-7)