Preview

ကျောင်းစာမေးပွဲကာလအတွင်း ရခိုင်တွင်ဇာတ်သဘင်များ၏ ကပြဖြေဖျော်ခွင့်ကို AA က တစ်လခန့်တားမြစ်

ဖေဖော်ဝါရီ ၁၃/ ၂၀၂၃ | ကြည့်ရှုသူ :4712
ရခိုင် သတင်း

နိရဥ္စရာ၊ ဖေဖော်ဝါရီ၁၃ /၂၀၂၃

မူလတန်း၊အလယ်တန်းနှင့် တက္ကသိုလ်ဝင်တန်း ကျောင်းသူ၊ကျောင်းသားများ၏ စာမေးပွဲကာလ အတွင်း ၇ခိုင်တွင် ဇာတ်သဘင်များကပြဖြေဖျော်ခွင့်ကိုရက္ခိုင့်တပ်တော်(AA)ကတစ်လခန့် ားမြစ်ပိတ်ပင်လိုက်သည်ဟုဇာတ်ပိုင်ရှင်များက ပြောသည်။

ပိတ်ပင်သည့်ကာလမှာ ဖေဖော်ဝါရီလ ၁၄ရက်မှစတင်ကာ မတ်လ ၁၈ ရက်အထိ ဖြစ်ကြောင်း သိ၇သည်။

၇ခိုင်မှဇာတ်သဘင်များ ကပြဖြေဖျော်ခွင့်မပြုကြောင်းကို ရခိုင်ပြည်နယ်သဘင်အစည်းအရုံးသို့   AA က အကြောင်းကြားလာပြီး သဘင်အစည်းအရုံးက သက်ဆိုင်ရာဇာတ်အဖွဲ့ အသီးသီးသို့  ထပ်မံ အကြောင်းလာသည်ဟု အာရက္ခမဏ္ဍိုင်ဇာတ်သဘင်ပိုင်ရှင်ဒေါ်နီနီအေးက နိရဥ္စရာကိုပြောသည်။

ကျမတို့မှာကအနုပညာအလုပ်ကိုလုပ်စား၇တာဆိုတော့ အခုလိုရပ်ဆိုင်းလိုက်ရတော့ အားလုံးအတွက်အခက်အခဲရှိပါတယ်။ ဒါပေမဲ့ ပညာရေးနဲ့ပတ်သက်လို့ ပညာရေးကိုလည်းဦးစားပေးတာလည်း ကျမတို့ ပါပါတယ်။ နစ်နာပေမဲ့ နစ်နာတာကို တောင့်ခံထားတယ်။ကိုယ့်မှာလည်း သားသမီးတွေရှိတယ်။ ပျော်ရွှင်မှုတစ်ခုကိုလုပ်လိုက်လို့စာမေးပွဲစစ်နေကြတဲ့၊ စာမေးပွဲတွေနဲ့ အဲဒါလေးတွေကိုလည်း ကိုယ်တို့ကနားလည်မှုပေးပြီးတော့ ပညာရေးကို ဦးစားပေးတဲ့ သဘောမျိုးပါဟု ပြောသည်။

မူလတန်းနှင့် အလယ်တန်းကျောင်းသူ၊ကျောင်းသားများ၏ နှစ်ဆုံးအတန်းတင်စာမေးပွဲကို လာမည့်ဖေဖော်ဝါရီလ၂၂ ရက်မှ ၂၈ ရက်အထိစစ်ဆေးမည်ဖြစ်ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၈ရက်မှ ၁၈ ရက်အတွင်း စစ်ဆေးသွားမည်ဖြစ်သည်။

စာမေးပွဲကာလများအတွင်းကပြဖြေဖျော်ခွင့်ကို ယခုကဲ့သို့ ရပ်နားထား၇သည့်အတွက် ကြိုတင် ရက်ချိန်းယူထားသည့်ပွဲအချို့ကိုလည်းဖျက်သိမ်းလိုက်ရသည်ဟု ဇာတ်ပိုင်ရှင်များက ပြောသည်။

ဇာတ်သဘင်များကပြဖြေဖျော်တတ်သည့် ယခုကဲ့သို့ပွင့်လင်းရာသီတွင် ၁ လကျော်အထိ ကပြခွင့်ရပ်နားလိုက်၇သည့်အတွက် ဇာတ်ပိုင်ရှင်များတွင်ထိခိုက်နစ်နာမှုများရှိသလို ဇာတ်သဘင်များကို မှီခိုနေရသူအားလုံးတွင်လည်းအခက်အခဲများဖြစ်ပေါ်လျက်ရှိသည်ဟု ဆိုသည်၇ခိုင်တွင် ဇာတ်သဘင်၁၁ ခုရှိပြီး လက်ရှိတွင် ဒေသအာဏာပိုင်များက မြို့ပေါ်၌ ကပြဖြေဖျော်ခွင့်မပေး၍ယခုနှစ်တွင် လုပ်ငန်းရပ်နားထားရသည့်ဇာတ်သဘင်အချို့လည်း ရှိနေသည်ဟုဇာတ်ပိုင်ရှင်များက ပြောသည်။

ရခိုင်တွင်ဇာတ်သဘင်များသည် ပုံမှန်ဆိုလျှင် ပွင့်လင်းရာသီများဖြစ်သည့် အောက်တိုဘာလမှဧပြီလအထိ ကပြဖြေဖျော်တတ်ကြသည်။

အဆိုပါဇာတ်သဘင်များသည်၇ခိုင်တွင် ၂၀၁၈ ခုနှစ်မှစတင်ကာ တိုက်ပွဲများပြင်းထန်ခဲ့မှုနှင့် ကိုဗစ်ကပ်ရောဂါဖြစ်ပွားခဲ့မှုတို့ကြောင့်၃ နှစ်ခန့် ကပြဖြေဖျော်ခွင့်မ၇ခဲ့၍ အခက်အခဲအကျပ်အတည်း များစွာလည်းဖြစ်ပေါ်ခဲ့သေးသည်။

#အေအေ/စစ်ရေး/ နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.