နိရဥ္စရာ၊ဖေဖော်ဝါရီ ၁၄/၂၀၂၃
၇ခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်တွင်ရွာ ၅ ရွာကို ဆက်သွယ်ထားသည့် ကိုယ်ထူကိုယ်ထတံတား တစ်စင်းပြီးမြောက်ရန်အတွက်အလှူရှင်များလိုအပ်နေကြောင်း တံတားဖြစ်မြောက်ရေး ဦးဆောင်သူမျာ
အဆိုပါတံတားသည် ပြည်သူအများအပြား အသုံးပြုနေသည့် တံတားတစ်စင်းဖြစ်သော်လည်း အစိုးရအဆက်ဆက်ကတာဝန်ယူတည်ဆောက်ပေးခြင်းမရှိသဖြင့် လက်ရှိအချိန်ထိ ဒေသခံပြည်သူများက ကိုယ်ထူကိုယ်ထခက်ခဲပင်ပန်းစွာ တည်ဆောက်နေ၇ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။
၎င်းတံတားသည် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ကြိမ်ချောင်း၊ ဂဏန်းမဲ၊ လောင်းချောင်းကျေးရွာ၊ထောင်လောင်ပွန်းနှင့် ဖောင်ဆိပ်ကျေးရွာတို့ကိုသွားလာ
တံတားအရှည်ပေပေါင်း၁၃၀ ကျော်ရှိပြီး ပြည်တွင်းပြည်ပရှိ စေတနာရှင်များ၏ထည့်ဝင်လှူဒါန်း
"အရင်က နှစ်စဉ်နှစ်တိုင်းတစ်နှစ်တစ်ကြိမ် ဝါးတံတားကို ဆောက်လုပ်တာမတတ်နိုင်တော့ဘူး။ ဒီနှစ်ပြည်တွင်း ပြည်ပမှာရှိတဲ့ ညီအကို မောင်နှမအသိမိတ်ဆွေတွေနဲ့အလှူရှင်တွေစုပေါင်းငွေထည့်ခြင်
အဆိုပါတံတားကိုပျဉ်ခင်းပြီး သံလက်ရန်းများတပ်ဆင်ကာ သွပ်မိုးသွားမည်ဖြစ်ပြီးတံတားပြီးစီးရန် နောက်ထပ် ကျပ်သိန်း ၅၀ ခန့်လိုအပ်နေသေးသည်ဟုလည်းဆိုသည်။
အဆိုပါတံတားသည် တံတားအနီးကျေးရွာများရှိဒေသခံများမှာ ပညာရေး၊ ကျန်းမားရေးနှင့် လူမှုရေးကိစ္စအ၀၀တွင်ဆက်သွယ်သွားလာကြရသော အလွန်အရေးပါသည့် တံတားတစ်စင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။
ထောင်လောင်ပွန်းကျေးရွာမှ ဒေါ်မသန်းဝင်းက"ကျမတို့တစ်ရွာလုံးကတော့ မိုးလင်းတာနဲ့ အောင်ဖြူပြင် ဆိုတဲ့ရွာမှာကွမ်းပို့ရတယ်။ အရင်ဝါးတံတားက မခိုင်ခံတော့ အရမ်းဒုက္ခရောက်ရတယ်။ဒီတံတားပြီးရင်တော့ အနည်းဆုံး နှစ်ဘီး သုံးဘီးသွားလာလို့ရမယ်ဆိုရင်ခရီးမကြန့်ကြာတော့ဘူး” ပြောသည်။
တံတားတည်ဆောက်မှုပြီးစီးနိုင်