Preview

အသစ်ခန့်အပ်ခံရသော စစ်ကောင်စီရခိုင်ဝန်ကြီးချုပ် မြောက်ဦး ခရီးစတင်

ဖေဖော်ဝါရီ ၁၅/ ၂၀၂၃ | ကြည့်ရှုသူ :4457
ရခိုင် သတင်း
"သျှစ်သောင်းပုထိုးတွင်လျှပ်စစ်မီးမရရှိမှု လက်ဆည်ကန်မှရေဖြန့်ဝေရေးကိစ္စ အမှိုက်ပြဿနာမြို့လူကြီးများတင်ပြ"

 

နိရဥ္စရာ၊ဖေဖော်ဝါရီ ၁၅/၂၀၂၃

 

အသစ်ခန့်အပ်ခံ၇သော စစ်ကောင်စီရခိုင်ဝန်ကြီးချုပ်ဦးထိန်လင်း(ဗိုလ်မှူကြီးအငြိမ်းစား)သည် တာဝန်ခန့်အပ်ခံ၇ပြီးနောက် သူ့၏ ပထဆုံး ြောက်ဦး ခရီးကို ယမန်နေ့ကစတင်ခဲ့သည်ဟု သတင်းရရှိသည်။  

 

ယခု ခရီးစဉ်သည် သူတာဝန်ခန့်အပ်ခံရပြီးနောက် ပထမဆုံး စတင်သည့်မြောက်ဦး ခရီးစဉ်ဖြစ်ပြီး ရခိုင်လူမျိုးတို့၏ အထွဋ်မြတ်ထားရာ ရှေးဟောင်းဘုရင်မြို့တော်မြောက်ဦးကိုလာရောက်သည်မှာ အုပ်ချုပ်သူ အစိုးရတာဝန်ရှိသူများ၏ လုပ်ရိုးလုပ်စဉ် ခရီးစဉ်သာဖြစ်သည်ဟုသုံးသပ်သူ တစ်ဦးကဆိုသည်။

 

ဒါက ရာထူးကြီးကြီးနဲ့ ရခိုင်ကိုတာဝန်ကျရင် သူတို့ လုပ်နေကျအလုပ်ပါ။ ဒီတစ်ကြိမ် ဝန်ကြီးချုပ်သစ်ရဲ့ ဒီခရီးစဉ်က နယ်မြေဒေသလေ့လာရေးနဲ့ လူထုစည်းရုံးရေးကိုရည်ရွယ်ပုံ၇ပါတယ်။  မြို့ခံလူထုတွေလည်း တွေ့ဆုံတာကလည်းဒီရည်ရွယ်ချက်ပါပုံ၇ပါတယ်ဟု ပြောဆိုသည်။

 

အသစ်ခန့်အပ်ခြင်း ခံ၇သည့်ခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်း(ဗိုလ်မှူကြီးအငြိမ်းစား)နှင့်အဖွဲ့သည်ယမန်နေ့ ဖေဖော်ဝါရီလ ၁၄ ရက်က မြောက်ဦးရောက်ရှိလာပြီးနောက်  မြောက်ဦးမြို့ရှိ ခရိုင်ထွေ/အုပ်ရုံး အစည်းအဝေးခန်းမတွင်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံခဲ့သည်။


တွေ့ဆုံရာတွင် ၇ခိုင်ပြည်နယ် မြောက်ဦးမြို့ရှိသျှစ်သောင်းပုထိုးတော်ကြီးတွင် လျှပ်စစ်မီးပြတ်တောက်နေမှုနှင့်လက်ဆည်ကန်မှ မြို့တွင်းသို့ဖြန့်ဝေပေးနေသည့်ရေမသန့်ရှင်းသည့်ကိစ္စများအပေါ်ဆောင်ရွက်ပေးရန် မြို့မိမြို့ဖအချို့က ပြည်နယ်စစ်ကောင်စီဝန်ကြီးချုပ်နှင့်အဖွဲ့ထံတင်ပြတောင်းဆိုခဲ့ကြသည်ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

 

 

တောင်ရပ်ကဦးရွှေမောင်က တင်ပြတယ်။ သျှစ်သောင်းဘုရားဟာ မီးအချိန်မှန်မရတဲ့အတွက်ဘုရားဖူး ဧည့်သည်တွေအခက်အခဲရှိတယ်။ အဲဒါတွေကို တင်ပြတယ်။ဒါကို သူတို့က ပြန်ဖြေပါတယ်။ အဲဒီမီးကိုလည်း ဒီဇယ်စက်တွေဘာတွေပေးမယ်ဆိုတာကိုဖြေပေးခဲ့တယ်။ ဦးရွှေသန်းတင်ပြတာကတော့ မြောက်ဦးမှာ လက်ဆည်ကန်ရေတွေဟာမသန့်မရှင်း၊ ရေမလုံမလောက်၊ ဒါတွေကို သန့်ရှင်းအောင် လုပ်ပေး၇မယ်ဆိုတာကိုတင်ပြပါတယ်။ သူတို့ကလည်း ဒါတွေကိုလည်း သန့်ရှင်းအောင်လုပ်ပေးမယ်လို့ဖြေသွားပါတယ်ဟုပြောသည်။

 

ယခုကဲ့သို့ပြည်နယ်အဆင့် အကြီးအကဲပုဂ္ဂိုလ်များ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့်တွေ့ဆုံစဉ်မြောက်ဦးမြို့ကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်း(UNESCO)ဝင်ရေးဆောင်ရွက်နေစဉ် နန်းရာကုန်းတွင်မဆင်မခြင်လမ်းခင်းသည့်ကိစ္စ နောက်ထပ် မဖြစ်ပေါ်စေရန်၊ ရှေးဟောင်းသမိုင်းဝင်းဘုရား၊ ပုထိုး၊ စေတီအနီး လူငယ်များ မူးယစ်ဆေးဝါးများသုံးစွဲမှုကိုတားမြစ်အရေးယူပေးရန်၊ ရှေးဟောင်းသမိုင်းဝင် ဘုရားပုထိုးစေတီများဖျက်ဆီးမှုများကို စုံစမ်းဖော်ထုတ်အရေးယူပေးရန်၊ မြို့တွင်းရှိချောင်းမြောင်းများတွင် အမှိုက်သရိုက်များပြည့်နှက်ပြီး ရေစီးရေလာ မကောင်းတော့သည့် ကိစ္စကိုဆောင်ရွက်ပေးရန်၊မြို့တွင်းရှိ လမ်းမများ၊ လမ်းဆုံလမ်းခွများတွင်လည်း အမှိုက်သရိုက်များမြင်မကောင်းအောင်ဖြစ်နေသည့်ကိစ္စများကို ဖြေရှင်းဆောင်ရွက်ပေးရန်စသည်တို့ကိုလည်းတောင်းဆိုခဲ့သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

 

များသောအားဖြင့်မြောက်ဦးမြို့မှာ ရေစီးဆင်းနေတဲ့ချောင်းတွေရှိတယ် ချောင်းတွေမှာအမှိုက်တွေပစ်တာတွေ၊ မလိုအပ်တဲ့နေရာတွေမှာ အမှိုက်ပစ်တာတွေ၊ အမှိုက်တွေကိုသေသေချာချာပစ်ကြဖို့၊ UNESCO ဝင်ဖို့အတွက် အမှိုက်ကင်းစင်ဖို့၊သန့်ရှင်းသပ်ရပ်ဖို့အတွက် ဒါတွေ မြို့အင်္ဂါရပ်နဲ့အညီ အမှိုက်သရိုက်တွေပစ်တာအရမ်းစည်းမဲ့ကမ်းမဲ့ဖြစ်နေတယ်မြောက်ဦးမြို့မှာ။ အဲဒါတွေကိုစည်းကမ်းတကျနဲ့ဖြစ်အောင်အတွက်၊ ပြီးတော့ မြောက်ဦးမြို့မှာမြောင်းတွေတိမ်ကောနေတာတွေရှိတယ် တူးရမဲ့နေရာတွေရှိတယ်။ ဒါတွေကိုတူးပြီးတော့ ရေစီးရေလာကောင်းအောင်အတွက် ဒါတွေကိုလည်းတင်ပြသင့်တယ်လို့ မြင်ပါတယ်။ တချို့ချောင်းတွေဆို အမှိုက်ပစ်ထားလို့ရေစီးဖို့တောင်မ၇တော့ဘူးဟုပြောသည်။

 

မြောက်ဦးမြို့သည်ရခိုင်တစ်မျိုးသားလုံး အထွတ်အမြတ်ထားရာ ရှေးဟောင်းဘုရင့် မင်းနေပြည်တော်တစ်ခုဖြစ်ပြီးရှေးဟောင်းသမိုင်းဝင် ဘုရား၊ ပုထိုး၊ စေတီများလည်း ပေါကြွယ်၀သည့်ဒေသတစ်ခုဖြစ်သည်။

 

မြောက်ဦးရှိရှေးဟောင်းသမိုင်းဝင် ဘုရား၊ ပုထိုး၊ စေတီများအား ကမ္ဘာကပါ အသိအမှတ်ပြု ထိန်းသိမ်းကာကွယ်နိုင်ရန်အတွက်မြောက်ဦးမြို့ကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်း(UNESCO) ဝင်ရေးသက်ဆိုင်ရာတာဝန်ရှိသူများက ကြိုးပမ်းလျက်ရှိနေကြသည်။

 

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်သောအဖွဲ့သည်ယမန်နေ့က ခရိုင်ထွေ/အုပ်ရုံး ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံခဲ့သည့်အပြင် မြောက်ဦးမြို့လက်ဆည်ကန်အတွင်း ရေပေးဝေရေးလုပ်ငန်းဆောင်ရွက်နေမှု၊ မြောက်ဦးမြို့တွင်နို့စားနွား၊ ဥစားကြက်နှင့် စပ်မျိုး (hybird)ဆိတ်မွေးမြူနေမှု၊ပုရိန်(ရှောင်ပုံကျွန်း) လျှပ်စစ်မြစ်ရေတင် စီမံကိန်းအတွင်းတောင်သူများနှင့်တွေ့ကာ စိုက်ဧက (၂၀၀)ရေသွင်းစိုက်ပျိုးနေမှုနှင့် နန်းရာကုန်း ပြတိုက်စသည်တို့ကိုသွားရောက်လေ့လာခဲ့သည်ဟုသိ၇သည်။

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.