Preview

ULA/AA ၏ သတ္တမအကြိမ်သတင်းစာရှင်းလင်းပွဲ ဖေဖော်ဝါရီ ၂၇ ရက် ကျင်းပမည်

ဖေဖော်ဝါရီ ၁၅/ ၂၀၂၃ | ကြည့်ရှုသူ :2791
ရခိုင် သတင်း

နိရဥ္စရာ၊ ဖေဖော်ဝါရီ၁၅/၂၀၂၃

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA) သတ္တမအကြိမ်မြောက်သတင်းစာရှင်းလင်းပွဲကို လာမည့် ဖေဖော်ဝါရီလ ၂၇ ရက်တွင် ပြုလုပ်မည်ဟု ULA/AAက ယနေ့ ထုတ်ပြန်သည်။

အဆိုပါသတင်းစာရှင်းလင်းပွဲကိုယင်းနေ့နံနက် ၁၀ နာရီတွင် ULA/AA ၏ယခင်ကပြုလုပ်ခဲ့သည့်သတင်းစာရှင်းလင်းပွဲများနည်းတူ ရက္ခိုင်ဘာသာစကားဖြင့်သာပြောဆိုရှင်းလင်းသွားမည်ဟု ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက်တွင် ထုတ်ပြန်သည်။

သတင်းစာရှင်းလင်းပွဲသို့တက်ရောက်လိုသည့်သတင်းထောက်များအနေဖြင့် (https://forms.gle/9FkNHENUvZ9R1sMp9)လင့်ခ်တွင် ဦးစွာဝင်ရောက် စာရင်းသွင်းရမည်ဖြစ်ပြီး စာရင်းသွင်းထားသော သတင်းထောက်များကိုသာသတင်းယူခွင့်ပြုမည်ဟု ထုတ်ပြန်ထားသည်။

သတင်းသမားတစ်ဦးစီကို ကြိုတင်မေးခွန်း(၂)ခုခန့်သာ မေးမြန်းခွင့်ပြုမည်ဖြစ်ပြီး မေးမြန်းလိုသော မေးခွန်းများကိုဖေဖော်ဝါရီလ ၂၀ ရက်၊ တနင်္လာနေ့၊ နံနက် ၉ နာရီနောက်ဆုံးထား၍ [email protected]သို့ ပေးပို့၇မည်ဟုထုတ်ပြန်ထားသည်။

ULA/AA ၏သတင်းစာရှင်းလင်းပွဲကိုပြီးခဲ့သည့်မတ်လ ၅ ရက်မှစတင်ကာ ပထအကြိမ်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုအကြိမ်သည်သတ္တမအကြိမ်မြောက်ဖြစ်သည်။

ပြုလုပ်ခဲ့သည့်သတင်းစာရှင်းလင်းပွဲများတွင်ULA/AA ကကိုင်တွယ်ဖြေရှင်းနေရသည့်စစ်ရေး၊ နိုင်ငံရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးစသည့်ကဏ္ဍများနှင့်ပတ်သက်ပြီးသတင်းထောက်များ သိလိုသည်များကိုULA/AA ၏ပြောခွင့်၇သူဦးခိုင်သုခက တာဝန်ယူဖြေကြားခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာလ၁၉ ရက်က ပြုလုပ်ခဲ့သည့် ပဉ္စမအကြိမ်မြောက်သတင်းစာ ရှင်းလင်းပွဲတွင်ULA/AA ၏ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ဒေါက်တာညိုထွန်းအောင်လည်း ကိုယ်တိုင်ဝင်ရောက်ဖြေဆိုခဲ့သည်။

#အေအေ/စစ်ရေး/ နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.