နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၅/၂၀၂၃
စည်ပင်က အမှိုက်များကို ကောင်းမွန်စွာ မသိမ်းဆည်းနိုင်သဖြင့်ဝေဖန်မှုများ အကြီးအကျယ် ထွက်ပေါ်နေသော စစ်တွေမြို့တွင် အမှိုက်သိမ်းဆည်းရေးကို စည်ပင်မှပုဂ္ဂလိကလက်သို့ အပ်ပြီး ယနေ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့က စတင်ကာ ရပ်ကွက်(၁၀)ခုကို စမ်းသပ်ကာလ အဖြစ်ဆောင်ရွက်နေပြီဟု သိရှိ၇သည်။
ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် သယံဇာတရေးရာ ဦးသန်းထွန်းကသူ၏ ပို့စ်တွင် ရပ်ကွက်၁၀ ခုမှ အမှိုက်များကိုသိမ်းဆည်းရန် စမ်းသပ်ကာလအဖြစ် ယနေ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့က စတင်ပြီ ပုဂ္ဂလိကမှ ဆောင်ရွက်နေပြီဖြစ်ကြောင်း ဖော်ပြသည်။
၎င်းရပ်ကွက် (၁၀)ခုမှာ ပြည်တော်သာ(ဟောက်ဆိန်းဘုတ်) ၊ ကျေးပင်ကြီး ၊ မောလိပ် ၊ အိုးတန်း ၊ မိဇံ ၊ ရူပတောင် ၊ရူပမြောက် ၊ ကျောင်းတက်လမ်း၊ ဘောက်သီးစု ၊ မြို့သူကြီးတို့ ဖြစ်ကြသည်။
ယခုကဲ့သို့ စစ်တွေတွင် အမှိုက်သိမ်းဆည်းရေးကို ပုဂ္ဂလိကကိုပေးလိုက်သည့် အပေါ် ဝံလက်ဒါရိုက်တာ ဦးခိုင်ကောင်းစံက ယခုလို သုံးသပ်ပြောဆိုသည်။
"စစ်တွေကအမှိုက်တွေက ပြည်နယ်ရဲ့ မြို့တော်အင်္ဂါ ရပ်နဲ့မညီတာကြာပြီ။စည်ပင်ကလည်း လိုအပ်ချက်ရှိသလို။ ပြည်သူတွေကလည်း အမှိုက်ပစ်ရာမှာလိုအပ် ချက်တွေရှိတယ်။ အဓိကတော့ပုဂ္ဂလိကကိုပေးလိုက်တယ်ဆိုတာက ကောင်းတဲ့လက္ခဏာတစ်ရပ်လို့မြင်တယ်။ဒါပေမဲ့ ပုဂ္ဂလိကရဲ့ ဝန်ဆောင်မှုက ဘယ်လောက်ထိ ပြီးပြည့်စုံမလဲဆိုတာတော့ အစမ်းခန့် ပုံစံမျိုးလုပ်တာက ပိုပြီးသင့်တော်တယ်လို့မြင်တယ်။ နောက်တစ်ခုက ပုဂ္ဂလိကကိုပေးလိုက်ခြင်းအားဖြင့်ပုဂ္ဂလိကရဲ့လုပ်ဆောင်မှု၊ ပြည်သူတွေရဲ့လိုက်ပါလုပ်ဆောင်မူ၊ စည်ပင်ခတွေအဆမတန်ဈေးကြီးသွား လားဆိုတာကိုစဥ်းစားဖို့လိုတယ်လို့ပြောချင်ပါတယ်။ ပုဂ္ဂလိကကလည်းအမြတ်ကိုရှေ့ရှုးတာထက် မြို့သန့် ရှင်းရေးနဲ့အဖွဲ့ရဲ့ဂုဏ်သိက္ခာတက်ဖို့အတွက် သင့်တင့် တဲ့စည်းတစ်ခုနဲ့လုပ်သွားမယ်ဆိုရင်တော့ ပုဂ္ဂလိကက အမှိုက်ကောက်မှုစနစ်ကကောင်းတယ်လို့ပဲ ထောက်ပြ ချင်ပါတယ်။"
စစ်တွေသည် ၇ခိုင်ပြည်နယ်၏ မြို့တော်တစ်ခုဖြစ်သော်လည်း တိုင်းနှင့်ပြည်နယ် ၁၄ ခုအထဲတွင် အမှိုက်သိမ်းစနစ် အညံ့ဖျင်းဆုံးထဲတွင် ပါဝင်ပြီး အမှိုက်များရှုပ်ပွနေမှုကြောင့်စစ်တွေမြို့၏ မြို့ဂုဏ်အင်္ဂါနှင့် မညီဖြစ်နေမှုအပေါ် ပြောဆိုဝေဖန်မှုများလည်းအများအပြားရှိနေသည်ဟုသိ၇သည်။
ပုံစာ- စစ်တွေတွင် ပုဂ္ဂလိကမှ အမှိုက်သိမ်းမှုစတင်/ဓာတ်ပုံ-Than Tun Post