Preview

ရခိုင်မှ ဆန်စပါး ပြည်မဘက်က ဝယ်လိုအားကောင်းနေ

ဖေဖော်ဝါရီ ၁၆/ ၂၀၂၃ | ကြည့်ရှုသူ :1010
ရခိုင် သတင်း

နိရဉ္စရာ၊ ဖေဖော်ဝါရီ၁၅/၂၀၂၃

၇ခိုင်ပြည်နယ်မှ ဆန်စပါးများကိုပြည်မဘက်မှ ဈေးကောင်းပေး ၀ယ်လိုအားကောင်းနေသည်ဟု သတင်းရရှိသည်။

ထိုသို့ ဆန်စပါး ဝယ်လိုအားကောင်းနေခြင်းမှာ ဗမာပြည်မဘက်တွင်လည်းယခုနှစ် စပါးအထွက်နုန်း ကျဆင်းခဲ့ပုံ၇ကြောင်း  ရခိုင်မှဆန်စပါးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

ဆန်ဈေးတက်၇တဲ့အကြောင်းက နံပါတ်တစ် အချက်က ၇ခိုင်မှာ စပါးအထွက်နည်းတယ်။စပါး အထွက်နည်းနေတဲ့ အချိန်မှာ  ဘင်္ဂလားဒေ့ရှ်ကိုလည်းတန်ချိန် ၂၅၀၀ ရောင်းတယ်။ တခြား WFP ကလည်း ပုံမှန်ဝယ်နေကျရှိတယ်။ နောက်တစ်ခါ ဗမာပြည်ဘက်မှာလည်းဆန်အထွက်လျော့တယ်လို့ထင်တယ်။ အဲဒီဘက်ကလည်း ဈေးကောင်းပေးပြီးတော့ဝယ်တဲ့အတွက် ဆန်ထွက်ပေါက်တွေက များနေတယ်

 ရခိုင်တွင် ယခုနှစ်စပါးစိုက်ပျိုးရာသီတွင် အထွက်နူန်းလျော့ကျခဲ့၍ဆန်စပါး တင်ပို့မှုကို ကောင်းစွာ မထိန်းချုပ်လျှင် လာမည့် မိုးရာသီတွင် ဆန်စပါးရှားပါးမှုနှင့်ကြုံတွေ့၇နိုင်သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

 တစ်ဖက်မှာလည်းလယ်သမားတွေမှာ ၅၀% အထွက်လျော့တယ်။ ဝယ်လိုအားကောင်းနေတယ်။ ဒီနှစ်မှာက၇ခိုင်ပြည်ကလူတွေ စားသုံးဖို့အတွက်က ပယ်ရင် သိပ်မထွက်ဘူး။ လွန်ခဲ့တဲ့နှစ်ကအတိုင်းရောင်းနေမယ်ဆိုရင် အငတ်ဘေးဆိုက်သွားနိုင်တဲ့ အခြေအနေရှိတယ်။ဒီအတိုင်းသွားနေမယ်ဆိုရင် မိုးလယ်လောက်ကနေ စပါး ရှားသွားနိုင်တဲ့အခြေအနေရှိတယ်။ ဆန် ၁ အိတ်ကို ၁ သိန်းကျော် လာနိုင်တယ်။ ဒီဟာကပြောလို့မ၇နိုင်ဘူး။ ဆန်ဈေးဆိုတာက ချက်ချင်းနဲ့ တစ်ရက်နှစ်ရက်မှာ ကျပ် ၁ သောင်းတက်သွားတာတွေရှိတယ်ဟု ဆိုသည်။

၂၀၂၂ခုနှစ်က စပါးစိုက်ပျိုးချိန်တွင် မိုးခေါင်ခြင်းကြောင့် စပါးပင်များအပူလောင်ခြင်းနှင့် စီထရန် ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် လေတိုက်၍စပါးပင်လှဲခြင်း၊ စပါးခင်းထဲ ဆားငန်ရေ ဝင်ရောက်ခြင်းများရှိခဲ့၍ စပါးအထွက်နှုန်းကျဆင်းခဲ့သည်ဟု သိ၇သည်။

၇ခိုင်တစ်ပြည်နယ်လုံးမှာ စပါးအထွက်နှုန်းကျခဲ့ရသည့်အတွက်ကြောင့်တခြားနေရာများက ဈေးကောင်းပေးနေဝယ်နေခြင်းကို တာဝန်ရှိ ပုဂ္ဂိုလ်များအနေဖြင့်အထူးသတိထားစောင့်ကြည့်ရန် လိုအပ်သည်ဟု ရခိုင်ပြည်လုံးဆိုင်ရာတောင်သူလယ်သမား သမဂ္ဂမှ တာဝန်ရှိသူတစ်ဦးက နိရဉ္စရာကိုပြောသည်။

ဒီနှစ်မှာက ကျနော်တို့မိုးခေါင်မှု၊ စီထရန်မုန်တိုင်းတွေကြောင့် အထွက်အားကျသွားတယ်ပေါ့။အထွက်အား ကျသွားတဲ့ကြားထဲက ကျနော်တို့ အခုလို တခြားနေရာတွေကလည်းဈေးကောင်းကောင်းနဲ့ဝယ်ယူနေမယ်ဆိုရင် ဒီနှစ်နေပြီးတော့ရခိုင်ဒေသ၏ ရိက္ခာအပိုင်းတွေကျတော့ နည်းနည်းလောက် စိုးရိမ်စရာကောင်းတယ်လို့ကျနော်တို့မြင်၇ပါတယ်။ ဒီလာမယ့် မိုးရာသီ ၈ လပိုင်း၊ ၉ လပိုင်းလောက်ဆိုရင်ဒီအတိုင်းဆိုရင် ကျနော်တို့ စပါးဆန်ဈေးကွက်တွေဟာ ပေါ်ဆန်းမွှေး တစ်အိတ်ကိုသိန်းဂဏန်းအထိတောင် ဖြစ်သွားနိုင်တဲ့အခြေအနေရှိပါတယ်။ အဲဒါကို ကျနော်တို့တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့၇ခိုင်ဒေသကို အထူးသတိထားစောင့်ကြည့်ရမယ့်အခြေအနေရှိပါတယ်ဟုပြောသည်။

ထိုအပြင် ယခုကဲ့သို့ဆန်စပါးများကို ပြည်မဘက်က ဈေးကောင်းပေးဝယ်ပြီး သင်္ဘောများဖြင့် တင်ပို့နေခြင်း၊ ဆန်ကုန်သည်များက ဆန်ဈေး တက်သည့်အချိန်တွင် ထုတ်ရောင်းရန် ဆန်စပါးများကိုသိုလှောင်နေခြင်း၊ ဘင်္ဂလားဒေ့ရှ်ဘက်သို့စီးပွားရေး လုပ်ငန်းရှင်များမှ မှောင်ခိုလမ်းကြောင်းမှ တင်ပို့ခြင်းတို့ကြောင့် ရခိုင်ပြည်တွင်း၌ဆန်ရှားပါးမှုဖြစ်ကာ ဆူပူမှုများဖြစ်လာနိုင်သည်ဟု သူကဆက်ပြောသည်။

ဒီဟာကတော့ သတိထားရပါမယ်။ကျနော်တို့ ဆန်ဆိုတာကနေပြီးတော့ လူတိုင်းအတွက် မရှိမဖြစ်တဲ့ ရိက္ခာတစ်ခု ဖြစ်တဲ့အခါမှာဒီလိုဆန်ကိုနေပြီးတော့ အလွန်တရာ ထိန်းကွပ်မှုမရှိဘဲလွတ်ပေးလိုက်ပြီးတော့ ဆန်ရှားပါးသွားမယ် ဆိုလို့ရှိရင် ကျနော်တို့ နည်းနည်းဆူဆူပူပူလေးတွေဖြစ်သွားနိုင်မယ်လို့လောလောဆယ် အဲလိုယူဆလို့၇နိုင်ပါတယ်။ ကျနော်တို့ ၇ခိုင်မှာ အရင်က   ဆန်ဈေးအလွန်တရာတက်လာရင်တော့ ဧရာ၀တီဘက်၊ပြည်မဘက်တွေက သင်္ဘောကြီးတွေနဲ့ ဝင်လာတယ်ဆိုရင် စစ်တွေမှာ ဆန်ဈေးနှုန်းတွေကျသွားတာတွေရှိခဲ့ပါတယ်။ ဒါပေမယ့် အခု ပြည်မမှာဆန်ဈေးတက်နေတော့ ဒီဘက်ကို ပြန်ပို့မှာက ဖြစ်နိုင်ခြေနည်းနေတယ်။ နောက်ထပ် တိုက်ပွဲတွေဖြစ်လို့ လမ်းတွေ ပြန်ပိတ်တယ်ဆိုရင် ဒီတစ်ကြိမ် ၇ခိုင်မှာ အဓိက ရှားပါးမှာက ဆန်ဖြစ်မယ်။  နံပါတ်(၁) ဆန်အခက်အခဲ ဖြစ်လာမယ်။ဒါကြောင့် ကိုယ်တို့ဘက်ကတော့ပိုပြီး သတိထားဖို့ထားဖို့လိုအပ်တာပေါ့နော်ဟုပြောသည်။

၇ခိုင်တွင် စပါးပေါ်ပြီး၂ လအတွင်း စားသုံးမှုအများဆုံးဖြစ်သည့် ပေါ်ဆန်းမွှေးဆန်တစ်အိတ်ကိုကျပ် ၅ သောင်းမှ ၆ သောင်းကျော် ဝန်းကျင်အထိ ရှိခဲ့သော်လည်း ယခုတွင်ကျပ် ၇ သောင်းမှ ၈ သောင်းကျော်ဝန်းကျင်ထိ ဈေးတက်လာခဲ့သည်ဟု ဆိုသည်။

 သီရိဒုံ(ဆန်ချေ)တစ်အိတ်ကို ယခင် ကျပ် ၄ သောင်းခွဲခန့်မှ ယခု ကျပ်၆သောင်းခွဲဝန်းကျင်အထိ မြင့်တက်နေသည်ဟု သိ၇သည်။

၇ခိုင်တစ်ပြည်နယ်လုံးတွင် ယခင်နှစ်ကစပါးစိုက်ပျိုးခဲ့သည့် လယ်ဧကမှာ ၈ သိန်းခွဲကျော်ဟု ဆိုသော်လည်း စပါးလယ်ဧက ၆သိန်းခန့်သာ ထွန်ယက်စိုက်ပျိုးနိုင်ခဲ့သည်ဟု ၎င်းကပြောသည်။

 ရာသီဥတုနှင့်နိုင်ငံရေးအခြေအနေကြောင့် လယ်ဧက ၂ သိန်းကျော်မှာ ပျက်စီးခဲ့၇ပြီးစပါးအထွက်နှုန်း ၅၀% မက ကျဆင်းသွားခဲ့၇သည်ဟု ရခိုင်ပြည်လုံးဆိုင်ရာတောင်သူလယ်သမား သမဂ္ဂမှ ကောက်ယူထားသော စာရင်းအရသိ၇သည်။

ထို့ကြောင့်၇ခိုင်ပြည်တွင်းမှ စီးပွားရေးလုပ်ငန်းရှင်များ၊ လယ်သမားများနှင့် ဆန်ကုန်သည်များ အနေဖြင့် ဆန်စပါးများကိုပြည်မနှင့် ပြည်ပဖက်သို့ ဈေးကောင်းပေး၍ ရောင်းချနေခြင်းများကိုရပ်တန့်ရန်လိုပြီး ၇ခိုင်ပြည်အခြေအနေကို နားလည်သဘောပေါက်ရန်လိုသည်ဟုရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ ဒုဥက္ကဋ္ဌ ဦးမြင့်ဦးကနိရဉ္စရာကိုပြောသည်။

၇ခိုင်က တောင်သူတွေမှာ နိုင်ငံရေးအခြေအနေနဲ့မြေဆီဈေးမြှင့်တက်မှု၊ စက်သုံးဆီဈေးမြှင့်တက်မှု၊ ငွေရေးကြေးရေးရှားမှု စတာတွေကိုရင်ဆိုင်ပြီး ထွန်ယက်စိုက်ပျိုးခဲ့တယ်။ ဒီနှစ်စပါးဈေး နည်းနည်းတက်တော့ သူတို့အတွက် အသက်ရှုနည်းနည်းရှောင်တာပေါ့။ဒါကိုလည်း နားလည်ပါတယ်။ ပေမယ့်လည်း ဒီနှစ်ထွက်လာတဲ့ ရခိုင်ပြည်က ထွက်တဲ့စပါးတွေကို၇ခိုင်ပြည်မှာ ဖူလုံအောင်၊ အပြင်ကိုမထုတ်ဖို့ ကျနော်တို့ အများကြီး သတိပေးနေရတယ်။ဘာလို့လဲဆိုရင် ကျနော်တို့မှာက အကုန်လုံးအတွက် လိုအပ်နေတာကိုး။ အထွက်နှုန်းကလည်း ၅၀%ကျဆင်းသွားတယ်။ ကျနော်တို့ ရခိုင်မှာရှိတဲ့ တောင်သူတွေကို မေတ္တာရပ်ခံချင်တာကတော့ အတတ်နိုင်ဆုံးဆန်စပါးတွေကို အပြင်ကို မရောင်းချဖို့နဲ့ ထိန်းထိန်းသိမ်းသိမ်းလုက်ကြဖို့ပါပဲ။  ဘယ်ဟာက ပိုအရေးကြီးသလဲဆိုတာ သဘောပေါက် နားလည်ဖို့လိုပါတယ်" ဟုပြောသည်။

ရခိုင်ပြည်နယ်တွင်ယခုရက်ပိုင်းအတွင်း ဆန်ဈေးများ တဟုန်ထိုးမြင့်တက်နေသည့်အတွက်ကြောင့် အခြေခံလက်လုပ်လက်စားပြည်သူများသာမက ငွေကြေးကျပ်တည်းမှုများနှင့်ရင်ဆိုင်နေကြ၇သော အစိုး၇လစာစားဝန်ထမ်းများမှာပါ စားဝတ်နေရေးအခက်ကြုံနေ၇သည်ဟု သိရှိ၇သည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.