Preview

တောင်ကုတ်မြို့နယ်တွင် မိန်းကလေး၁ဦးကိုဓားဖြင့်ထိုးပြီး ရွှေ ၁၀ကျပ်ကျော်နှင့် ငွေသားများကို ဓားပြတိုက်ယူသွား

ဖေဖော်ဝါရီ ၁၆/ ၂၀၂၃ | ကြည့်ရှုသူ :1113
ရခိုင် သတင်း

နိရဥ္စရာ၊ဖေဖော်ဝါရီ ၁၆ /၂၀၂၃

၇ခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်နတ်မော်ကျေးရွာတွင် နေအိမ်တစ်လုံးကို ဓားပြတိုက်ရာတွင်  ဓားပြများက မိန်းကလေး ၁ ဦးကို ဓားဖြင့်ထိုးပြီး ရွှေ ၁၀ကျပ်ကျော်နှင့် ငွေသားများကိုပါ ယူဆောင်သွားခဲ့သည်ဟုကျေးရွာအုပ်ချုပ်ရေးမှူးက အတည်ပြုပြောသည်။

ယနေ့ဖေဖော်ဝါရီလ ၁၆ ရက်၊ ညဥ့် ၂ နာရီခန့်တွင် အမည်မသိ လူအချို့က ဦးမောင်မြင့်နိုင်၏ နေအိမ်အား ဝင်ရောက်ဓားပြတိုက်ခဲ့ခြင်းဖြစ်သည်ဟုကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းဝေက နိရဥ္စရာကိုအတည်ပြုပြောသည်။

ဓာပြတိုက်ခံ၇တဲ့ အတွက် ရွှေ၁၀ ကျပ်ကျော်နဲ့ နွားရောင်းထားတဲ့ ပိုက်ဆံများ ပါသွားတယ်။  ဓားထိုးခံ၇တဲ့ မိန်းလေးက အိပ်ခန်းသီးသန့်နဲ့အိပ်တာ။အဲဒါအပေါ့သွားဖို့နိုးလို့ အိမ်အောက်ကိုဆင်းတဲ့အခါ ဓားပြတစ်ယောက်ကသူ့ကို ဓားနဲ့ထိုးပြီး ထွက်ပြေးသွားကြတာဟု ပြောသည်။

ယင်းသို့ဓားထိုးခံလိုက်၇၍ ယင်းမိန်းကလေး၏ဘေးစောင်းတွင်ဓားထိုးဒဏ်ရာ ၁ ချက်ရရှိပြီး လက်ရှိတွင် ဆေးရုံသို့ပို့အရေးပေါ်ဆောင်ထား၇သည်ဟု ဆိုသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီးကာယကံရှင်များကို ဆက်သွယ်နေဆဲဖြစ်သည်။

ဓားပြများမှာမည်သူမည်ဝါဖြစ်သည်ဆိုသည်ကို ညဉ့်အချိန်ဖြစ်၍ မမှတ်မိလိုက်ဟုလာရောက်တိုင်တန်းစဉ်ပြောဆိုခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

ယခုကိစ္စကိုကျေးရွာအုပ်ချုပ်ရေးမှူးက တောင်ကုတ်ရဲစခန်းနှင့် မြို့နယ်ထွေ/အုပ်တို့ထံ အသိပေး တိုင်ကြားထားသည်ဟုပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီးတောင်ကုတ်မြို့မရဲစခန်းကိုဆက်သွယ်ရာ တာဝန်ရှိသူတစ်ဦးကတိုင်ကြားမှုမရောက်ရှိသေးဟု တုံ့ပြန်ပြောသည်။

တောင်ကုတ်မြို့နယ် ရန်ခေါ်ရွာအနီးတွင်ယမန်နေ့ ဖေဖော်ဝါရီလ ၁၅ ရက် ည ၈ နာရီခန့်ကလည်း အမျိုးသားတစ်ဦး၏ဘယ်ဘက်ရင်အုံကိုလူငယ် ၄ ဦးကဓားဖြင့်ထိုးကာ ဆိုင်ကယ်အား လုယူထွက်ပြေးသွားခဲ့ကြသည်ဟု ကာယကံရှင်က လူမှုကွန်ရက်တွင် ရေးသားဖော်ပြထားသည်။

သူခိုးအဆင့်မဟုတ်ပါဘူး။ ဓားပြအဆ့င်ပါ။သေနိုင်တဲ့နေရာကို ၁ ချက်တည်းထိုးခဲ့တာပါ။ ဘယ်ဘက်ရင်အုံ နှလုံးတည့်တည့်ပါ။လူသတ်ကျွမ်းကျင်အဆင့်တွေပါ။ နောက်ဆုတ်တာမြန်ခဲ့လို့ မသေတာပါဟု ရေးသားထားသည်။

ဖေဖော်ဝါရီလ၁၄ ရက်၊ ည ၁၀နာရီခန့်ကလည်း ပေါက်တောမြို့နယ် ကျောက်မောင်းကျေးရွာမှ စက်လှေဖြင့် ပိုက်ချနေသည့်ငါးဖမ်းသမားတစ်ဦး၏ လှေပေါ်တွင် တပ်ဆင်ထားသည့် ဟွန်ဒါစက်အား လူ ၃ ဦးပါသည့်စက်လှေတစ်စီးက အကြမ်းဖက်ကာ လုယူသွားမှုဖြစ်ပေါ်ခဲ့သေးသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းရခိုင်တွင် တရားဥပဒေစိုးမိုးမှုများအားနည်းလျက်ရှိပြီး ဓားပြတိုက်မှု၊လုယက်မှုနှင့် ခိုးမှုများ နေ့စဉ်ရက်ဆက်ဆိုသလိုဖြစ်ပေါ်လျက်ရှိသည်ဟုဒေသခံများက ပြောသည်။

 ယင်းဖြစ်စဉ်များအပေါ်သက်ဆိုင်ရာရဲတပ်ဖွဲ့ကလည်း စုံစမ်းဖော်ထုတ်အရေးယူနိုင်ခြင်းမရှိ၍ဒေသခံများအကြား ဝေဖန်မှုများလည်း မြင့်တက်လျက်ရှိသည်။

#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.