Preview

စစ်ဘေးရှောင်များနေရပ်ပြန်လျှင် ကျပ် ၆ သိန်းထောက်ပံ့မည်ဟုပြောဆိုပြီး မိုင်းရှင်းလင်းပေးရန်တောင်းဆိုမှု အပေါ် ပြည်နယ်ဝန်ကြီးချုပ်မျက်ကွယ်ပြု

ဖေဖော်ဝါရီ ၁၆/ ၂၀၂၃ | ကြည့်ရှုသူ :6371
ရခိုင် သတင်း

နိရဥ္စရာ၊ ဖေဖော်ဝါရီ၁/၂၀၂၃

ပုဏ္ဏားကျွန်းမြို့သို့ ယမန်နေ့က ရောက်ရှိလာခဲ့သည့်  ၇ခိုင်ပြည်နယ် စစ်ကောင်စီဝန်ကြီးချုပ်သည် စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေးအတွက်မိသားစု တစ်စုလျှင် ကျပ် သိန်းနှင့် ဆန်ရိက္ခာ(၂)လစာထောက်ပံ့ပေးမည်ဟ ပြောကြားခဲ့သော်လည်း  တိုက်ပွဲများဖြစ်ပွားခဲ့သည့် ကျေးရွာများအနီးဝန်းကျင်နှင့်တောတောင်များတွင် မိုင်းရှင်းလင်းပေးရန် တောင်းဆိုအပေါ်  တစ်စုံတစ်ရာပြောဆိုခြင်းမရှိဘဲ မျက်ကွယ်ပြုခဲ့သည်ဟုစစ်ဘေးရှောင်များက ပြောသည်။

ပုဏ္ဏားကျွန်းမြို့ရှိ ရေဖြူကန်စစ်ဘေးရှောင်စခန်းမှတာဝန်ရှိသူတစ်ဦးက  ကျနော်တို့ နေရပ် ပြန်ဖြစ်ကြရင် ကျနော်တို့ကရှိဆင်းရဲသားတွေဖြစ်ကြတဲ့အတွက်တောတောင်ကိ  အမှီပြုပြီး လုပ်စားကြရမယ်။ချောင်းကိုလည်း အမှီပြုစား၇မယ်။ တောင်ကိုအမှီပြုလုပ်စားတဲ့အချိန်ကာလမှာမိုင်းအန္တရာယ်ကြောင့် မသွားရဲ မလာရဲဘူး။ဒါကြောင့် ကျနော်တို့ဒုက္ခသည်တွေဟာ ရှင်းရှင်းလင်းလင်း ရှာစားနိုင်အောင် အတွက် ကျနော်တို့ကို မိုင်းရှင်းပေးဖို့တောင်းဆို တာပါ။ ဝန်ကြီးချုပ်ကတော့ ရှင်းလင်းပေးမယ်လို့  ဘာမှကတိပြု ပြောဆိုသွားတာ မရှိခဲ့ပါဘူးဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွား၍ရွာသားများစွန့်ခွာလာသည့် ကျေးရွာအနီးဝန်းကျင်တွင် စစ်ကျန် မိုင်းများကြောင့် သေဆုံးသူဒဏ်ရာရသူများမကြာခဏဖြစ်ပေါ်နေသဖြင့် စစ်ဘေးရှောင်များမှာ ကျေးရွာများသို့ မပြန်ဝံ့ကြဘဲဖြစ်နေကြသည်ဟု ဆိုသည်။

ဂဏန်းတောင်စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးသိန်းထွန်းကလည်းတိုက်ပွဲဧရိယာအတွင်းရှိ ကျေးရွာများနှင့် တောတောင်များတွင်စစ်ကောင်စီက မိုင်းရှင်းလင်းပေးလျှင် စစ်ဘေးရှောင်များ အနေဖြင့်လည်း နေရပ်ပြန်ရန်အလားအလာရှိသည်ဟု ပြောသည်။

ကျနော်တို့ စခန်းထဲမှာနေတဲ့ လူတွေကတော့ချောင်းတူရယ်၊ဗုဒ္ဓေါရယ်၊ ကွမ်းအုံစုရယ်ဆိုတဲ့ ရွာတွေက ဖြစ်ကြပါတယ်။သူတို့ကတော့သူတို့(စစ်သားတွေ)သွားတဲ့လမ်းပေါ်မှာဖြစ်ပြီး သူတို့တွေနေခဲ့တဲ့နေရာတွေပါ။ပြီးတော့ စစ်တပ်ရှိတဲ့တောင်ကတော့  ရွာအပေါ်ကပါ။သူတို့တွေက အခုထိ ရွာမှာလူမရှိဘူးဆိုတော့ ရွာထဲတွေမှာ ကြက်တွေ၊ ငှက်တွေ၊ဝက်တွေရှိတာတွေကိုတောင်မှ သူတို့တွေစားသောက်ပြီးတော့ အဲလို ယူပြီးတော့ရွာမှာတစ်ယောက်မှမရှိတော့ အိမ်ခြံထဲမှာ မိုင်းတွေဘာတွေရှိမှာကိုစစ်ဘေးရှောင်တွေ ကြောင့်ကြစိုးရိမ်မှုရှိနေတာပါဟု ပြောသည်။

၇ခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်သောအဖွဲ့သည် ေဖော်ဝါရီလ၁၅ ရက် နေ့လယ်ကပုဏ္ဏားကျွန်းမြို့ရှိ လူငယ်သင်တန်းကျောင်းတွင် စစ်ဘေးရှောင်များ၊မြို့မိမြို့ဖများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံစဉ် မိုင်းရှင်းလင်းပေးရန်စစ်ဘေးရှောင်စခန်း တာဝန်ရှိသူများက တင်ပြတောင်းဆိုခဲ့ကြသည်ဟု သိ၇သည်။

 “ ပိုက်ဆံ ၆ သိန်းပေးမယ်။ ဆန် ၂ လစာထောက်ပံ့ပေးမယ်။ ဒါလောက်ဘဲပြောတယ်။မိုင်းရှင်းပေးဖို့ တောင်းဆိုတာကျတော့ သူတို့ဘာမှ ပြောမသွားဘူး။ မိုင်းရှင်းပေးရင်ရွာသားတွေက ပြန်နိုင်တယ်။ မိုင်းမရှင်းရင်တော့ အသက်အသေခံပြီး ဘယ်သူမှလည်း ပြန်ကြမှာမဟုတ်ပါဘူးဟု ၎င်းက ပြောဆိုသည်။

ရခိုင်ပြည်နယ်အတွင်းစစ်ကျန်မြေမြုပ်မိုင်းများကြောင့် မကြာခဏ သေဆုံးဒဏ်ရာရရှိသူများရှိနေပြီး  ဖေဖော်ဝါရီလ၁၅ ရက်ကလည်း  ကျောက်တော်မြို့နယ် လမ်းမတော်ကျေးရွာမှ ဒေသခံ ဦးဇော်မိုးလွင် (ခ) မောင်ချေဖြစ်ပြီး ၎င်းတို့ရွာအနီးရှိ(၃၇၄) တောင်သို့ ထင်းသွားခွေရာတွင် မိုင်းနင်းမိ၍ ခြေထောက်တစ်ဖက် ပြတ်သွားခဲ့သည်။

ဖေဖော်ဝါရီ ၆ ရက်ကလည်း အမ်းမြို့နယ်ဒါးလက်ချောင်းအုပ်စုဒါးလက်ချောင်းအနောက်ရွာမှ ကိုဦးဆန်းကြည် အသက် (၂၂)နှစ်သည်  ဥယာဉ်ခြံတွင် နေ့စားအလုပ်သမားအဖြစ် အငှါးလုပ်ကိုင်ရန်သွားစဉ်ခြံအတွင်း မိုင်းနင်းမိ၍ ပြင်းထန်ဒဏ်ရာရရှိသွားခဲ့သည်ဟု သိ၇သည်။

ယခုကဲ့သို့  ၇ခိုင်တွင်စစ်ပွဲကျန် မြေမြုပ်မိုင်းပေါက်ကွဲ၍ သာမန်အရပ်သားပြည်သူများနေ့စဉ်လိုလို ထိခိုက်ဒဏ်ရာရ သေဆုံးမှုများရှိသော်လည်း လက်ရှိ စစ်ကောင်စီသည် မြေမြုပ်မိုင်းများကိုဖယ်ရှားပစ်ရန် ဆောင်ရွက်ခြင်း တစ်စုံတစ်ရာမရှိသလို ထိခိုက်သူများအားလည်း ဆေးဖိုးဝါးခအပါအဝင် လူသားချင်းစာနာသည့် ကူညီထောက်ပံ့ပေးခြင်းမှုမျိုးလည်း လုံး၀မရှိကြောင်း ဒေသခံများကပြောကြားသည်။

#စစ်ဘေးရှောင်#စားဝတ်နေရေး#စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.