နိရဥ္စရာ၊ဖေဖော်ဝါရီ ၁၇/၂၀၂၃
၇ခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ခူးတိုက်နယ်တွင် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA) အဖွဲ့မှာ တရားမဝင်အဖွဲ့အစည်းဟုဆိုကာမပတ်သက်ရန်စစ်ကောင်စီတပ်သားများက တစ်ရွာဝင်တစ်ရွာထွက် လှည့်လည်ကာ ကျေးရွာသားများကို သတိပေးပြောဆိုမှုများရှိနေကြောင်း ဒေသခံများက ပြောကြားသည်။
အမည်မဖော်လိုသူရွာသားတစ်ဦးက "ULA/AA အဖွဲ့နဲ့မပတ်သက်ဖို့၊ ULA/AA ကအမျိုးသား ရန်ပုံငွေကောက်လို့ရှိ
ဖေဖော်ဝါရီ၁၆ ရက် နံနက် ၉ နာရီခန့်က တောင်ကုတ်မြို့နယ်၊ ခူးတိုက်နယ်၊ ချောင်းသုံးခွရွာ ဘုန်းတော်ကြီး
“ သူတို့ကလူထုတွေကို လိုက်လံစည်းရုံးနေတယ်။ မနေ့က သက္ကယ်ပြင်ရွာ ဘုန်းတော်ကြီး
နံနက် ၁၁နာရီခန့်မှာ အဆိုပါ စစ်သားများထဲမှ ၁၀ ကျော်ကားသည် ကားနှင့် တောင်ကုတ်ဘက်သို့ထွက်သွားပြီး ကျန်တစ်ဆယ်ကျော်မှာ ဘုန်းကြီးကျောင်းတွင် တပ်စွဲလျှက်ရှိကြောင်းသိ၇သည်။
ယင်းအပြင် စစ်ကောင်စီတပ်သားများသည် တောင်ကုတ်မြို့နယ်အတွင်းမှ တခြားကျေးရွာတစ်ချို့ရှိဘုန်းကြီးကျောင်း နှင့် စာသင်ကျောင်းများတွင် ဝင်ရောက်နေရာယူတပ်စွဲမှုများရှိ
တောင်ကုတ်မြို့နယ်မှ ကုလရောင်ကျေးရွာ၊ခရိုင်ကျေးရွာ၊ ချောင်းသုံးခွ၊ ပန်းထော် ကျေးရွာတို့တွင်လည်းစစ်ကောင်စီ တပ်သားများ လာရောက်စခန်းချကာ စစ်ကြောင်းလှည့်လည်မှုများ ရှိနေသည်ဟု ဒေသခံများက ပြောသည်။
ခရိုင်ရွာတွင်လည်းစစ်ကောင်စီတပ်သားများရောက်ရှိခဲ့
"အရင်တုန်းကလိုတော့ အားနဲ့မာန်နဲ့မေးမြန်းပြောဆိုတာမရှိဘူး။ ဒီအတိုင်း နယ်မြေအခြေအနေကို ကြည့်ရှုပုံ ရပါတယ်။ဒီကာလမှာ ရသလောက်ပြန်စည်းရုံးချင်တဲ့သဘော
ယခုကဲ့သို့ အပစ်အခတ်ရပ်ထားသည့်ကာလအတွင်း စစ်ကောင်စီက ၇ခိုင်ပြည်နယ် မြောက်ဘက်ပိုင်းကို မထိုးဖောက်နိုင်တော့သည့်အတွက်ULA/AA အုပ်ချုပ်ရေးအာဏာအားနည်းနေသေးသည့် ၇ခိုင်ပြည်နယ်၊ တောင်ကုတ်၊ သံတွဲ နှင့်မာန်အောင်မြို့နယ်များကို နယ်မြေပြည်လည်ရယူချင်သည့်အနေနှ
" အခုလိုကာလမှာသူတို့အနေနဲ့က ရမလားပေါ့။ ပြန်စည်းရုံးတယ်။ နယ်မြေအခြေအနေကို လေ့လာတယ်။ ဒါပေမယ့် လူတွေကအကုန်အကြောင်းသိနေကြတာဘဲ။ သူတို့ဘာပြောပြောအရာထင်မယ်လို့မထင်ပါဘူး။ သတိတော့ ထား၇မှာပေါ့။ အရင်တကျော့ပြန်တိုက်ပွဲမတိုင်
စစ်ကောင်စီသည်ရက္ခိုင့်တပ်တော်(AA)တို့အလွတ်သဘောအပစ်ရပ်ထားချိန်တွင် နှစ်ဖက် ယုံကြည်မှုကို ခိုင်မာအောင်တည်ဆောက်ရမည့်အစား လက်နက်ခဲယမ်းကျောက်နှင့်ရိက္ခာများဖြည့်တင်းခြင်း၊ အေအေကို ပြည်သူများ မထောက်ခံကြရန် ပြောဆိုစည်းရုံးမှုများကိုပြုလုပ်နေသောကြောင့် ရရှိနေသောငြိမ်းချမ်းရေး ထိခိုက်မည်ကို အများပြည်သူများစိုးရိမ်မှုများရှိနေသည်ဟုဒေသခံများက ပြောဆိုသည်။ (NN-7)