နိရဥ္စရာ၊ဖေဖော်ဝါရီ ၁၇ /၂၀၂၃
ရခိုင်ပြည်နယ်၊ဘူးသီတောင်မြို့နယ်၊ လက်ဝဲဒက်ပြင်ရှည်ကျေးရွာအုပ်စု၊ ကျောက်လှပြင်ကျေးရွာတွင် ယနေ့လယ် ၁ နာရီကျော်အချိန်က မီးလောင်မှုဖြစ်ပွားပြီးနေအိမ် ၂ လုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်းသတင်းရရှိသည်။
မီးလောင်မှုဖြစ်ပွားခဲ့ပြီးပျက်စီးဆုံးရှုံးသွားသည့် နေအိမ်နှစ်လုံးမှာ ကျောက်လှပြင်ကျေးရွာမှဓနိမိုး ဝါးထရံကာ၊ နေအိမ်နှစ်လုံးဖြစ်ကြောင်းပြည်နယ်မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားသည်။
အဆိုပါမီးလောင်မှုနှင့်ပတ်သက်ပြီးဘူးသီးတောင်မြို့မီးသတ်ဦးစီးမှူးကို ဆက်သွယ်မေးမြန်းရာ"နေအိမ်ပိုင်ရှင် ဘယ်သူလဲဆိုတာတော့ ကျနော်တို့လည်းပြောခွင့်မရှိပါဘူး။ မီးလောင်ပျက်စီး သွားတာကတော့နေအိမ်နှစ်လုံးပါ" ဟု နိရဥ္စရာသို့ ပြောသည်။
ယင်းသို့မီးလောင်မှုဖြစ်ပွားရခြင်းမှာ နေအိမ်တွင်လူမရှိသည့်အချိန် ထင်းမီးဖိုဖြင့်ရေနွေးအိုးတည်ထားခဲ့ရာမှ အနီးရှိဝါးထရံသို့ မီးကူးစက်လောင်ကျွမ်းခြင်းဖြစ်ကြောင်း ပြည်နယ်မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားသည်။
မီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန် ထိခိုက် သေဆုံးမှု မရှိသော်လည်းလက်ရှိတွင်မီးလောင်ပျက်စီးခဲ့သည့် နေအိမ်ပိုင်ရှင်မီးဘေးဒုက္ခသည်မိသားစုများမှာ နီးစပ်ရာဆွေမျိုးများ နေအိမ်တွင် ယာယီနေထိုင်နေကြ ရကြောင်းသိ၇သည်။
လက်ရှိအချိန်သည် ဆောင်းရာသီကုန်လွန်၍ နွေရာသီ သို့ကူးပြောင်းရောက်ရှိတော့မည်ဖြစ်၍ ပြည်သူများအနေဖြင့် မီးဘေးအနရာယ်ကို အထူးဂရုပြုရန်လိုအပ်လာပြီဖြစ်သည်။ (NN-23)