Preview

စစ်တွေမြို့တွင် ဘေးတွဲဆိုင်ကယ်မောင်းနှင်မှု လမ်းမတချို့တွင် ကန့်သတ်ပိတ်ပင်

ဖေဖော်ဝါရီ ၁၈/ ၂၀၂၃ | ကြည့်ရှုသူ :1375
ရခိုင် သတင်း

နိရဉ္စရာ၊ ဖေဖော်ဝါရီ၁၇/ ၂၀၂၃

၇ခိုင်ပြည်နယ်၏စစ်တွေမြို့  လမ်းမ တချို့တွင် ဘေးတွဲဆိုင်ကယ်များမောင်းနှင်မှုကို ကန့်သတ်လိုက်သည်ဟုဘေးတွဲဆိုင်ကယ်မောင်းနှင်သူများကပြောဆိုသည်။

 

စစ်တွေမြို့ရှိ အဓိက လမ်းမကြီးများဖြစ်ကြသည့် မေယုလမ်း၊ လမ်းမကြီး၊ မင်းဘာကြီးလမ်းနှင့် နာဇီရွာလမ်းတို့တွင် ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှ စ၍ စစ်သား၊ရဲသား၊ ယာဉ်ထိန်းရဲများ ပူးပေါင်းပြီး ဘေးတွဲဆိုင်ကယ်များအားဖမ်းဆီးနေကြောင်း ၎င်းတို့ကပြောသည်။

 

ဘေးတွဲဆိုင်ကယ် မောင်းသူတစ်ဦးက ဖမ်းနေတာတော့ ဒီလ ၁၆ ရက်နေ့က စဖမ်းနေပါတယ်။ ပလုတ်တောင် မေယုလမ်းမပေါ်၊ စစ်တွေပြည်သူ့ဆေးရုံနားမှာလည်းဖမ်းပါတယ်။ ဘေးတွဲတွေက မသွားရတော့။ နာဇီရွာ၊ မီးသတ်ခွဆုံတွေရောဖြတ်သွားခွင့်မရှိဘူး။ ဖြတ်ရင်ဖမ်းမယ်လို့ ပြောထားပါတယ်။အရင်နေ့တွေက သွားလို့ရပါတယ်။ မသွားရတဲ့ နေရာတွေကို သွားရင် အဖမ်းခံရမှာတော့ကြောက်တာပေါ့။ အဖမ်းခံရတဲ့ သူတွေဆိုရင် ဒဏ်ငွေ ကျပ် ၃၀၀၀၀ (သုံးသောင်း) လောက် ပေးဆောင်ရင်တော့ ပြန်လွှတ်ပေးလိုက်ပါတယ်ဟုပြောသည်။

ယခုကဲ့သို့ ကန့်သတ်မှုများကြောင့် ေးတွဲဆိုင်ကယ်မောင်းနှင်သူများအနေဖြင့်  အခက်အခဲများကြုံနေကြ၇သည်ဟု နောက်ထပ် ဘေးတွဲဆိုင်ကယ်သမား တစ်ဦးက နိရဉ္စရာကိုပြောသည်။

ဆေးရုံနားတွေမှာဖမ်းနေပါတယ်။ နာရီစင်အလွန် တရားရုံးနားတွေမှာ ဖမ်းပါတယ်။ ဘာကြောင့်ဖမ်းလည်းကျွန်တော်တို့လည်း မသိပါဘူး။ မနေ့ကနေ လမ်းမကြီး၊ မင်းဘာကြီး၊မေယုလမ်းတွေ မသွား၇ဘူးလို့ သတ်မှတ်ထားပါတယ်။ ဈေးကြီးကို သွားမယ်ဆိုရင် လမ်းကြားတွေကတော့ဝင်သွားလို့၇ပါတယ်။ သူတို့ ကန့်သတ်ထားတဲ့ နေရာကသွားတာတွေ့ရင်တော့ ဖမ်းမယ်လို့ပြောထားပါတယ်။ ဒီလိုကြာလာရင်တော့ အခက်အခဲတွေရှိနိုင်တာပေါ့။အမြဲတမ်းသွားတဲ့ လမ်းကသွားနေရရင် အဆင်ပြေတယ်။ လမ်းကြားတွေကသွားရရင် ခရီးသည်တွေလည်း သိပ်အဆင်မပြေဘူးပေါ့။ ခေတ်မှာက ဒီလိုဖြစ်နေတာဆိုတော့ကျွန်တော့်တို့မှာ ဘာမှပြောပိုင်ခွင့်မရှိပါဘူးဟုပြောသည်။

စစ်တွေမြို့ရှိလက်လုပ်လက်စားအများစုမှ ဘေးတွဲဆိုင်ကယ်ကို အဓိကထားမောင်းနှင်ပြေးဆွဲနေသူများဖြစ်ကြပြီး အဆိုပါလုပ်ငန်းဖြင့်မိသားစု စားဝတ်နေရေးကို ဖြေရှင်းနေကြ၇သည်ဟု ဆိုသည်။

 

အမည်မဖော်လိုသည့် နောက်ထပ် ဘေးတွဲဆိုင်ကယ်မောင်းနှင်သူ တစ်ဦးက  မနေ့ကတော့ သတိပေးထားပါတယ်။ လမ်းမကြီး၊မင်းဘာကြီးလမ်း တွေကတော့ မမောင်းရဘူး။ ဘာကြောင့် မမောင်း၇လဲတော့မပြောပါဘူး။ လမ်းကြားကတော့ သွားလို့ရပါတယ်။ ဘေးတွဲတွေကိုလိုင်စင်ထုတ်ပေးတာမျိုးလည်းမရှိပါဘူး။  မိသားစု စားဝတ်နေရေးအတွက်ကတော့ အခုကဖြစ်သလိုစားနေ၇တာပေါ့။ ဒီလိုလက်လုပ်လက်စားအများစုလုပ်ကိုင်စားသောက်နေတဲ့ ဘေးတွဲဆိုင်ကယ်တွေကို မမောင်းရဘူးလို့ တားမြစ်ရင် နောက်ထပ်ဘယ်လိုအလုပ်တွေနဲ့ အစားထိုးမယ်ဆိုတာ တာဝန်ရှိသူတွေက စဉ်းစားသင့်ပါတယ်။ ဒီအလုပ်တစ်ခုတည်းကိုလုပ်တတ်တဲ့ လူတွေ အလုပ်လက်မဲ့ဖြစ်သွားရင် ဒုစရိုက်လုပ်ငန်းတွေ ပိုပေါလာမယ်။ အခုတော့သိပ်အခြေအနေ မဆိုးပေမယ့် ောက်ပိုင်းတော့ဘယ်လိုနေမလဲမသိပါဘူးဟုပြောသည်။

ယခုကိစ္စနဲ့ပတ်သတ်ပြီးစစ်တွေမြို့ယာဉ်ထိန်းမော်တော်ပီကယ်ရုံးကိုဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပါ။

ထိုကဲ့သို့ဘေးတွဲဆိုင်ကယ်မောင်းနှင်သူများအား ယခုလို ကန့်သတ်ချက်ကို ပြီးခဲ့သည့် ၂၀၂၂ခုနှစ် ဒီဇင်ဘာလက တစ်ကြိမ် သတိပေးကန့်သတ်ထားခဲ့ခြင်းမျိုးရှိခဲ့ပြီး၊ယခု ဒုတိယကြိမ်ကန့်သတ် ပိတ်ပင်လားခြင်းမျိုးဖြစ်သည်သိ၇သည်။ (NN-13)

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.